နောက်ဆုံးရ အာဆင်နယ် သတင်းများ(3Feb)

လစာ ထက်ဝက်ကျော်လျှော့ယူခဲ့ရတဲ့ အူဘာမီယန်

အူဘာမီယန် ဟာ ဘာစီလိုနာအသင်းမှာကစားဖို့အတွက် လစာ ပမာဏများစွာကိုလျှော့ယူခဲ့တယ်လို့သိရပြီး The Independent ရဲ့ဖော်ပြချက်အရ တစ်ပတ်ကို ပေါင် ၁၀၀၀၀၀ ခန့်သာရရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ အာဆင်နယ်မှာရရှိနေတဲ့ပမာဏထက်  အနဲဆုံး ၆၀% လျှော့နဲခဲ့တာဖြစ်ပါတယ်။  အသက် ၃၂ နှစ်အရွယ်ရှိ အာဆင်နယ် ကပ္ပတိန်ဟောင်းဟာ  ရာသီကုန်အထ  နူးကမ့်မှာ ရှိနေမှာဖြစ်ပါတယ်။

အီဆက်ကို မဝယ်ဖို့  ဆုံးဖြတ်ခဲ့တယ်လို့ The Athletic ဖော်ပြ

The Athletic ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အီဆက်ကို ဝယ်ယူဖို့ အလေးအနက်ကြိုးပမ်းခဲ့ပေမယ့်  စာချုပ်ဖျက်သိမ်းကြေးအပြည့်ပေးချေဖို့အတွက်  မထိုက်တန်ဘူးလို့ ယူဆခဲ့တာကြောင့် မခေါ်ယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။  အာဆင်နယ်တို့အနေနနဲ့တိုက်စစ်မှုးလိုအပ်နေပေမယ့် အလောတကြီးဝယ်ယူဖို့အတွက်မစီစဥ်ခဲ့ဘူးလို့  အဆိုပါသတင်းကဖော်ပြထားပါတယ်။

အော်စတွန်ကို အသင်းကြီးများစွာက စိတ်ဝင်စားနေခဲ့တယ်လို့  တာဝန်ရှိသူထုတ်ပြော

အာဆင်နယ်အသင်းကခေါ်ယူခဲ့တဲ့  နောက်ခံလူ အော်စတွန်ကို လွန်ခဲ့တဲ့ ၁ နှစ်ခန့်ကတည်းက  ဥရောပအသင်းကြီးများစွာကစိတ်ဝင်စားခဲ့တာဖြစ်ကြောင်း  ရက်ပစ်ဒ်အသင်းတာဝန်ရှိသူက ထုတ်ပြောလာခဲ့ပါတယ်။  ရက်ပစ်ဒ်ရဲ့ အမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့  ပါဒရေစမစ်က “  သူ့ကိုမျက်စေ့ကျနေကြတဲ့ ဥရောပအသင်းတွေအများကြီးပါပဲ။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းကဆိုပါတော့ဗျာ။  သူ့ရဲ့အလားအလာတွေကို ဥရောပအဆင့်ကို ရောက်ဖို့အတွက် လုပ်ဆောင်ပေးခွင့်ရတဲ့အတွက်လည်းဝမ်းမြောက်မိပါတယ်  “  ဆိုပြီး ပြောဆိုသွားခဲ့တာပါ။

Advertisements

အန်ကတ်တီယာအတွက် တရားဝင်ကမ်းလှမ်းမှုများကို အာဆင်နယ်တို့ ပယ်ချခဲ့

အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန်ကတ်တီယာအတွက် နယူးကာဆယ်နဲ့ ပဲလေ့စ်အသင်းတို့ထံကနေ  တရားဝင်ကမ်းလှမ်းမှုများရရှိခဲ့ပေမယ့် အာဆင်နယ်အသင်းဖက်က ပယ်ချခဲ့တာဖြစ်ကြောင်း ဖေဘရီဇီယို ရိုမာနိုက ထုတ်ပြောလာခဲ့ပါတယ်။ အန်ကတ်တီယာ ဟာ ဒီနှစ်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် မကြာခင်မှာပဲ သူ့အတွက်ကမ်းလှမ်းမှုအသစ်တွေရရှိလာမှာဖြစ်တယ်လို့  ရိုမာနိုက သုံးသပ်ခဲ့ပါတယ်။

ဒေါ့မွန်ကထွက်ခဲ့ရတဲ့ဖြစ်ရပ်နဲ့ ယခုဖြစ်ရပ်ဟာ ထပ်တူကျကြောင်းအသင်းဖော်ဟောင်းပြောကြား

အူဘာမီယန်ရဲ့ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဟာ  ဒေါ့မွန်အသင်းနဲ့လမ်းခွဲစဥ်ကနဲ့  ထပ်တူနီးပါးကျခဲ့ကြောင်း အသင်းဖော်ဟောင်းဖြစ်တဲ့  ဂိုးသမား ရိုမန်ဘာကီက ထုတ်ပြောလာပါတယ်။ အူဘာဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ့မွန်အသင်းရဲ့  စုံညီပွဲတစ်ခုကိုလာရောက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ထိုစဥ်တုန်းကလဲ အသင်းဖက်က တာဝန်ရှိသူများနဲ့ ပြသနာတက်ခဲ့တာဖြစ်ပြီးနောက်ဆုံးမှာ အသင်းပြောင်းခဲ့တာဖြစ်ပါတယ်။ အသင်းဖော်ဟောင်းရဲ့အဆိုအရ  အူဘာမီယန်ရဲ့  ရူးနှမ်းနှမ်းအမူအကျင့်များကြောင့် ကစားသမားဘဝကိုထိခိုက်တာ အလွန်နှမြောစရာကောင်းကြောင်း   Sky Sport နဲ့တွေ့ဆုံတဲ့အစီအစဥ်မှာထုတ်ပြောသွားခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: