နောက်ဆုံးရ အာဆင်နယ် သတင်းများ(28Jan)

ကမ်းလှမ်းမှုတွေရှိထားပေမယ့်  အာဆင်နယ်အသင်းအတွက် တံခါးဖွင့်ထားဆဲ ဂျက်

အာဆင်နယ်အသင်းနဲ့အတူလေ့ကျင့်ရေးဆင်းနေတဲ့ ဝီရှိုင်းယားကို  AEK Athens ၊ စီးရီးဘီကလပ် မွန်ဇာတို့အပါအဝင်  ချန်ပီယံရှစ်ကလပ် ၄ သင်းတို့က ခေါ်ယူလိုနေတယ်လို့သိရပြီးကစားသမားအနေနဲ့ အပြောင်းအရွေ့မပိတ်ခင်မှာ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ဂျက်ဟာ အာဆင်နယ်အသင်းနဲ့အတူ  ဒူဘိုင်းမှာလေ့ကျင့်ရေးဆင်းနေပြီး ၊  အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေတာကြောင့်  ဆုံးဖြတ်ချက်မချသေးတာလို့လဲ သိရပါတယ်။

ကူလူဆက်စကီအတွက်  ဆက်သွယ်ထားတယ်လို့ သတင်းများဖော်ပြ

အာဆင်နယ်အသင်းဟာ  ကူလက်ဆက်စကီအတွက် ဂျူဗင်တပ်စ်အသင်းထံကို  အခုရက်ပိုင်းမှာပဲ ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ Football Italia နဲ့ Inside FUTBOL က ဖော်ပြလာပါတယ်။ လန်ဒန်ကလပ်ဟာ ဂျူဗင်တပ်စ်တို့မျှော်လင့်ထားတဲ့ပမာဏနဲ့ ချဥ်းကပ်ခဲ့ရဲ့လား ဆိုတာကိုတော့ အတိအကျမသိရှိကြောင်း အဆိုပါသတင်းများအရ  သိရပါတယ်။

Advertisements

မိုတာရာကို မရရင်  အူဘာကို ခေါ်မယ့် ဘာကာ

နောက်ဆုံးသတင်းများအရ  ဂျူဗင်တပ်စ်အသင်းဟာ ဗလာဟိုဗစ်ကို  ယူရို ၇၅ သန်း ( + Add Ons) နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒါကြောင့် ဘာစီလိုနာအသင်းကလည်း  ဂျူဗီတိုက်စစ်မှုး မိုရာတာကို ပြန်လည်ပစ်မှတ်ထားနေပြီး ၊ အူဘာမီယန်ကိုလည်း  မိုရာတာနဲ့အတူတူ ခေါ်ယူလိုတဲ့စာရင်းထဲမှာရှိနေတယ်လို့ Barca Universal Weblog ရဲ့အဆိုအရ သိရပါတယ်။

နီဗက်စ်အတွက် အာဆင်နယ် ဆွေးနွေးနေပြီလို့ ရေးသားနေကြ

Corriere Dello Sport  ရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ  ဝုဗ်အသင်းရဲ့  နီဗက်စ်အတွက်ဆွေးနွေးမှုတွေစတင်နေပြီလို  သိရပါတယ်။ ထို့အတူ အခြားသောသတင်းတစ်ခုမှာလည်း ယူနိုက်တတ်တို့က  အဆိုပါကစားသမားကိုအရခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။  ဝုဗ်အသင်းဖက်ကလဲ  သူတို့ရဲ့ကစားသမားကို  ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

လူးဝစ်ကို ကြိုးစားမယ့် အာဆင်နယ်

တယ်လီဂရပ်သတင်းထောက်  ဂျွန်ပါစီက   အာဆင်နယ်အသင်းဟာ  ဗီလာရဲ့   ဒေါက်ဂလပ်လူးဝစ်ကို ခေါ်ယူဖို့ကြိုးပမ်းမှာဖြစ်တယ်လို့  ရေးသားလာပြီး  ဗီလာတို့ကလည်း ဂျူဗီရဲ့  ကွင်းလယ်လူ  ဘန်တန်ကူကို စုံစမ်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။  ကောလာဟာလများအရ  ချိန်ဘာစ်ရဲ့အပြောင်းအရွေ့ကလည်း  လူးဝစ်အတွက် တစ်စိတ်တစ်ပိုင်းလို့ သိထားရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: