အာဆင်နယ်ဟာ ကျွန်တော့်အတွက် အိမ်ပါ –  ဂျက်ဝီရှိင်းယား

“ကျွန်တော် ဒီမှာ နောက်ဆုံးတစ်ခေါက်ရှိခဲ့တုန်းက ကစားသမားဟောင်းတစ်ယောက်ပြောတာ မှတ်မိပါသေးတယ် .. သူ့ရဲ့ နာမည်ကိုတော့ ထုတ်မပြောတော့ပါဘူး ၊မပြောသင့်ဘူးလို့ ထင်လို့ပါ။ သူက ကျွန်‌တော့်ကို မင်း ဒီကနေ ထွက်သွားပြီးမှ  အာဆင်နယ်ဟာ ဘယ်လိုကောင်းတယ်၊ ဘယ်လိုမိသားစုတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အသင်းကနေ ထွက်သွားပြီးတဲ့နောက် တကယ်ပဲဒါကို နားလည်ခဲ့ရပါတယ်” 

ဒီစကားလုံး‌တွေက အာဆင်နယ်အသင်းရဲ့ Website မှာတင်ထားတဲ့ ဘေဘီဂျက်လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ဝီရှိုင်းယားရဲ့ အင်တာဗျူးက ဖြစ်ပါတယ်။ 

ဝီရှိင်းယားဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ကို ရှေ့ဆက်နိုင်ဖို့ အခက်အခဲတွေ ကြုံနေရသူဖြစ်ပါတယ်။ အာဆင်နယ်က ဝီရှိင်းယားကို ကူညီတဲ့အနေနဲ့ အသင်းမှာ စီနီယာအသင်း၊ အကယ်ဒမီအသင်း၊ နည်းပြတွေနဲ့အတူ  လေ့ကျင့်ရေးဆင်းခွင့်ပေးခဲ့ပြီး ဒါဟာ သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်ပြီး အာဆင်နယ်ဟာ သူ့ရဲ့ကမ္ဘာကြီးပါပဲလို့ ၀န်ခံခဲ့ပါတယ်။ 

ဂျက်ရဲ့  ပြောစကား အပြည့်အစုံကတော့ 

“ဒါဟာ တကယ်ကို ပြီးပြည့်စုံပြီး အခုချိန်မှာ ကျွန်တော်လိုအပ်နေတဲ့ အရာပါပဲ(အသင်းနဲ့အတူလေ့ကျင့်ရေးဆင်းခွင့်ရတာကိုဆိုလိုတာဖြစ်ပါတယ်)။ ကျွန်တော့်ဘာသာ တစ်ယောက်တည်းလေ့ကျင့်ခန်း ဆင်းနေရတာကို လူတိုင်းသိပါတယ်” 

Advertisements

တစ်‌ယောက်တည်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့တာပါ။ဒါပေမယ့် ကွင်းအပေါ်ပြေးလိုက်၊အောက်ပြေးလိုက်ပဲ လုပ်နေရရင်တော့ ကြံခိုင်မှု အပြည့်အ၀ရနိုင်မှာ မဟုတ်ပါဘူး။” 

တစ်ခါတစ်လေ ကစားသမားကောင်းတွေနဲ့အတူ ရှိနေဖို့ လိုအပ်တဲ့ အချိန်တွေရှိပါတယ်။ သူတို့က ကစားသမားကောင်းတွေ ဖြစ်တာကြောင့် သူတို့ဆီကနေ အများကြီး ရနိုင်ပါတယ်။ကျွန်တော်ပိုပြီး လျင်လျင်မြန်မြန် လေ့ကျင့်နိုင်အောင် အချိန်အချို့တော့ ယူခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ ခံစားလို့ တကယ်ကောင်းနေပါတယ်။ခင်ဗျား‌ပြောသလိုကစားပွဲအချို့ ကျွန်တော်လိုအပ်နေသေးတာ ဖြစ်နိုင်ပါတယ်၊ ဒါ‌ပေမယ့် ကြံခိုင်မှုနဲ့ ထက်မြက်မှုအရကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ ကစားဖို့ အသင့်ဖြစ်နေပါပြီ” 

အခက်ခဲဆုံးအချိန်မှာ အာဆင်နယ်အသင်းရဲ့ကြိုဆိုမှုကို အခုလိုပဲမှတ်ချက်ချခဲ့ပါတယ်။

ဒါပေမယ့်လည်း မိသားစုကတော့ မိသားစုပါပဲ။သူတို့က ကျွန်တော်လဲကျနေချိန်မှာ ၊လဲကျနေချိန်မှာ အကောင်းဆုံးပြန်လာနိုင်ဖို့၊လေ့ကျင့်နိုင်ဖို့၊ယုံကြည်မှုတွေ တည်ဆောက်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ်။ဒီအတွက် ကျွန်တော်အမြဲ ၀မ်းမြောက်ဂုဏ်ယူနေမှာပါ

ဂျက်ရဲ့ ကစားသမားဘဝကလဲ နှမြောစရာအပြည့်နဲ့ပါ။ အာဆင်နယ်အသင်းအတွက် ၁၀ ​ရာသိတိုင်အောင် ကစားပေးခွင့်ရခဲ့ပေမယ့် မကြာခနဒဏ်ရာတွေရနေတာကြောင့်  ၁၉၇ ပွဲသာ မှတ်တမ်းရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့အသင်းသစ်ရှာနေတဲ့သူ့ကို  အမ်းမရိတ်မှာ ပြန်မြင်ချင်နေတဲ့ ပရိတ်သတ်တွေများစွာရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: