ဒူဘိုင်းရောက် အာတီတာပြောတဲ့ အာဆင်နယ်အကြောင်း 

အာဆင်နယ်ဟာ ‌ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းပြီး လက်ကျန်ပွဲစဉ်တွေအတွက် ပြင်ဆင်နေကြတယ်ဆိုတာ ပရိသတ်တွေ အသိပါပဲ။ အသင်းအနေနဲ့ ဘာတွေ ပြင်ဆင်နေသလဲ၊ အာတီတာရဲ့ရည်မှန်းချက်တွေကရော ဘာတွေလဲဆိုတာကိုတော့ အာဆင်နယ်ရဲ့ Official Webiste မှာတင်ထားတဲ့ အာတီတာရဲ့အင်တာဗျူးကို ထုတ်နှုတ်ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ 

“ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့လူစာရင်းက အသက်အငယ်ဆုံးဖြစ်ပြီး ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ဒါဟာ ကျွန်တော်တို့ အသင်းကိုပြန်လည် တည်ဆောက်ဖို့အတွက်အစီအစဉ် ဆွဲထားတဲ့အတိုင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ အစီအစဉ်ပေါ်လည်း အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။” 

“စိတ်အားထက်သန်မှု၊ဝါသနာအရင်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူစာရင်းတစ်ခုဆိုပေမယ့် လိုအပ်တဲ့ အရည်အသွေးတွေနဲ့အတွေ့အကြုံတွေ အများကြီးလိုသေးလို့တော့ ကျွန်တော်ထင်ပါတယ်။” 

“ဒါကြောင့် ပိုပြီး တိုးတက်လာဖို့ ကျွန်တော်တို့ ကြိုးစားနေပြီး ရာသီကုန်မှာ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း သိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြင့်မားပေမယ့် ဖြစ်နိုင်ပါတယ်။ လာမယ့်ရာသီ၀က်မှာ ကျွန်တော်တို့ ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားဖို့လိုပါတယ်” 

Advertisements

“ကျွန်တော်အနေနဲ့တော့ အရမ်းကို ယုံကြည်မှု ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားတွေ ဘယ်လောက်တောင်(ချန်ပီယံလိဂ်၀င်ခွင့်ရဖို့)လိုချင်နေလဲဆိုတာ ကောင်းကောင်းသိလို့ပါ။ကျွန်‌တော်တို့အနေနဲ့ ပိုပြီးတိုးတက်လာအောင် လုပ်ရမယ့်အရာတွေတော့ အများကြီး ရှိပါသေးတယ်” 

“ကျွန်တော်တို့မှာ ရှိတဲ့ လူစာရင်းရဲ့အတွေ့အကြုံနုနယ်မှုတွေကြောင့် အမှတ်ဆုံးရှုံးခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ရဲ့စိတ်အားထက်သန်မှု၊ ဝါသနာအရင်းခံမှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကြိမ်ကြိမ် အနိုင်ရခဲ့ပါတယ်” 

“ဒါကြောင့် သူတို့ကို ဟန်ချက်ညီညီထိန်းသိမ်းနိုင်အောင်ကူညီပေးပြီး ယုံကြည်မှုတွေပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ကူညီပေးနေတယ်၊ သူတို့ရဲ့နောက်မှာရှိတယ်ဆိုတာ ကစားသမားတွေ ခံစားမိရင် အကြောက်တရားမရှိပဲ သူတို့ကစားနိုင်မှာပါ။” 

“ဒါဟာ သူတို့အတွက် ကျွန်တော်တို့လုပ်ရမယ့် အရာတွေပါပဲ။ ပရိသတ်တွေကလည်း အရမ်းကိုအရေးကြီးပါတယ်၊ ကစားသမားတွေဟာ သူတို့ရဲ့နောက်မှာ ပရိသတ်တွေ ရှိနေတယ်လို့ ခံစားရပါတယ်” 

Advertisements
Advertisement

Leave a Reply

%d bloggers like this: