ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနာရီ ၈၀

ကြားချင်တဲ့သတင်းကောင်းတွေနဲ့မကြားရတဲ့အပြင် ရုတ်တရက်တိတ်ဆိတ်သွားသလိုပါပဲ။ အာဆင်နယ် ပရီတ်သတ်တွေစိုးရိမ်သင့်ပြီလား။ သတင်းထွက်တဲ့ ကစားသမားတွေနာမည်ချရေးလိုက်ရင်တော့ တစ်သင်းသာမကတော့ပါဘူး။

ဒီကိစ္စတွေအတွက်က လာမယ့်ရက်အနဲငယ်မှာပဲအဖြေပေါ်တော့မှာပါ။  အာဆင်နယ်အသင်းတစ်ခုခုလုပ်နေမှာကတော့သေချာပါတယ်။ ဒါပေမယ့်  သေသေချာချာလက်မှတ်ထိုးဖြစ်သွားဖို့အတွက်ကတော့ ဘက်ပေါင်းစုံက ဖိအားပေးနေတဲ့အခြေအနေတွေလိုအပ်ပါတယ်။ ငွေလဲသေသေချာချာသုံးဖို့လိုအပ်ပါတယ်။  လောလောဆယ်တော့ အာဆင်နယ်လူခေါ်ဖြစ်ဖို့ အကြောင်းရင်းခံတွေပြည့်စုံနေပါပြီ။

အပြောင်းအရွေ့ပိတ်ချိန်တွေဆိုတာ  ပင်ကိုယ်သဘောသဘာဝအရကို လှည့်ကွက်တွေများတတ်ပါတယ်။  အသင်းကလဲ တစ်ခုခုလုပ်မှကိုဖြစ်တော့မယ့်အနေအထားကိုရောက်နေပြီ။  ကစားသမားတွေကိုင်ထားတဲ့ ကလပ်အသင်းတွေကလဲ ငွေလိုချင်နေကြတယ်။  အာဆင်နယ်ကလဲ  ကြိုးစားသမျှအရာမထင်ဖြစ်နေတယ်။ ဘာတွေဖြစ်နေသလဲ တစ်ချက်လေ့လာကြည့်ကြရ​အောင်ပါ။

Advertisements

အခုလိုအရေးကြီးနေချိန်မှာ အသင်းက ကစားသမားတွေကို လက်လွှတ်လိုက်ရတာ အဆင်ပြေရဲ့လား?

ဒီမေးခွန်းအတွက်အဖြေကတော့  အပြောင်းအရွေ့မှာ ဘယ်လိုအဆုံးသတ်မယ်ဆိုတာနဲ့ပိုဆိုင်ပါလိမ့်မယ်။  ကလပ်ဟာ အသင်းကို ပိုအင်အားတောင့်လာဖို့အတွက် တောက်လျှောက်အာရုံစိုက်နေပါတယ်။  ဒါပေမယ့်လိုအပ်တဲ့ ကစားသမားတွေကိုသာအဆင်ပြေအောင်မခေါ်ယူနိုင်ရင်တော့ အသင်းဟာ အခြေအနေတော်တော်လေးမကောင်းပါဘူး။ ရည်မှန်းထားတာဖြစ်မလာတဲ့အပြင်  အခြားအသင်းတွေရဲ့နောက်မှာ အများကြီးပြတ်ကျန်ခဲ့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်တွေကိုနေရာပေးဖို့ကြိုးစားနေတဲ့  အာတီတာရဲ့ အစီအစဥ်တွေကိုလည်းဆက်လက်ပြီးစောင့်ကြည့်ရပါဦးမယ်။ လောလောဆယ်တော့ သူ့ရဲ့ လုပ်ငန်းစဥ်ကို ယုံကြည်ထားကြတာပေါ့။

အာတီတာဟာ လိုချင်တဲ့သူမရရင် ခေါင်းမာမာနဲ့ ဖြစ်သလိုရင်ဆိုင်မယ့်သဘောရှိပါတယ်။

သူရှာဖွေနေတဲ့ကစားသမားအမျိုးအစားတွေက  ကြံ့ခိုင်မှုကောင်းရမယ်၊  အလုပ်ကြိုးစားရမယ်၊ ဘောလုံးကိုင်တွယ်ထားချိန်  ၊ ပြန်လည်ဖြန့်ဝေချိန်တွေမှာတည်ငြိမ်မှုရှိရမယ် .. ပြီးတော့ အသင်းလိုက်ကစားတတ်သူဖြစ်ရ​မယ်။ ဒီတော့ အသင်းကထွက်ခွာသွားသူတွေကို ကြည့်ရင်တော့ အာတီတာလိုချင်တဲ့အချက်တွေမရှိကြတာကိုတွေ့ရပါတယ်။

ကစားသမားတွေကိုရှင်းထုတ်နိုင်တာလဲ ကောင်းတဲ့အချက်တစ်ချက်ပါပဲ။ သူတို့ရဲ့ကစားသမားဘဝကလည်း နှောင်းပိုင်းတွေရောက်နေကြပြီဆိုတော့ လုပ်သင့်တဲ့အလုပ်ကိုလုပ်လိုက်တယ်လို့ ယူဆရမှာပါပဲ။ ဘယ်ကစားသမားတွေရောက်လာမလဲဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာပါ။ 

ဒီတော့ အေးအေးဆေးဆေးအနားယူရင်း အပြောင်းအရွေ့ရဲ့နောက်ဆုံးနာရီ ၈၀ ကိုထိုင်ကြည့်နေလိုက်ကြပါစို့။

Advertisements
Advertisement

Leave a Reply

%d bloggers like this: