အူဘာမီယန်ဟာ အဝတ်လဲခန်းမှာ လူငယ်ကစားသမားလေးတွေကို လွှမ်းမိုးနိုင်သူတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဂန္တဝင်ကြီး မာဆင်က အူဘာမီယန်ရဲ့ ဂိုးတွေကိုမမြင်ရတာ ကြာခဲ့ပြီလို့ မှတ်ချက်ပြုပြီး အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“ အူဘာမီယန်ဟာ အဝတ်လဲခန်းမှာ လူငယ်ကစားသမားလေးတွေကို လွှမ်းမိုးနိုင်သူတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းပြအနေနဲ့လုပ်သင့်တာတစ်ခုလုပ်လိုက်တယ်လို့မြင်မိပါတယ်။ သူလဲ ဒီလိုကစားသမားကို ဖယ်ထုတ်ပစ်ဖို့လိုတယ်လို့ တွေးကောင်းတွေးမိမှာပေါ့။လူတွေကတော့ အသင်းက အင်အားနဲ့သွားပြီလို့ ပြောကြပါလိမ့်မယ်။ ဒါလဲမှန်ပါတယ်။ လာမယ့်ရာသီမှာတော့ သူတို့တွေ ကြယ်ပွင့်ကစားသမားတစ်ယောက်ကိုအားဖြည့်ရပါလိမ့်မယ် “

ပေါလ်မာဆင် (ဂန္တဝင်ကစားသမားဟောင်း)

Advertisement

Leave a Reply

%d bloggers like this: