နောက်ဆုံးရ အာဆင်နယ် သတင်းများ(2Feb)

အူဘာမီယန်တစ်ယောက်နောက်ဆုံးကာလတွေမှာ ပုံပျက်နေခဲ့တယ်လို့ ဂန္တဝင်ဖွင့်ဟ

အသင်းရဲ့ ကစားသမားဟောင်း ပီတစ်က  အူဘာမီယန်ရဲ့အခြေအနေကို အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။ “ အာတီတာက သူလုပ်စရာရှိတာကို သူအသေအချာလုပ်သွားခဲ့တာပါပဲ။ ကျွန်တော့်အနေနဲ့ အူဘာမီယန်ကို မလေးမစားမပြောချင်ပါဘူး။ သူဟာ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာကို ကျွန်တော်ယုံပါတယ်။  ဒါပေမယ့် သူပြောင်းလဲသွားခဲ့တယ်ဗျ …​​ဒါဟာ ကလပ် ၊ မန်နေဂျာတို့နဲ့ဆိုင်မလားတော့မပြောခဲ့ပါဘူး။  သူ့ကိုယ်ပိုင်ဘဝကိုပဲ​ပိုပြီးအလေးပေးလာသလိုပါပဲ။  ကျွန်တော်တို့ဟာ  စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ အူဘာမီယန်ကိုတော့ ပြန်မရခဲ့ကြပါဘူး “  ဆိုပြီး တိုက်စစ်မှုးရဲ့ ကျဆင်းလာတဲ့အခြေအနေကို  သုံးသပ်ပြသွားခဲ့ပါတယ်။

ဗလာဟိုဗစ်ရဲ့ ကိစ္စဟာ မရိုးသားမှုများစွာပါဝင်တယ်လို့ ဖီအို ဥက္ကဌ  ဆို

ဖီအိုရင်တီးနားအသင်းရဲ့ ဥက္ကဌဖြစ်သူ  ကိုမစ်ဆိုက  ဗလာဟိုဗစ်ရဲ့ အပြောင်းအရွေ့ဟာ ရိုးသားမှုမရှိတဲ့အချက်တွေအပြည့်ပဲလို့  ပြောဆိုလာပါတယ်။ သူက  “ ဗလာဟိုဗစ်ကိစ္စက  မရိုးသားမှုတွေရော ၊ လိမ်ညာမှုတွေရော အပြည့်ပါပဲ။  ကျွန်တော်တို့တွေ  အဂ်လန်ကလပ်တွေနဲ့စကားပြောခဲ့တယ်။  ကမ်းလှမ်းမှုတွေရောက်လာတိုင်းမှာ  ကစားသမားရော  အေးဂျင့်ရောက  No ပဲပြောခဲ့ကြတယ်။  သူတို့ရဲ့ အစီအစဥ်တွေက   ပီအက်ဂျီနဲ့ ဘာပေကိစ္စလိုပါပဲ။  အလွတ်နဲ့ပြောင်းပြီးငွေဖော်ချင်နေကြတာပါ  ဆိုပြီး  ပွင့်ပွင်းလင်းလင်းဆိုလာခဲ့ပါတယ် “ လို့  Express UK က ဖော်ပြလာပါတယ်။

အာတီတာက  ဘာမှမအောင်မြင်သေးဘူး လို့ ဆိုင်မွန်ဂျော်ဒန်က ဝေဖန်

ဘောလုံးပွဲတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဆိုင်မွန်ဂျော်ဒန်က  အာတီတာရဲ့ အပြောင်းအရွေ့ကာလစီမံပုံတွေကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။

“ သူဆုံးဖြတ်သွားတာတွေကို ကျွန်တော်လုံးဝသဘောမတူပါဘူး။  သူကတော့ အကြောင်းပြချက်တွေပေးမယ် ၊ လူမခေါ်တာ သူတစ်ယောက်ထဲမဟုတ်ကြောင်းပြောလိမ့်မယ်။ ဒါပေမယ့် သူက  ပက်(ပ်)လဲမဟုတ်ဘူး ၊ ကလော့လဲ မဟုတ်ဘူး။  ဟိုနည်းပြတွေက အောင်မြင်မှုလမ်းပေါ်ကလူတွေ .. သူက အဲ့ဒီလို  လိုက်လုပ်လို့မရသေးဘူး “  ဆိုပြီး  TalkSport ရဲ့ Show မှာ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

Advertisements

မိနစ် ၉၀ အပြည့်ပွဲထွက်ခဲ့တဲ့ အာဆင်နယ်လူငယ်

အာဆင်နယ်အသင်းကနေအငှားနဲ့သွားရောက်ကစားနေတဲ့ လူငယ်လေး အဘီယိုဆု ဟာ  ခရူဝီအသင်းနဲ့  ဂီလင်ဟမ်းအသင်းတို့ကစားတဲ့ပွဲမှာ ပထမဆုံးပွဲထွက်ကစားသွားခဲ့တယ်လို့ သိရပါတယ်။  ခရူဝီအသင်းဟာ  ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပေမယ့်  ကစားသမားလေးဟာ ကျောနံပါတ် ၂ ကိုဝတ်ဆင်ပြီး ပွဲစ-ပွဲဆုံးပါဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။

ကော်စတာကို ဘယ်သူမှ မခေါ်ကြတာ နားမလည်ကြောင်း ဂျွန်တယ်ရီပြော

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက  သူ့ရဲ့ကစားဖော်ဟောင်း ဒီယေဂိုကော်စတာကို ဘာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက မခေါ်ယူသလဲဆိုတာနားမလည်ကြောင်းထုတ်ပြောလာပါတယ်။ ကော်စတာ ဟာအသင်းတစ်သင်းကိုပိုကောင်းလာအောင်ကူညီနိုင်တဲ့သူအဖြစ်လဲညွန်းဆိုခဲ့ပါတယ်။  ကော်စတာ ကို စိတ်ဝင်တစားချိတ်ဆက်ခဲ့တဲ့အသင်းကတော့ အာဆင်နယ်ဖြစ်ပြီး ပရိတ်သတ်တွေက ဝိုင်းဝန်းကန့်ကွက်ကြတဲ့နောက်မှာ  သတင်းတွေပြန်လည်ငြိမ်သက်သွားခဲ့တာပဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: