ရောဘတ်ပီရက်စ်ပြောပြတဲ့ ဗီအဲရာနဲ့ရိုင်ကိန်းတို့ရဲ့ သမိုင်း၀င်ရန်ပွဲတရားခံ

၁၉၉၉ ခုနှစ်‌ နောက်ပိုင်းနဲ့၂၀၀၀ ပြည့်နှစ်ရဲ့ အစောပိုင်းကာလတွေမှာ အာဆင်နယ်အသင်းခေါင်းဆောင် ဗီအဲရာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းတို့နှစ်ယောက်ဟာ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံတိုင်း မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီကာလတွေမှာ အာဆင်၀င်းဂါးရဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အသင်းခေါင်းဆောင် နှစ်ယောက်ကြားမှာလည်း တင်းမာမှုတွေ ပိုပြီးဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ဂန္တ၀င်ကွင်းလယ်လူကြီးနှစ်ယောက်ရဲ့ အထင်ရှားဆုံးထိပ်တိုက်တွေ့ဆုံမှုကို ပရိသတ်အများစုမှတ်မိနေကြဦးမယ် ထင်ပါတယ်။၂၀၀၅ခုနစ် ဟိုက်ဘူရီကွင်းမှာ တွေ့ဆုံခဲ့စဉ်က ကစားပွဲမစမီ ကွင်းထဲကို၀င်ရောက် ဥမင်လှိုဏ်ခေါင်းထဲမှာ ရန်ပွဲဖြစ်ခဲ့တာ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်အော်ဟစ်ကာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဗီဒီယို မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ဘားကမ့်နဲ့ ပါစကယ်တို့က သူတို့ရဲ့ကပ္ပတိန်ကို ရန်ပွဲကနေ ဆွဲခေါ်ပြီး ဖျောင်းဖျနေချိန်မှာ ရွိုင်းကိန်းက နှစ်ဖက်ကစားသမားတွေထဲကြားကနေ တိုးထွက်လာပြီး ဗီအဲရာကို “အပြင်မှာ တွေ့ကြတာပေါ့” လို့ ပြောခဲ့တာကို တွေ့ရမှာပါ။ 

ဒီဗီဒီယိုကလစ်လေးဟာ ပရီးမီးယားလိဂ် သမိုင်းမှာလည်း အထင်ကရဖြစ်ခဲ့ပြီး ဗီအဲရာနဲ့ရွိုင်ကိန်းတို့ နှစ်ဦးကြားမှာရှိတဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို အထူးပေါ်လွင်စေခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်က ဘယ်ကနေစခဲ့တာလဲဆိုတာကို ရွိုင်ကိန်းပြန်လည်ပြောပြခဲ့တာတော့ ပီရက်စ်နဲ့ဖီးလ်နဗီးတို့နှစ်ယောက် တင်းမာမှု ဖြစ်ခဲ့တာကနေ စတယ်လို့ ဆိုပါတယ်။ 

Advertisements

အင်တာဗျူးလ်တစ်ခုမှာ ပီရက်စ်ကလည်း ဒီအဖြစ်အပျက်ဟာ သူကြောင့် စဖြစ်ခဲ့တာလို့ ကစားသမားဘ၀အမှတ်တရတွေကို ပြန်‌လည်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ 

ဒီလို ရုန်းရင်းဆန်ခတ်တွေ စဖြစ်ခဲ့တာ တကယ်တော့ ကျွန်တော့်ကြောင့်ဗျ။ နဗီးလ်က ဥမင်ထဲကို၀င်လာတော့ ကျွန်တော့်ကို  တွန်းတိုက်သွားတယ်၊ ကျွန်တော်ကလည်း ပြင်သစ်လို ပြန်ဆဲလိုက်တာပေါ့၊ အဲ့ဒီကနေ စလာပြီး ရုန်းရင်ဆန်ခတ်တွေ စဖြစ်‌တော့တာပဲ၊ ဗီအဲရာကရောက်လာပြီး နဗီးလ်ကို မင်းစကားသိပ်များတယ်လို့ ပြောလိုက်တယ်။ အဲ့ဒီ့အချိန်မှာ ရွိုင်ကိန်းကလည်း ရောက်လာပြီး ဗီအဲရာကို မင်းလည်း စကားများတယ်။ ကွင်းထဲမှာ တွေ့ကြမယ်လို့ ပြောတယ်။ ဒါက သူတို့နှစ်ယောက်ကြားက ကြီးကျယ်တဲ့ပြိုင်ဆိုင်မှုပါပဲ။ ဒါဟာ ကျွန်တော့်အတွက် အကြီးကျယ်အခမ်းနားဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါပဲ” 

ဒီလို အဖြစ်အပျက်တွေဟာ သူတို့နှစ်ယောက်ကို အမြဲသူစိမ်းဆန်စေခဲ့ပြီး နှစ်ဦးထိပ်တိုက်တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှုပိုမိုပြင်းထန်စေတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြား အားပြိုင်မှုတွေဟာ ဘောလုံးပရိသတ်တွေအတွက်တော့ ရင်ခုန်စရာဖြစ်ခဲ့ပြီး ဗီအဲရာနဲ့ရွိုင်ကိန်းတို့အကြောင်းကိုရိုက်ကူးထားတဲ့ “Best of Enemies” ဆိုတဲ့ Documentaryတစ်ခုတောင် ၂၀၁၃ မှာ ပြသခဲ့ပါတယ်။ (စိတ်၀င်စားရင် Youtube,Google မှာ ရှာကြည့်ပေါ့ဗျာ။) 

လက်ရှိမှာ ကစားသမားနှစ်ဦးစလုံးဟာ အနားယူသွားပြီဖြစ်ပြီး ဗီအဲရာက ခရစ္စတယ်ပဲလေ့စ် မန်နေဂျာအဖြစ် တာ၀န်ယူနေပါတယ်။ ရွိုင်ကိန်းကလည်း မန်နေဂျာအဖြစ် ဘောလုံးလောကထဲ ၀င်ရောက်ဖို့ ရှိနေတာကြောင့် တကယ်လို့ မန်နေဂျာဘ၀နဲ့ သူတို့နှစ်ယောက် တဖန် ထိပ်တိုက်တွေ့ဆုံတဲ့အခါလည်း ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းနေဦးမှာပါပဲ။

Advertisements

Leave a Reply

%d bloggers like this: