ကျွန်တော် ထိပ်တန်းကစားသမားတွေနဲ့ ယှဥ်ကစားနိုင်တုန်းပါ – ဂျက်ဝီးရှိုင်းယား

ဂျက်ဝီးရှိုင်းယားတစ်ယောက် ဘောလုံးလောကထဲကိုပြန်ဝင်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။  အလားအလာအကောင်းဆုံးလူငယ်တစ်ယောက်အဖြစ်ကစားသမားဘဝကို စတင်ခဲ့ပေမယ့်  ဒဏ်ရာတွေဟာ ဂျက်ရဲ့ဘဝကို ဆွဲချသွားခဲ့တယ်။ ဘုန်းမောက်အသင်းမှာ သွားရောက်ကစားခဲ့သေးပေမယ့် အဲံဒီနောက်ပိုင်းမှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့အာဆင်နယ်နောက်ဆုံးနှစ်တွေဟာ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ 

အခြေအနေအရပ်ရပ်ကြောင့် ဂျက်အတွက် အသင်းတစ်သင်းကိုရှာဖွေဖို့ထက် ကြံ့ခိုင်မှုကိုပြန်လည်ဆောက်ဖို့ပိုပြီး ဦးစားပေးခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ အာဆင်နယ်အသင်းရဲ့ ဂျက်ကို ဖိတ်ခေါ်ပြီးအသင်းနဲ့တူတူလေ့ကျင့်စေမှုက ပရိတ်သတ်တွေအတွက် တော်တော်လေးလှိုက်လှဲစွာခံစားခဲ့ရတဲ့အခိုက်အတန့်ပါပဲ။ အာတီတာရဲ့ ပထမအသင်းနဲ့အတူ လေ့ကျင့်ရေးမှာ ဂျက်ကိုတွေ့မြင်ရပါတယ်။  ပါတီနိုနဲ့ ဂျက်နဲ့ တူတူတွဲပြီးမြင်ရတဲ့အခိုက်အတန့်ဟာ ပရိတ်သတ်တွေကြည်နူးရချိန်တစ်ခုပါ။

ဒီကြားထဲမှာ အာဆင်နယ်ရဲ့ ကွင်းလယ်လူ လိုအပ်မှုနဲ့အတူ ဂျက်ကို ပရီတ်သတ်တွေက အသင်းမှာပြန်မြင်ရဖို့ မျှော်လင့်လာကြပါတယ်။ အသင်းနဲ့အတူတူလဲ Activity အချို့မှာ မကြာခနတွေ့မြင်ရတာကြောင့် ပရိတ်သတ်တွေရဲ့မျှော်လင့်ချက် ကပိုပြီးတိုးလာခဲ့ပါတယ်။  အာတီတာကတော့  မယုတ်မလွန်ပြောရင်း ဂျက်နဲ့သတင်းတွေကို အတည်မပြုသလို ယတိပြတ်ငြင်းဆန်ခြင်းလဲမပြုခဲ့ပါဘူး။

ဂျက်တစ်ယောက်ကြံ့ခိုင်မှုတည်ဆောက်ရင်း အသင်းသစ်ရဖို့တဖြေးဖြေးနီးစပ်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ  သူ့အတွက် အာဆင်နယ်နဲ့အတူ ဒူဘိုင်းမှာ အတူတူလေ့ကျင့်ဖို့ အခွင့်အရေးပေါ်လာခဲ့တယ်။ သိရတဲ့သတင်းတွေအရ ဂျက်မှာ  အာဆင်နယ်က ကမ်းလှမ်းမှုကို မျှော်လင့်နေပြီး  အပြောင်းအရွေ့ရဲ့နောက်ဆုံးကာလအထိစောင့်စားလိုနေတာဖြစ်ပါတယ်။

Advertisements

Daily Mail ကို အခုလိုပဲသူကဖြေခဲ့ပါတယ်။

“ အာဆင်နယ်ကို ပြန်ရောက်လာကတည်းက ကျွန်တော်အမြဲတန်းပြောခဲ့တာက ဇန်နဝါရီရောက်မှပဲ အနာဂတ်ကိုဆုံးဖြတ်မယ်ဆိုတာဖြစ်ပါတယ်။  ပွဲတွေနဲ့ဝေးနေတဲ့သူတစ်ယောက်အနေနဲ့ဘာဆက်ဖြစ်မယ်ဆိုတာကို မသိနိုင်ပါဘူး။

ဒါပေမယ့် လေ့ကျင့်နေရင်းနဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝမဆုံးသေးဘူလို့ ယုံကြည်နေမိပါတယ်။ ဘာလို့လဲဆိုတော့  ကျွန်တော့်မန်နေဂျာ (အာတီတာ) ကထိပ်တန်းတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်သာအရည်အချင်းမရှိဘူးဆိုရင် သူက ပထမအသင်းကြီးနဲ့ ပေးပြီးလေ့ကျင့်စေမှာ မဟုတ်ပါဘူး။  ကျွန်တော် ထိပ်တန်းကစားသမားတွေပါဝင်နေတဲ့လေ့ကျင့်ရေးမှာ သူတို့နဲ့ ယှဥ်ကစားနိုင်တုန်းပါ။ ဒါဟာ ကျွန်တော် မပြီးဆုံးသေးဘူးဆိုတဲ့ လက္ခဏာပါပဲ .. ကျွန်တော်ဆက်ပြီးကစားနေချင်သေးတယ်ဗျာ “  ဆိုပြီးပြောခဲ့တာပါ။

အာဆင်နယ် ပရိတ်သတ်တစ်ယောက်အနေနဲ့ တွေးရင်လဲ စိတ်မကောင်းစရာခံစားရမှာဖြစ်ပြီး အသင်းမှာ သူ့ကိုပြန်မြင်ချင်ပါလိမ့်မယ်။  တစ်ဖက်ကြည့်ရင်လဲ  လိုချင်တဲ့ကစားသမားမရရင်​ရေတိုအဖြစ်ဂျက်ကို ခေါ်တာ အဆင်ပြေတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ကစားသမားတွေရဲ့စျေးနှုန်းတွေဖြစ်ချင်တိုင်းဖြစ်နေချိန်မှာ လတ်တလောလိုအပ်ချက်ကို  အလျင်စလိုဖြည့်ပြီး ပရိတ်သတ်ကို နှစ်သိမ့်တာက မှန်တဲ့နည်းလမ်းတော့လဲ ဟုတ်မနေဘူး မဟုတ်လား။

ပြီးတော့  အသင်းရဲ့ အဓိက ကျတဲ့ Major Number တစ်ခုဖြစ်တဲ့  ဂျာစီနံပါတ် ၁၂  ကို လေ့ကျင့်ရေးကာလတစ်လျောက်ဝတ်ဆင်တာကလည်း တစ်စုံတစ်ရာကို ရည်ညွန်းနေတာလဲဖြစ်နိုင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: