ကျောနံပါတ် ၁၄ ဆက်ခံသူ အသစ်က ဘယ်သူလဲ

အူဘာမီယန်း အသင်းကနေ ထွက်ခွာပြီးနောက် အာဆင်နယ်ရဲ့ ဂန္တ၀င် ကျောနံပါတ် ၁၄ပိုင်ရှင် အသစ်ဟာ ဘယ်သူဖြစ်လာမလဲဆိုတာ ပရိသတ်တွေအတွက် စိတ်၀င်စားစရာ အကောင်းဆုံးမေးခွန်း တစ်ခုဖြစ်လာခဲ့ပါတယ်။ 

တစ်ချိန်က အာဆင်နယ်ရဲ့ ဂန္တ၀င် သီယာရီအွန်နရီ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ဟာ အသင်းရဲ့ ဂန္တ၀င် ကျောနံပါတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဝဲလ်ကော့၊ အူဘာမီယန်းတို့ဟာ ကျောနံပါတ် ၁၄ကို ဆက်ခံခဲတဲ့ ဂန်းနားသားဟောင်းတွေ ဖြစ်ပြီး လက်ရှိအချိန်မှာတော့  အသင်းရဲ့ ဂန္တ၀င်ကျောနံပါတ်ကို ပိုင်ဆိုင်ရမယ့် ကစားသမအဖြစ် နာမည်ကြီးနေတာကတော့ ပရိသတ်တွေရဲ့အချစ်တော် တစ်ဖြစ်လဲ ဇန်နဝါရီလအတွက် အသင်းရဲ့အကောင်းဆုံးကစားသမားဆုရ မာတင်နယ်လီပဲဖြစ်ပါတယ်။ 

ဘရာဇီးလ်သားလေးဟာ သူ့ရဲ့ အသင်းအပေါ် ချစ်မြတ်နိုးပုံ၊ပေးဆပ်ကစားတတ်ပုံတွေကြောင့် ပရ်သတ်တွေရဲ့ အချစ်ကို သိမ်းကြုံးရယူထားသူဖြစ်ပြီး လက်ရှိအချိန်မှာလည်း အသင်းရဲ့ အထောင်တိုက်စစ်မှူးဖြစ်လာမယ့် သူလို့ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ 

Advertisements

လက်ရှိအချိန်မှာ ကျောနံပါတ် ၃၅ ပိုင်ရှင် မာတင်နယ်လီက အူဘာမီယန်းဟာ သူရဲ့ စံပြ ကစားသမားတစ်ဦးဖြစ်တယ်လို့ ၀န်ခံပြောဆိုဖူးသူဖြစ်ပါတယ်။ သူကစားတဲ့ အထောင်‌တိုက်စစ်မှူးနေရာ အကောင်းဆုံးကစားနိုင်သူလို့‌ အူဘာမီယန်းကို ချီးကျူးခဲ့ဖူးတဲ့ မာတင်နယ်လီရဲ့ ခြေစွမ်းတိုးတက်မှုအပေါ် အသင်းရဲ့မန်နေဂျာ အာတီတာက ထပ်လောင်း ချီးကျူးပြောဆိုခဲ့တာကြောင့်  မာတင်နယ်လီဟာ အူဘာမီယန်းရဲ့ကျောနံပါတ်နဲ့ အခန်းက‌ဏ္ဍတွေကို ဆက်ခံသူ ဖြစ်လာမယ်လို့ အင်္ဂလန်မီဒီယာတွေက အကျယ်တဝင့် ရေးသားပြောဆိုလာကြပါတယ်။ 

‌နားရက်တွေမှာ ဒူဘိုင်းသို့ လေ့ကျင့်ရေးခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိမှာ လန်ဒန်ကို ပြန်လည် ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ချိန်တုန်းက အာဆင်နယ်ကနေ အိုဇေးလ်ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ ကျောနံပါတ် ၁‌၀ကို လူငယ်ကြယ်ပွင့် စမစ်ရိုးကို ဆက်ခံစေသလိုမျိူး အော်ဘာမီယန်းရဲ့ ကျောနံပါတ်ကို  မာတင်နယ်လီကို ဆက်ခံစေမလားဆိုတာကိုတော့ အာတီတာအနေနဲ့ မကြာမီဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။ 

မာတင်နယ်လီရဲ့ခြေစွမ်းအပေါ် ချီးကျုးပြောဆိုခဲ့တဲ့ ပြိုင်ဘက်အသင်းတွေထဲမှာ လီဗာပူးလ်မန်နေဂျာ ဂျာဂင်ကလော့ပ်က အထင်ရှားဆုံးဖြစ်ပြီး အာဆင်နယ်နဲ့ အန်ဖီးလ်မှာ သရေကျခဲ့တဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲအပြီးမှာ မာတင်နယ်လီကို တကယ့်ကိုအံ့ဩဖို့ကောင်းတဲ့ ကစားသမားလို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ဘရာဇီးလ်သားလေးဟာ ပရိသတ်နဲ့အသင်းရဲ့ ကြီးမားသော မျှော်လင့်ချက်များစွာကြောင့် ဖိအားဒဏ်တွေ မခံစားရပဲ အွန်နရီ၊အော်ဘာမီယန်းတို့ရဲ့ ခြေရာကို ဆက်ခံနိုင်သူဖြစ်လာဖို့ပဲ ဆုတောင်းရမှာ ဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: