လူငယ်တွေရဲ့ အားနဲ့ပဲအရဲစွန့်တော့မှာလား

ဇန်နဝါရီက‌တော့ ကုန်ဆုံးဖို့ နာရီပိုင်းလေးသာလိုပါတော့တယ်။ အသင်းကနေ ကစားသမားတွေတစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားပေမယ့် ကျွန်တော်တို့ ကြိုဆိုရမယ့် သူကတော့ ခုထိ တစ်ယောက်မှ မရှိသေးပါဘူး။ အပြောင်းအရွှေ့ကာလတစ်ခုလုံး မျှော်လင့်ခဲ့ရတဲ့ ဗလာဟိုဗစ်၊ အိုင်ဆက်ခ်၊ ကဲလ်ဗက်လီ၀င်း အကုန်လုံးကို  မေ့လိုက်လို့ရပါပြီ။ အခုလည်း သတင်းတွေက ထွက်လာပြန်ပြီ။ မိုရာတာတဲ့ ၊အီဒူးတို့အုပ်စု နောက်ဆုံးမိနစ်အထိ ပရိသတ်တွေကို ရင်ခုန်စေဦးမှာပါပဲ။အဆုံးမှာတော့ ကျွန်တော်တို့လက်ခုပ်ပဲ တီးရမှာလား ၊တောက်ပဲ ခေါက်ရမှာလား၊မနက်ဖြန်မှာတော့ အဖြေပေါ်ပါလိမ့်မယ်။ 

တိုက်စစ်မှူးသစ်မခေါ်နိုင်ခဲ့ရင် အူဘာကို ပြန်သုံးနိုင်တာပဲလို့ တွေးမိပေမယ့် ဂါဘွန်သားဟာ အာဆင်နယ်ဂျာစီ၀တ်ထားခဲ့တဲ့ သူ့အတွက် နောက်ဆုံးပွဲကို ဆော့နှင့်ခဲ့ပြီးပြီ ထင်ပါတယ်။အခုတော့ ကပ္ပတိန်ဟောင်းဟာ အမ်းမရိတ်ကို စွန့်ခွာပြီး နျူးကမ့်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ထွက်သွားဖို့ပြင်နေပါပြီ။ ပရိသတ်‌တွေမပျော်နိုင်ပေမယ့် တစ်ပတ် ပေါင် ၃၅၀၀၀၀လောက်သက်သာပြီဆိုတော့ ခရွန်ကီတို့ကတော့ ပျော်နေမှာပါပဲ။ ဆိုစီဒက်ကလည်း ဇန်နဝါရီမှာ အိုင်းဆက်ခ်ကို ဘယ်လောက်ပေးပေး လက်လွှတ်ဖို့ မရှိဘူး။ ကဲလ်ဗက်လီ၀င်းကလည်း ဒီအတိုင်းပါပဲ။ တိုက်စစ်မှူးသစ်ရဖို့ နွေရာသီထိ စောင့်ရတော့မယ့်ပုံပါပဲ။ 

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အဆင့်လေးနေရာကို သိမ်းပိုက်နိုင်ဖို့ ၁၇ပွဲကျန်နေပါသေးတယ်။ ဒီတိုက်ပွဲအတွက် တိုက်စစ်မှူးသစ်တစ်ဦး ရမှာ ဖြစ်မှာလားလို့ မေးလာရင်တော့ ရရင် ကောင်းတာပေါ့လို့ ပြန်ဖြေမိမှာပါပဲ။ တကယ်လို့ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ရဲ့ ဥရောပ၀င်ခွင့် မျှော်လင့်ချက် အိပ်မက်က လုံး၀အဆုံးသတ်သွားပြီလို့တော့မဆိုနိုင်ပါဘူး။

Advertisements

ဇန်နဝါရီမှာ အာဆင်နယ်ဟာ သွင်းဂိုးတွေ မသွင်းယူနိုင်တာနဲ့ပတ်သက်ပြီး အပြစ်တင်စရာတော့ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အသင်းဟာ ဒဏ်ရာပြဿနာ၊ ပွဲပန်းမှု၊ ပွဲပယ်ပြဿနာတွေနဲ့အတူ လီဗာပူးလ်၊ မန်စီးတီးတို့လို အသင်းတွေကို ရင်ဆိုင်ခဲ့ရတာလည်း မေ့ထားလို့မရပါဘူး။ 

ဒီဇင်ဘာမှာ အူဘာမီယန်းမပါ၀င်ပဲလည်း ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့တာ အမှတ်ရကြဦးမှာပါပဲ။ အခုဆို ကစားသမားတွေလည်း အနားရထားတယ်၊ အာဖရိက ဖလားကလည်း ပြီးတော့မယ်။ တစ်ပတ်မှာ ပရီးမီးယားလိဂ် တစ်ပွဲပဲ ကစားစရာ ရှိတော့တယ်။ အခြားဘာပြိုင်ပွဲမှ ကစားစရာ ရှိ‌မနေပါဘူး။ဒီဇင်ဘာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကို အာတီတာနဲ့ အသင်းသားတွေ တဖန်ပြန်လည်ပြသနိုင်စွမ်းတော့ ရှိနေနိုင်ပါတယ်။ 

အာတီတာကလည်း ရေရှည်လက်တွဲရမယ့်ကစားသမားကို လိုချင်တာကြောင့် နွေရာသီမှပဲ တိုက်စစ်မှူးသစ်ကို သေချာပေါက်မြင်တွေ့ရဖို့ ရှိနေပါတယ်။လက်ရှိလိုအပ်ချက်အရ မိုရာတာကို ကာလတိုခေါ်ယူတာမျိူးတော့ အီဒူးတို့ လုပ်နိုင်ချေရှိပါတယ်။သိပ်တော့ မမျှော်လင့်ထားပါပဲ ၊သိပ်လည်း စိတ်ဓာတ်မကျပါနဲ့လိုသာ မှာချင်ပါတယ်။ စိတ်ဓာတ်သာ ပြင်းပျခဲ့မယ်ဆိုရင် အာတီတာတို့ ဒီရာသီမှာ လက်ကျန်၁၇ပွဲကို ဒီလူစာရင်းနဲ့ တိုက်ပွဲ၀င်လို့တော့ ရနိုင်ပါသေးတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: