အာဆင်နယ်အသင်းမှာနေရာမရခဲ့တဲ့ ဝီလျှံဆာလီဘာက U23 အသင်းနဲ့အတူတူသွားကစားခဲ့ရတာဟာ မျက်နှာကို ဖြတ်ရိုက်ခံရသလိုပဲ လို့တင်စားပြီး ပြန်ပြောပြလာခဲ့ပါတယ်။
လောတလောမှာ မာဆေးလ်အသင်းနဲ့အတူ အစွမ်းတွေပြနေတဲ့ ဆာလီဘာက ၂၀၁၉ ခုနှစ်တုန်းက စိန့်အက်တီယန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။ မျှော်လင့်ချက်အကြီးကြီးတွေကို ထမ်းပိုးပြီးလန်ဒန်ကိုရောက်လာခဲ့ရပေမယ့် အခုအချိန်ထိ တစ်ကြိမ်တောင်ပွဲထွက်ခွင့်မရခဲ့ပါဘူး။ အသက် ၂၀ အရွယ်ကစားသမားလေးဟာ U23 အသင်းနဲ့အတူ Papa John’s Trophy ပွဲအတွက် ဂီလင်ဂမ်အသင်း ၊ ဝင်ဘယ်ဒန်အသင်းတို့ကို ရင်ဆိုင်တဲ့ပွဲတွေမှာ ဝင်ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နိုက်စ်အသင်းကို ပြောင်းသွားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်သတင်းစာ RMC နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဆာလီဘာက အဂ်လန်ရဲ့ အဆင့်နိမ့်ပွဲတစ်ခုမှာ သူ့ကို ကစားစေခဲ့တာဟာ အိပ်ရာက လှန့်နှိုးခံလိုက်ရသလိုပါပဲလို့ ဆိုပါတယ်။ ဘာဖြစ်လို့ သူက ဒီလိုအမြင်ရှိနေတာပါလဲ။
“ အာဆင်နယ်ကိုမသွားခင်တုန်းက ကိုယ့်စိတ်ထဲမှာထင်နေတာက အသင်းကြီးမှာသေချာပေါက်ကစားရမယ်။ ဘယ်သူတွေနဲ့တွဲကစားမယ် အဲ့ဒီလိုတွေပေါ့ဗျာ .. ဒါပေမယ့် ဒီအသင်းကိုရောက်လာတော့ တစ်ပွဲမှမကစားခဲ့ရဘူး ၊ ပြီးတော့ U23 နဲ့တူတူသွားကစားရတယ်။ ဒါဟာ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ “
နိုက်စ်အသင်းကနေပြန်လာတော့ မာဆေးအသင်းကိုထပ်ရောက်ပါတယ်။ဒီတစ်ခါတော့ သူ့လိုပဲ အာဆင်နယ်မှာ အဆင်မပြေတဲ့ ဂွမ်ဒူဇီပါရောက်လာပါတယ်။ လောလောဆယ်မှာတော့ ဆာလီဘာတစ်ယောက် ခြေစွမ်းတွေပြနေပါပြီ။ သူအနေနဲ့မေ့သင့်တဲ့ ကိစ္စတွေကို မေ့ထားနိုင်ခဲ့ပုံရပါတယ်။
ပြင်သစ်လက်ရွေးစင်ကလေးဟာ ပြင်သစ်လိဂ်မှာ ၂၁ ပွဲကစားထားပြီး အစွမ်းတွေပြသနေတာဖြစ်လို့ အချို့သော အာဆင်နယ်ပရိတ်သတ်တွေဟာ သူ့ကို အမ်းမရိတ်ဆီပြန်ခေါ်ဖို့ တိုက်တွန်းနေကြတာလဲရှိပါတယ်။ ပြင်သစ်ဖက်မှာကျတော့ သူ့ကို အပြီးသတ်ခေါ်ချင်နေကြပြန်ပါတယ်။ ဒါပေမယ့် မာဆေးအသင်းရဲ့အနေအထားကြောင့်သူ့ကိုခေါ်ယူဖို့ကတော့ မဖြစ်နိုင်ပါဘူး။
လောလောဆယ်မှာတော့ အာဆင်နယ်နဲ့ ပွဲကိုမထွက်ရသေးတဲ့ကစားသမားလေးဟာ အနာဂတ်အကြောင်းမတွေးပဲ လက်ရှိကိုပဲအာရုံစိုက်နေပါပြီ။ အရင်တစ်ခါတုန်းက စိတ်ကူးယဥ်ခဲ့ပြီး ထင်တိုင်းမဖြစ်ခဲ့တာကိုသင်ခန်းစာယူခဲ့ပုံပါပဲ။ အမ်းမရီတ်ကိုရောက်လာ ၊ မလာကတော့ ဘယ်သူမှမသိနိုင်သေးတဲ့ကိစ္စပေါ့။