လာမယ့်နွေရာသီမှာ အမ်းမရိတ်ကိုရောက်လာမယ့် ကစားသမားသစ်က ဘယ်သူလဲ

ဇန်နဝါရီ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အာဆင်နယ်ဟာ ကစားသမားသစ်တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေမျှော်လင့်နေတဲ့ တိုက်စစ်မှူးတော့မဟုတ်ပဲ နောက်ခံလူတစ်ဦးသာ ဖြစ်ပြ အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီပိုင်ဆိုင်တဲ့ ကော်လိုရာဒို ရက်ပစ်စ်အသင်းရဲ့ အသက်၂၃နှစ်အရွယ် နောက်ခံလူ  အော်စတွန်ထရပ်စတီ ဖြစ်ပါတယ်။ 

အော်စတွန်ထရပ်စတီဟာ အခုချက်ချင်း အာဆင်နယ်အတွက် ကစားမှာ မဟုတ်သေးပဲ ဇူလိုင်အထိ လက်ရှိအသင်း ရက်ပစ်စ်မှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ အော်တွန်ထရပ်စတီဟာ အမေရိကန်လက်ရွေးစင်အသင်းနဲ့ အတူ လေ့ကျင့်ရေးစခန်းမှာ ရှိနေပြီး လက်ရွေးစင်ကစားသမားဘ၀ရဲ့ ပထမဆုံးပွဲကို စောင့်မျှော်နေပါတယ်။အော်စတွန်ရဲ့ ခြေစွမ်းကြောင့် လက်ရွေးစင်အသင်းက မကြာသေးမီကာမှ အသင်းရဲ့လူစာရင်းထဲမှာ သူ့ကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ  အော်စတွန်ကို နောက်ရာသီမှာ အသင်းနဲ့အတူ ပွဲထွက်ခွင့်ပေးမှာ မဟုတ်သေးပဲ ဥရောပမြေမှာ အတွေ့အကြုံတွေရအောင် အငှားချဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အော်စတွန်ထရပ်စတီကို အာဆင်နယ်ဂျာစီနဲ့ မြင်ရဖို့ ပရိသတ်တွေ စိတ်ရှည်ရှည်နဲ့စောင့်ရပါဦးမယ်။ 

အရပ်ခြောက်ပေသုံးလက်မရှိတဲ့ အော်စတွန်ဟာ ဖီလားဒဲလ်ဖီးယား ယူနီယမ်ကနေ ရက်ပစ်စ်ကို ပြောင်းလာကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။‌ အော်စတွန်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ သူ့ရဲ့အသင်းဟာ ပြိုင်ပွဲမှာ ဒုတိယခံစစ်အကောင်းဆုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သလို အော်စတွန်ဟာလည်း ပြီးခဲ့တဲ့ရာသီ အသင်းရဲ့ အကောင်းဆုံးခံစစ်ကစားသမားဆုကို ရခဲ့ပါတယ်။ 

Advertisements

အော်စတွန်ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ရက်ပစ်စ်အသင်း အထွေထွေမန်နေဂျာ ပက်ဒရစ်စမစ်က ခုလို ပြောခဲ့ပါတယ်။ 

အော်စတွန်ဟာ ၂၀၂၁မှာ ခြွင်းချက်မရှိအောင်ကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ Western Conference မှာ ထိပ်ဆုံးက ရပ်တည်နေနိုင်အောင်လည်း သူက ကူညီပေးခဲ့ပါတယ် ” 

ကော်လိုရာဒို၊ အမေရိကန်ရဲ့နေရာအနှံ့ကနေ ထူးချွန်တဲ့လူငယ်ကစားသမားလေးတွေကို ခေါ်ယူပြီး သူတို့အကောင်းဆုံးတောက်ပလာအောင်၊မေဂျာလိဂ်မှာ အောင်မြင်အောင်နဲ့ ဥရောပမှာ ကစားနိုင်မယ့်အခွင့်အရေးရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ အော်စတွန်ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဥရောပအသင်း အများအပြားက စိတ်၀င်စားခဲ့ကြပါတယ်” 

အော်စတွန်ဥရောပမြေမှာ အရာရာအဆင်ပြေဖို့နဲ့ အောင်မြင်မှုတွေရလာဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်တို့ ကူညီသွားမှာ ဖြစ်ပါတယ်။” 

အော်စတွန်ဟာ ဗဟိုခံစစ်နဲ့ နောက်တန်းဘယ်အစွန် နှစ်နေရာစလုံးမှာ ကစားနိုင်သူဖြစ်ပါတယ်။ တိုက်စစ်ကိုလည်း လိုက်ပါနိုင်စွမ်းရှိပြီး ခံစစ်မှာလည်း စိတ်ချရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အရပ်အမောင့်မြင့်မားတာကြောင့် အမြင့်ဘောတွေ ရှင်းလင်းတဲ့နေရာမှာ ကောင်းမွန်သလို အသင်းအတွက် ထောင့်ကန်ဘောအခွင့်အရေးရလာရင် ပြိုင်ဘက်အတွက် အတော်လေး အန္တရာယ်များတဲ့ ကစားသမားတစ်ဦးလို့ဆိုနိုင်ပါတယ်။ 

အော်စတွန်ကို အာဆင်နယ်ဂျာစီနဲ့ မြင်ရဖို့ကတော့ လိုပါသေးတယ်။ ဆလီဘာကို ကာလရှည်ကြာအငှားချထားသလိုမျိုး အော်စတင်ကိုလည်း ဥရောပမြေမှာ အတွေ့အကြုံသစ်တွေ အများကြီး ရှာခိုင်းဦးမယ်လို့ ယူဆရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: