နယ်သာလန်ကလပ်ဆီကို အငှားသွားကစားမယ့် အာဆင်နယ်လူငယ်တိုက်စစ်မှုး
နယ်သာလန်ကလပ် ဒမ်ဘို့ရှ် အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ လူငယ်တိုက်စစ်မှုးလေး နီကိုလာမိုလာအတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ဒမ်ဘို့ရှ်ဖက်က တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်ပါတယ်။ ဒီ ၁၉ နှစ်သားလေးရဲ့ အပြောင်းအရွှေ့ဟာ လွန်ခဲ့တဲ့ရက်အနဲငယ်ကတည်းက သတင်းထွက်နေခဲ့တာဖြစ်ပြီး နောက်ဆုံးရက်မှာတော့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကူလူဆက်စကီ စပါးရောက်
အာဆင်နယ်အသင်းနဲ့ သတင်းကြီးခဲ့တဲ့ ဂျူဗင်တပ်တောင်ပံကစားသမား ကူလူဆက်စကီ ဟာ မြို့ခံပြိုင်ဖက်စပါးအသင်းကို ရာသီကုန်ထိ အငှားနဲ့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှုး မိုရာတာဟာလည်း အသင်းပြောင်းဖို့အစီအစဥ်မရှိခဲ့ပဲ ရာသီကုန်အထိ ဂျူဗင်တပ်စ်အသင်းမှာသာရှိနေမှာဖြစ်ပါတယ်။
အမေရိကန်နောက်ခံလူကို အာဆင်နယ်စာချုပ်
အာဆင်နယ်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ရှိ ကော်လိုရာဒိုရက်ပစ်ဒ် အသင်းရဲ့နောက်ခံကစားသမား အော်စတင် ထရက်စ်တီကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့သိရပါတယ်။ အဆိုပါနောက်ခံလူဟာ ကော်လိုရာဒိုရက်ပစ်ဒ် အသင်းရဲ့အရေးပါတဲ့နောက်ခံလူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းရဲ့ Defender of the Year ဆုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ စတန်ခရွန်ကီပိုင်ဆိုင်တဲ့ အခြားသောအသင်းတစ်သင်းမှကစားသမားဖြစ်တဲ့ အော်စတင်အတွက် အာဆင်နယ်တို့ဟာ အပြောင်းအရွှေ့ကုန်ကျစရိတ်မရှိခဲ့ဘူးလို့ သိရပါတယ်။ ကစားသမားဟာ အခုရာသီမှာတော့ မေဂျာလိဂ်မှာသာ ကစားမှာဖြစ်ပြီး ရာသီသစ်ရောက်မှ အာဆင်နယ်နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
အိုမာရီကစ် အသင်းမပြောင်းဖြစ်
အသက် ၂၀ အရွယ်ရှိ လူငယ်ကစားသမားလေး အိုမာရီကစ်ရဲ့ အပြောင်းအရွှေ့ဟာ နောက်ဆုံးမိနစ်ရောက်မှ ပျက်ပြယ်သွားတယ်လို့ သိရပါတယ်။ စတုတ်စီးတီးအသင်းဟာ သူတို့ရဲ့ ကစားသမားတွေကို လျှော့ချနိုင်ခြင်းမရှိတာကြောင့် ရီကစ်ကို မခေါ်နိုင်ခဲ့တာဖြစ်ပြီး ရီကစ်ဟာ ဆေးစစ်ဖို့တောင် ရောက်ရှိနေခဲ့ပြီလို့ သတင်းများက ဆိုပါတယ်။ အသက် ၂၀ အရွယ်ကစားသမားလေးဟာ ဟာသာဘာလင်ကနေ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး U23 အသင်းအတွက် ၁၃ ပွဲကစားပေးထားခဲ့တယ်လို့ သိရပါတယ်။
လာကာဇက်ကို လိုင်ယွန်ချဥ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့
ပြင်သစ်သတင်းစာ L Equipe ရဲ့ဖော်ပြချက်အရ လိုင်ယွန်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်သူ လူကာဇက်ကို ချဥ်းကပ်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှုးဟာ ဒီရာသီမှာ အာတီတာအတွက် အဓိက အားကိုးစရာဖြစ်နေခဲ့ပေမယ့် စာချုပ်သစ်ထပ်ချုပ်တော့မှာမဟုတ်ပဲ ရာသီကုန်မှာ ပြောင်းရွေ့တော့မှာလည်းဖြစ်ပါတယ်။ လာကာဇက်ဟာ လိုင်ယွန်အတွက် ပွဲပေါင်း ၂၇၅ ပွဲကစား ၊ ၁၂၉ ဂိုးသွင်းပေးခဲ့ပြီး အာဆင်နယ်အတွက်တော့ ၁၉၂ ပွဲမှာ ဂိုး ၇၀ သွင်းပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှုးခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့်လက်ကျန်ပွဲတွေကို လာကာဇက်နဲ့ အန်ကတ်တီယာတို့ကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။
အူဘာကြောင့် သန်း ၂၅ လောက်အပိုထွက်လာတဲ့ အာဆင်နယ်
ဘာစီလိုနာအသင်းဟာ အူဘာမီယန် နဲ့ ဒမ်ဘီလီ အလဲအထပ်အတွက်ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းဖက်က လက်မခံခဲ့ဘူးလို့သိရပါတယ်။ အာဆင်နယ်တိုက်စစ်မှုးဖက်ကလည်း သူ့ရဲ့လစာကို လျှော့ယူခဲ့ရကြောင်းရေးသားနေကြပြီး မကြာခင်မှာ အပြောင်းအရွှေ့ကို တရားဝင်ကြေငြာဖွယ်ရှိတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာကို လက်လွှတ်ခဲ့တာကြောင့် ပေါင် ၂၅ သန်းဝန်းကျင်ခန့် အသုံးစရိတ် ပိုထွက်လာခဲ့ကြောင်းသတင်းများကဖော်ပြနေကြပါတယ်။