အာဆင်နယ်ကို ရောက်လုနီးပါးဖြစ်ခဲ့တဲ့ ကမ္ဘာကျော်ကစားသမားများ အပိုင်း – ၂

၆။ အန်ဂိုလိုကန်တီ 

၂၀၁၆မှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ လက်စတာရဲ့ ပရီးမီးယားလိဂ် အောင်ပွဲနဲ့အတူ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ကန်တီ၊ မာရက်ဇ်၊ ဗာဒီတို့ကိုလည်း အသင်းအများအပြားက ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ကန်တီကို ချဲလ်ဆီးက ခေါ်ယူနိုင်ခဲ့ပေမယ့် တကယ်တမ်းမှာ အာဆင်နယ်က ပြင်သစ်သားကို ခေါ်ယူဖို့ အခွင့်အရေးအရင်ရခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အနေနဲ့ ပြင်သစ်သားကို မခေါ်ယူခဲ့တဲ့ အကြောင်းအရင်းက အေးဂျင့်ကို ပေးချေရမယ့် ငွေကြေးကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကန်တီအစား ရှာခါကိုပဲ ခေါ်ယူခဲ့ပါတယ်။ ကန်တီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အေးဂျင့်ခကို နှမြောခဲ့တဲ့ အာဆင်နယ်အတွက် နောင်တရစရာ ဖြစ်ခဲ့ရပါတယ်။ 

() ခရစ္စတီယာနို ရော်နယ်ဒို 

အာဆင်၀င်းဂါးကတော့ သူ မခေါ်ယူနိုင်ခဲ့တဲ့ အထင်ရှားဆုံးကစားသမားဆိုရင် ရော်နယ်ဒိုပဲ လို့၀န်ခံခဲ့ပါတယ်။ အာဆင်၀င်းဂါးအ‌နေနဲ့ ရော်နယ်ဒိုကိုခေါ်ယူဖို့ အတော်ကို နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် စပို့တင်းလစ္စဘွန်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ချစ်ကြည်ရေးပွဲအပြီးမှာတော့ မန်ချက်စတာက ရော်နယ်ဒိုကို အရခေါ်သွားခဲ့ပါတယ်။ 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာဆင်နယ် ၀က်ဘ်ဆိုဒ်မှာ ၀င်းဂါးက ခုလို ၀န်ခံခဲ့ဖူးပါတယ်။ 

ရော်နယ်ဒိုရယ် သူ့အမေတို့ရယ်နဲ့  ကျွန်တော်တို့ အဲ့ဒီမှာ အတူရှိခဲ့ပါတယ်။ အခြေအနေတွေကအတော်လေးနီးစပ်နေခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် က ၀င်လာခဲ့ပြီး သူတို့မှာ ကားလို့ဇ်ကွီရော့ (ပေါ်တူဂီသား မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြ) ရှိပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးပိုကောင်းသွားခဲ့ပါတယ်

ရော်နယ်ဒိုကို မခေါ်ယူနိုင်တာဟာ ပရိသတ်တွေအတွက် နှမြောစရာ ဖြစ်ခဲ့ပြီး ‌အွန်နရီနဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ကို မြင်တွေ့ခွင့်ရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ 

Advertisements

()လူး၀စ်ဆွာရက်ဇ် 

လူး၀စ်ဆွာရက်ဇ် လီဗာပူးလ်ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့အချိန်မှာ အာဆင်နယ်ဟာ ဥရုဂွေးသားကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြခဲ့တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ်ကနေ ထွက်ခွာချင်တယ်လို့ ၀န်ခံခဲ့ပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင်သန်း၄၀အထက်ဖြစ်ပါတယ်။ အာဆင်နယ်က ‌ပေါင်းသန်းလေးဆယ်ကို တစ်ပေါင်ပိုပေးပြီး ဆွာရက်ဇ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ လီဗာပူးလ်အသင်းအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး သူတို့အသင်းကို စော်ကားတယ်လို့ ယူဆခဲ့တာကြောင့် ဆွာရက်ဇ်ကို အာဆင်နယ်ဆီမရောင်းချခဲ့ပါဘူး။ နောက်အပြောင်းအရွှေ့ရာသီမှသာ ဘာစီလိုနာဆီ ဆွာရက်ဇ်ကို ရောင်းချခဲ့ပြီး အာဆင်နယ်ဟာလည်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ 

()အီဘရာဟင်မိုဗစ်ခ်ျ 

မိုဗစ်ခ်ျဟာ ဆွီဒင် မယ်လ်မို ကလပ်မှာ ရှိနေစဉ် ၁၉၉၉ခုနစ် လောက်က ဆွီဒင်သားကြီးရဲ့ ခြေစွမ်းကို အာဆင်၀င်းဂါးက စိတါ၀င်စားခဲ့တာကြောင့် အာဆင်နယ်မှာ ခြေစွမ်းလာစမ်းသပ်ဖို့ ခေါ်ခဲ့ပါတယ်။  အသက်၁၇နှစ်သာ ရှိသေးတဲ့ ဇလာတန်ဟာ ခြေစွမ်းစမ်းသပ်ခံရမှာကို သဘောမကျတာကြောင့် ၀င်းဂါးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ 

၂၀၀၁ခုနစ်မှာတော့ အေဂျက်က ဇလာတန်အီဘရာဟင်မိုဗစ်ခ်ျကို ခေါ်ယူခဲ့ပြီး အဲ့ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့တာပါပဲ။ 

(၁၀) ကိုင်လီအမ်ဘာပေ 

လက်ရှိအချိန်မှာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ဘာပေကို သူ မိုနာကိုမှာ ရှိနေစဉ်က အာဆင်၀င်းဂါးဟာ အမ်းမရိတ်ဆီ ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးဝာယ်။ ဘာပေရဲ့ စာချုပ်သက်တမ်းကလည်း ကုန်ခါနီး ဖြစ်နေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရအောင် ၀င်းဂါးက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်နှစ်မှာ‌တော့ ပြင်သစ် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကို ပြောင်းရွှေ့စွားခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: