အာဆင်နယ်ကို ရောက်လုနီးပါးဖြစ်ခဲ့တဲ့ ကမ္ဘာကျော်ကစားသမားများ အပိုင်း – ၁

အချိန်တစ်ခုကြာအောင် အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဗလာဟိုဗစ်ကတော့ နောက်ဆုံးမှာ လန်ဒန်ကို ရောက်မလာခဲ့ပဲ ဂျူဗင်တပ်အသင်းနဲ့သာ ရွှေလက်တွဲခဲ့ပြီဖြစ်ပါတယ်။ တိုက်စစ်မှူးသစ်တစ်ဦးကို အမျှော်လင့်ကြီး မျှော်လင့်နေခဲ့တဲ့ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ သတင်းတစ်ခုဖြစ်ခဲ့ရသလို ခါးသီးတဲ့ ဇန်နဝါရီဆိုလည်း မမှားပါဘူး။ 

အတိတ်မှာလည်း အာဆင်နယ်ဟာ အခြေအနေအမျိုးမျိုးကြောင့် မခေါ်ယူနိုင်ခဲ့တဲ့ ကမ္ဘာကျော်ကစားသမားများစွာ ရှိခဲ့ပါတယ်။ဒီလူစာရင်းထဲမှာ မက်ဆီ၊ ရော်နယ်ဒို၊ ဘာပေတို့လို ကစားသမားတွေပါ၀င်နေပြီး အသင်းအတွက် တကယ်ကိုကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ 

အသင်းကို ရောက်လုနီးပါးဖြစ်ခဲ့ပြီးမှ အမြှောက်တပ်သားဖြစ်ဖို့ ရေစက်မပါခဲ့တဲ့ ကမ္ဘာကျော်တွေကတော့ 

(၁) မက်ဆီနဲ့ပီကေး 

2003ခုနစ်မှာ ဘာစီလိုနာရဲ့ လူငယ်လေးတွေဖြစ်တဲ့ ဖာဘရီဂတ်စ်၊ ပီကေးနဲ့ မက်ဆီတို့ကို ခေါ်ယူဖို့ အာဆင်၀င်းဂါးဟာ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် မက်ဆီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုဟာ ချက်ချင်းပယ်ချခဲ့ရပြီး ပီကေးကတော့ ဟိုက်ဘူရီကို ရောက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပီကေးဟာ စပိန်မြေမှာပဲ နေရစ်ခဲ့ပြီး နောက်မှသာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဖာဘရီဂတ်စ်၊မက်ဆီနဲ့ပီကေးတို့ သုံးယောက်လုံးကို ခ်ေယူဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဖာဘရီဂတ်စ်ကိုပဲ ခေါ်ယူနိုင်ခဲ့တယ်” လို့အာဆင်၀င်းဂါးက ၀န်ခံခဲ့ဖူးပါတယ်။ 

(၂) ဘတ်ဖွန် 

သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးကို ခေါ်ယူဖို့ အတွက် အာဆင်နယ်ဟာ နီးစပ်ခဲ့ပါသေးတယ်။  ၁၉၉၈ ခုနစ်မှာ အာဆင်၀င်းဂါးနဲ့ ဘတ်ဖွန်တို့ဟာ ညစာအတူစားခဲ့ပြီး ဆွေးနွေးခဲ့ဖူးပါတယ်။ဒေးဗစ်ဆီးမင်း၊ လေမန်းတို့လို ဂိုးသမားတွေကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အာဆင်နယ်အတွက် ဘတ်ဖွန်ကို မရခဲ့တာက ‌မဖြေဆည်နိုင်စရာတော့ မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါပဲ။ 

(၃) ဗင်းဆင့်ကွန်ပနီ 

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ကွန်ပနီကို အာဆင်နယ်ဟာ ခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်။၂၀၀၆ခုနစ်မှာ အန်ဒါလက်ခ်ျအသင်းအတွက် ကစားပေးနေတဲ့ ကွန်ပနီကို သူ့ရဲ့ခြေစွမ်းတွေကြောင့် အာဆင်နယ်ဟာ စိတ်၀င်စားခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့ပဲ ဂျာမနီကလပ် ဟမ်းဘတ်ကိုသာ ကွန်ပနီက ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ဂျာမနီမြေမှာ နှစ်နှစ်ကြာပြီးနောက်မှာတော့ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ဒီနောက်မှာတော့ ကွန်ပနီဟာ မန်စီးတီးအသင်းရဲ့ကပ္ပတိန်ဖြစ်လာခဲ့ပြီး ပရီးမီယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 

Advertisements

(၄) ရာဖေးလ်ဗာရိန်း 

ပါရမီရှိတဲ့ ပြင်သစ်လူငယ်လေးတွေကို ရှာဖွေတဲ့နေရာမှာတော့ ပြင်သစ်သားကြီး အာဆင်၀င်းဂါးဟာ အတော်ပဲ ထူးချွန်ခဲ့တယ်ဆိုရပါမယ်။ဗာရိန်း စပိန်မြေကို မပြောင်းရွှေ့ခင်မှာ အာဆင်၀င်းဂါးက ပြင်သစ်သားလေးရဲ့ ခြေစွမ်းကို စောင့်ကြည့်နေခဲ့ပြီး သဘောကျခဲ့ပါတယ်။ဒါပေမယ့် လက်ဦးမှုရခဲ့တာကတော့ ရီးရဲလ်မက်ဒရစ်ပဲ ဖြစ်ခဲ့ပြီး ပြင်သစ်နောက်ခံလူဟာ ရာမို့စ်နဲ့ တွဲဖက်ပြီး ဆယ်စုနှစ်တစ်ခုကြာအောင် ရီးရဲလ်ရဲ့ခံစစ်မှာ အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပါတယ်။ 

(၅) ယာယာတိုရေး 

အာဆင်နယ်ဟာ တိုရေးညီအစ်ကို နှစ်ဦးစလုံးကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ကိုလိုတိုရေးကိုသာ ခေါ်ယူခဲ့ပြီး ယာယာတိုရေးကိုတော့ စွန့်ပယ်ခဲ့ပါတယ်။တိုရေးညီအစ်ကိုဟာ အာဆင်နယ်မှာ ခြေစွမ်းစမ်းသပ်ခံခဲ့ရပြီး ယာယာတိုရေးရဲ့ ပါရမီကို အာဆင်၀င်းဂါးတို့နည်းပြအဖွဲ့၀င်တွေအနေနဲ့ သတိမထားမိခဲ့ဟန်ပါပဲ။ 

ဒီနောက်မှာတော့ ယာယာတိုရေးဟာ ဘာစီလိုနာမှာ ကစားရင်း ကမ္ဘာကျော်ကွင်းလယ်လူတစ်ဦးအဖြစ် သူ့ရဲ့နာမည်ကို သမိုင်းမှာ ရေးထိုးနိုင်ခဲ့ပါတယ်။မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာလည်း သူ့ကို ပယ်ချခဲ့တဲ့ အာဆင်နယ်ကို အကြိမ်ကြိမ် အပြစ်ပေးခဲ့သူဆိုရင်လည်း မမှားပါဘူး။ 

ယာယာတိုရေးကို မခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်၀င်းက သူနောင်တအရမိဆုံး လုပ်ရပ်တွေထဲက တစ်ခုလို့ ၀န်ခံခဲ့ဖူးပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: