အာဆင်နယ်ပညာသင်ဆုရခဲ့တဲ့ လူငယ်လေး
အရည်အသွေးမြင့်လူငယ်ဂိုးသမားလေးဖြစ်တဲ့ အလက်ဆီ ရီုဂျာစ် ဟာ လာမယ့်ရာသီအတွက် အာဆင်နယ်အသင်းကပေးအပ်တဲ့ ပညာဆင်ဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါဂိုးသမားလေးဟာ U16 အဆင့်မှာအစွမ်းပြခဲ့ပြီး ၊ အသင်းကြီးနဲ့လည်းလေ့ကျင့်ခွင့်ရရှိထားသူဖြစ်ကာ U18 အသင်းရဲ့ အရံခုံမှာလည်းမြင်တွေ့နေရပြီဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံကို ကိုယ်စားပြုထားတဲ့ လူငယ်လေးကို ရုရှားအသင်းကလဲ လိုချင်နေတယ်လို့သိရပါတယ်။
၂ လဆက်တိုက် အကောင်းဆုံးဆုရတဲ့မာတင်နယ်လီ
ဇန်နဝါရီလအတွက် အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို မာတင်နယ်လီက ရရှိခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ ဘရာဇီးသားလေးဟာ ဒီဆုကို ၂ လဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး အခုလမှာ အိုဒီဂတ်က ဒုတိယ ၊ ဘန်ဝှို်က်က တတိယ အသီးသီးရရှိခဲ့ပါတယ်။ တိုက်စစ်မှုးအခက်အခဲဖြစ်နေတဲ့ အာဆင်နယ်အသင်းအတွက်လည်း မာတင်နယ်လီအပေါ်မျှော်လင့်ချက်ကြီးကြီးထားနေကြပါတယ်။
အာဆင်နယ်တို့ တိုက်စစ်မှုးရဖို့ ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို ဖွင့်ဟလာတဲ့ ရိုမာနို
အာဆင်နယ်အသင်းဟာ မိုရာတာ သို့မဟုတ် မယ်လို တစ်ဦးဦးနဲ့ အူဘာမီယန်ကို အလဲအထပ်လုပ်ဖို့ ကြိုးစားခဲ့ကြောင်း ဖေဘရီဇီယို ရိုမာနိုက ပြောဆိုလာပါတယ်။ သို့သော် ဂျုဗင်တပ်စ်ကလည်း ဗလာဟိုဗစ်ကို ခေါ်ယူဖို့စီစဥ်ထားပြီးဖြစ်သလို ၊ အက်သလက်တီကိုကလည်း မိုရာတာကို အငှားထပ်မချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အစီအစဥ်တွေဖြစ်မလာခဲ့ရကြောင်း သိရပါတယ်။
လာကာဇက်အသင်းမှာဆက်ရှိနေမလား
အသင်းရဲ့တိုက်စစ်မှုးလာကာဇက်က စမစ်ရိုးကို ချီးကျူးလိုက်တဲ့စကားကြောင့် ပရီတ်သတ်တွေဟာ ပြင်သစ်တိုက်စစ်မှုးနဲ့ အာဆင်နယ်အကြားအနာဂတ်တစ်ခုရှိနိုင်သေးတယ်လို့ခန့်မှန်းနေကြပါတယ်။ စမစ်ရီုးကို အာဆင်နယ်ရဲ့ အနာဂတ်လို့ ချီးမွမ်းခဲ့တာဖြစ်ပြီး ၊ အာဆင်နယ်တရားဝင်စာမျက်နှာများမှတဆင့်လဲ ထိုစကားကိုပြန်လည်ဖော်ပြပေးခဲ့ကြပါတယ်။ လာကာဇက်ကို လိုင်ယွန်အသင်းကလည်း သူတို့ကြိုးစားနေကြောင်းထုတ်ပြောထားပါတယ်။
အရည်အသွေးကောင်းတွေရှိနေပေမယ့် အာဆင်နယ်အသင်း သံသရာလည်နေဦးမယ်လို့ လောရိုးသုံးသပ်
ဝါရင့်ဘောလုံးသုံးသပ်သူ မာ့ခ်လော်ရင်ဆန် (လော်ရိုး) က အာဆင်နယ်အသင်းရဲ့ ထိပ်ဆုံး ၄ သင်းဝင်နိုင်ချေနဲ့ပတ်သတ်ပြီးအခုလိုပဲ ပြောဆိုသုံးသပ်သွားပါတယ်။
“ အာဆင်နယ်အသင်းမှာ မျှော်လင့်ချက်ရှိပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့မှာထူးထူးခြားခြားဘာမှမလုပ်နိုင်တဲ့နောက်တော့ သူတို့ဟာ သံသရာလည်နေဦးမှာပါပဲ။ သူတို့ပွဲအချို့နိုင်လိမ့်မယ်။ ၇ ပွဲ ၈ ပွဲလောက် ဆက်တိုက်ရလဒ်ကောင်းလိမ့်မယ်။ ပြီးရင်တော့ ဒလိမ့်ကောက်ကွေးဖြစ်နေပါလိမ့်မယ်။ သူတို့မှာစွမ်းရည်ကောင်းတွေရှိပါတယ် ဒါပေမယ့် ထိပ်ဆုံးလေးသင်းဆိုတာက ဒီလောက်နဲ့မရပါဘူး “ လို့သုံးသပ်သွားခဲ့ပါတယ်။ အာတီတာကတော့ သူတို့အသင်းအနေနဲ့လုပ်ပြဖို့ စွမ်းရည်တွေရှိတယ်လို့ဆိုထားပါတယ်။