နောက်ဆုံးရ အာဆင်နယ် သတင်းများ(4Feb)

ဆာလီဘာကို ဝက်စ်ဟမ်းကလဲ လိုချင်

ပြင်သစ်သတင်းစာ Jeunes Footeux ရဲ့ဖော်ပြလာချက်အရ  ဆာလီဘာကို  ဝက်စ်ဟမ်းအသင်းက သန်း ၃၀ ခန့်နဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အငှားသွားကစားရင်  မာဆေးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆာလီဘာကို အာဆင်နယ်အသင်းကလဲ လာမယ့်ရာသီအတွက် သူတို့ရဲ့ လူငယ် Squad မှာထည့်သွင်းလာမှာဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလဲရှိနေပါတယ်။  အီတလီနဲ့စပိန်ဖက်ကသတင်းများအရလဲ  ဆာလီဘာကို လိုချင်သူအလွန်များနေတယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ စီစဥ်တာတွေမဖြစ်လာခဲ့ကြောင်း ဝီလျှံပြန်ပြောပြ

ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့ပြီး ထင်သလိုအောင်မြင်မှုတွေမရခဲ့တဲ့အကြောင်းကို Four Four Two နဲ့တွေ့ဆုံရာမှာ ဝီလျှံကအခုလိုပဲ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

“ ကျွန်တော်တို့ စီစဥ်ခဲ့ကြတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ ကျွန်တော် မပျော်တော့ပါဘူး။  နေရာတစ်ခုမှာ မပျော်တော့ဘူးဆိုရင်  ဘယ်လောက်ကြိုးစားကြိုးစား အကြောင်းမထူးတော့ပါဘူး။  ပရိတ်သတ်တွေမျှော်လင့်ထားသမျှကို ခင်ဗျားဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အစီအစဥ်အကြီးကြီးတစ်ခုအတွက်ကြိုးစားခဲ့ပါတယ်။ အောင်မြင်မယ်လို့ ထင်ထားခဲ့ပေမယ့် ဖြစ်မလာတဲ့နောက် ကျွန်တော် အသင်းကနေ ထွက်လာခဲ့ပါတယ်”   ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

ပေပေကို နေရာပြောင်းကစားစေဖို့  ရိုက် အကြံပေး

အာဆင်နယ်ဂန္တဝင်ကြီး အီယန်ရိုက် က  သူ့ရဲ့  The Wrighty Show အစီအစဥ်ကနေတစ်ဆင့် ပေပေကို ပိုပြီလွတ်လပ်တဲ့  နေရာတစ်ခုမှာကစားစေပြီး  ၊ အသင်းအတွက်အကြိုးပြုနိုင်အောင်ကြံစည်ဖို့တိုက်တွန်းသွားခဲ့ပါတယ်။ သူက  “ ကျွန်တော်သူ့ဆီက တစ်ခုခုမြင်ချင်မိတယ်ဗျာ .. အာဖရိကဖလားပွဲမှာ သူကစားသွားတာကိုကြည့်လိုက်ပါ။ တကယ်ခက်ခဲမာကျောတဲ့နောက်ခံလူတွေကို ဖြတ်သန်းပြီး ပေပေဟာ ခြေစွမ်းပြသွားခဲ့တာပါ။ သူလုပ်ပြနိုင်ခဲ့တယ်။ ဘာကြောင့်ဒီလိုအစွမ်းအစတွေကို မရနိုင်ရမှာလဲဗျာ “ ဆိုပြီးပြောသွားခဲ့တာပါ။  ရိုက်က ကပေပေကို False 9 Role နဲ့  နေရာလွတ်များများရနိုင်တဲ့အနေအထားမျိုးမှာ ထားကစားဖို့တိုက်တွန်းသွားတာပါ။

Advertisements

အာဆင်နယ်အသင်းနွေရာသီမှာ ငွေသုံးကြမ်းမယ်လို့ Football London ဆု

Football London အပါအဝင်သတင်းဌာနကြီးများကတော့ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့စျေးကွက်မှာ လူမခေါ်ခဲ့ပေမယ့် ရည်မှန်းချက်ကြီးကြီးထားရှိနေဆဲဖြစ်ပြီး  ၊ လုပ်ဆောင်စရာရှိတာတွေကို နွေရာသီမှာဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ အာဆင်နယ်ရဲ အဝယ်စာရင်းမှာ ကဲဗက်လီဝင်နဲ့  အီဆက်ခ် တို့်ဆက်လက်ပါဝင်နေပြီး ကွင်းလယ်ကစားသမားတစ်ယောက်ကိုလဲ သေချာပေါက်ခေါ်ယူသွားမှာဖြစ်တယ်လို့ အဆိုပါသတင်းကဖော်ပြလာပါတယ်။

မာတင်နယ်လီသေချာပေါက်အောင်မြင်မယ်လို့  ဂျက်ဝီးရှိုင်းယား မှတ်ချက်ပေး

မာတင်နယ်လီနဲ့ပတ်သတ်ပြီး အသင်းနဲ့အတူလေ့ကျင့်ရေးလာဆင်းနေတဲ့ ဂျက်ဝီရှိုင်းယားက  အခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။

“ ကျွန်တော်ကတော့ မာတင်နယ်လီကိုလဲ သိပ်ကြိုက်ပြီး  သေချာပေါက်တိုးတက်အောင်မြင်လာမယ့် ကစားသမားဖြစ်တယ်လို့ ယုံကြည်ပါတယ်။  မန်နေဂျာရဲ့  သူ့ကိုတိုးတက်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့အရာတွေက သိပ်ကိုပြောင်မြောက်လှပါတယ်” လို့ဆိုခဲ့တာပါ။ ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာလဲ အံ့သြစရာအရည်အချင်းများနဲ့အတူ ထူးချွန်ပြောင်မြောက်သူဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: