လေ့ကျင့်ရေးပြန်ဆင်းတဲ့ ဆဲဒရစ်
ဒဏ်ရာကြောင့်အနားယူနေရတဲ့ ဆဲဒရစ်တစ်ယောက်လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်းသိရပါတယ်။ ကစားသမားများနဲပါးနေချိန်ဖြစ်လို့ အာတီတာအတွက် ဘယ်လိုနည်းနဲ့မဆိုအထောက်အကူဖြစ်နိုင်ကြောင်းသတင်းတွေက သုံးသပ်ရေးသားနေကြပါတယ်။ လောလောဆယ်မှာ ချန်ဘာစ်လဲ ထွက်ခွာသွားပြီဖြစ်လို့ ညာနောက်ခံကစားသမား စစ်စစ် အဖြစ် တိုမီယာစုနဲ့ ဆဲဒရစ်သာ အသင်းမှာရှိနေတာဖြစ်ပါတယ်။ အာတီတာဟာ အခြေအနေတွေကြောင့် ဗဟိုလူ ဘန်ဝှိုက်ကိုပါ အစွန်ထုတ်ကစားနေခဲ့ရတာဖြစ်ပါတယ်။
မိုရာတာကိုခေါ်ဖို့ အာဆင်နယ်ကို ကမ်းလှမ်း
ဂျူဗင်တပ်စ်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ အသက်သလက်တီကိုတိုက်စစ်မှုး မိုရာတာ ကို ကိုခေါ်ယူလိုက ခေါ်နိုင်ကြောင်း အာဆင်နယ်အသင်းထံကို ကမ်းလှမ်းခဲ့တယ်လို့ The Times ကဖော်ပြလာပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘောလုံးကျွမ်းကျင်မှုပိုင်းမှာကောင်းမွန်ပေမယ့် အဆုံးသတ်ပိုင်းမှာအားနဲမှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ၂ ရာသီလက်တွဲဖူးပြီး ၇၂ ပွဲကစားကာ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လွဲချော်မှုများစွာပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၂၀၀ တိတိသွင်းယူထားနိုင်သူဖြစ်ပါတယ်။
ဇာကာရီယာ ကိုဂျူဗီကခေါ်လိုက်တာကြောင့် မယ်လိုအာဆင်နယ်ရောက်နိုင်ကြောင်းသုံးသပ်
ဘွန်ဒက်လီဂါစတား ဒင်းနစ်ဇာကာရီယာကို ဂျူဗင်တပ်စ်တို့က ခေါ်ယူလိုက်နိုင်တော့မှာဖြစ်ကြောင်း ဖေဘရီဇီယိုရိုမာနိုက ပြောကြားလာပါတယ်။ ဒီအခြေအနေကြောင့် အာဆင်နယ်တို့ လိုချင်တဲ့ ၆ လစာချုပ်နဲ့ မယ်လိုကို အငှားချနိုင်ဖွယ်ရှိကြောင်းသုံးသပ်မှုများလဲရှိနေပါတယ်။ အခြားကွင်းလယ်ကစားသမားဖြစ်တဲ့ အယ်နီနီကိုလည်း ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း Daily Cannon အပါအဝင်သတင်းများက ဖော်ြပနေကြပါတယ်။
ဆာလီဘာကို ရီးရဲ စိတ်ဝင်စားနေ
ရဲးရဲအသင်းဟာ ပီအက်ဂျီရဲ့ အမ်ဘာပေနဲ့အတူ မာဆေးလ်မှာကစားနေတဲ့ အာဆင်နယ်လူငယ်နောက်ခံလူ ဝီလျှံဆာလီဘာကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းများကဖော်ပြနေပါတယ်။ ဆာလီဘာနဲ့ ဘာပေဟာ ငယ်စဥ်တုန်းက ဘောလုံးကစားဖော်တွေဖြစ်ကြပြီး ၊ ဘာပေရဲ့ဖခင်ဖြစ်သူကလည်း ဆာလီဘာကို နည်းပြခဲ့ဖူးသူဖြစ်ပါတယ်။
ရှာခါ အသင်းမပြောင်းပါ
မော်ရင်ဟိုဖက်က ဆက်လက်ကြိုးစားသွားမယ်လို့ သတင်းတွေထွက်လာပေမယ့် ရှာခါတစ်ယောက် အာဆင်နယ်မှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ ဖေဘရီဇီယိုရိုမာနိုက ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆွစ်ဇာလန်သားဟာ အာဆင်နယ်ကွင်းလယ်အတွက်အရေးပါနေဆဲဖြစ်ပေမယ့် မကြာခနအနီကတ်ထိတာရယ် ၊ ဒဏ်ရာရတတ်တာရယ်ကြောင့် အာဆင်နယ်တို့ဟာ အရံကစားသမားလိုအပ်နေတာလဲဖြစ်ပါတယ်။