အာတီတာကို ချီးကျူးတဲ့ ရေးပါလာ
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကြီး ရေးပါးလာက အာတီတာဟာ ဝင်းဂါးမှားခဲ့တဲ့ အမှားမျိုးကို သင်ခန်းစာယူပြီး ရှောင်လွဲနိုင်ခဲ့တယ်လို့ Talk Sport နဲ့အမေးအဖြေအစီအစဥ်မှာ ပြောကြားသွားခဲ့ပါတယ်။
“ အာဆင်ဝင်းဂါးက အငြင်းပွားရမှာတွေ ၊ အချေအတင်ပြောရမှာတွေကို မကြိုက်ဘူးဗျ .. အဲ့လိုအခြေအနေကိုရှောင်တယ်။ နောက်ဆုံးမှာ ကစားသမားတွေကပဲ လုပ်ချင်ရာတွေလုပ်ကြတော့တာပဲဗျာ .. အာတီတာကတော့ ဒီအဖြစ်ကို သင်ခန်းစာယူခဲ့တယ်လို့ ဆိုရပါမယ်။ သူက စည်းကမ်းအတိုင်းအတိအကျလုပ်သွားခဲ့တယ် “ ဆိုပြီး အူဘာမီယန်နဲ့ဖြစ်ရပ်ကို ရည်ညွန်းပြောဆိုသွားခဲ့ပါတယ်။
ဆာကာကို စီးတီးနဲ့ လီဗာပူးတို့ စိတ်ဝင်စားနေကြ
ESPN ရဲ့ဖော်ပြချက်အရ တောင်ပံကစားသမားလေး ဆာကာကို မန်စီးတီးနဲ့ လီဗာပူးတို့က စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး နွေရာသီမှာ ကြိုးပမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဆာကာဟာ ၂၀၂၀ ခုနှစ်တုန်းက FA ဖလားရရှိစဥ်မှာ အဓိက ကျတဲ့ကစားသမားဖြစ်ခဲ့သလို အသင်းအတွက် ၁၁၄ ပွဲထိကစားပေးထားခဲ့ပြီးသူလဲဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ချီးကျူးမှုကိုလဲ မကြာခနခံရသူဖြစ်ပါတယ်။
လာကာဇက်ကို ချိ်တ်ဆက်နေကြောင်း လိုင်ယွန်ဥက္ကဌ ဝန်ခံပြောကြား
လိုင်ယွန်အသင်းဥက္ကဌဖြစ်သူ အော်လာစ် က သူတို့အနေနဲ့ လာကာဇက်ကို အကြိုသဘောတူညီမှုရဖို့ကြိုးစားနေကြောင်း Metro ကို ပြောဆိုသွားခဲ့ပါတယ်။ “ လာကာဇက်ကို ဇွန်လမှာစာချုပ်ခေါ်ဆိုနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ သူနဲ့တောက်လျှောက်ဆက်သွယ်မှုတွေပြုလုပ်နေပါတယ် “ လို့ပြောဆိုသွားခဲ့တာပါ။ လာကာဇက်ဟာ အာဆင်နယ်သို့ မပြောင်းခင် လိုင်ယွန်အတွက် ပွဲပေါင်း ၂၇၅ ပွဲ ကစားပေးခဲ့ပြီး ၁၂၉ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ လာကာဇက်ဟာ ကစားသမားဘဝတစ်လျှောက် လိုင်ယွန်နဲ့ အာဆင်နယ် ၂ သင်းထဲမှာပဲကစားထားသူဖြစ်ပါတယ်။
အလွတ်နဲ့ခေါ်ဖို့ အာဆင်နယ်ကို ကမ်းလှမ်းတဲ့ကစားသမား
လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ လိုကိုမိုးတစ်ကစားသမားဟောင်း ဒီလူးဝစ် ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းထံကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ Team Talk ကဖော်ပြလာခဲ့ပါတယ်။ အဆိုပါ ကိတ်ဗာဒီကျွန်းစုနိုင်ငံသား အသက် ၃၁ နှစ်အရွယ်တောင်ပံကစားသမားဟာ ၂၀၂၀ ခုနှစ်တုန်းက စပါးအသင်းကို ပြောင်းလုနီးပါးဖြစ်ခဲ့ပေမယ့် သဘောတူညီမှုမရခဲ့သူဖြစ်ပါတယ်။ ဒီလူးဝစ်ဟာ ဂိုးသွင်းအားရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၁၀၀ သွင်းယူထားနိုင်သူဖြစ်ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ မြင်ရတဲ့ အိုဆီတူတူ
နော်တင်ဟမ်ဖောရက်စ်အသင်းကနေ အငှားနဲ့ပြန်လာတဲ့ ညာနောက်ခံလူ အိုဆီတူတူကို လေ့ကျင့်ရေးကွင်းမှာ မြင်ခဲ့ရကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။ ဒီဇန်နဝါရီမှာတင် အသင်းကိုပြန်ရောက်လာတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားလေးကို ဒဏ်ရာရ ကစားသမားများပြားနေတဲ့အသင်းအတွက် လျာထားတာဖြစ်နိုင်ကြောင်းလဲ သုံးသပ်နေကြပါတယ်။