အာဆင်နယ်ကို ရောက်လာမယ့် မတ်တာနာဆိုတာ ဘယ်သူလဲ

အာဆင်နယ်ဟာ လာမယ့် နွေရာသီမှာ နယူးအင်္ဂလန်ဂိုးသမား မတ်တာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးလို့ အမေရိကန်လက်ရွေးစင်အသင်း မန်နေဂျာ ဂရတ်ဘာဟတ်တာက အတည်ပြုပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ မတ်တာနာကို ခေါ်ယူဖို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄.၈သန်း ကုန်ကျမှာ ဖြစ်ပြီး ကစားသမားရဲ့စွမ်း‌ဆောင်ရည်ပေါ်မူတည်ပြီး အပိုဆုကြေးငွေ ပေါင် ၃သန်းအထိ ထပ်မံပေးချေရဖွယ် ရှိပါတယ်။ 

အမေရိကန် မေဂျာလိဂ်မှာသာ ၂၀၁၆ကတည်းက စကစားနေခဲ့တဲ့ မတ်တာနာအတွက် ဒါဟာ ကြီးမားတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်။ တာနာရဲ့ ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး သူ့ရဲ့နိုင်ငံလက်ရွေးစင် မန်နေဂျာက ခုလိုပဲ ဆိုခဲ့ပါတယ်။ 

“ တာနာဟာ အာဆင်နယ်ကို ပြောင်းရွှေ့တော့မှာပါ။ ဒါဟာ တကယ်ကို အံ့ဩဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ သူ့ရဲ့ နှိမ့်ချတတ်မှု၊ အလုပ်အပေါ် လေးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အရှုံးမပေးတတ်တဲ့စိတ်တွေကြောင့် ခုလိုမျိုးဖြစ်လာခဲ့တာပါ ” 

မတ်တာနာ နွေရာသီမှာ ရောက်ရှိလာတော့မယ်ဆိုတာဟာ လီနို အသင်းကျနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ပိုပြီး သေချာစေခဲ့ပါတယ်။ လီနိုဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၁၈လသာ ကျန်ပါတော့တယ်။လီနိုနေရာကို ၀င်လာမယ့် မတ်တာနာက ဘယ်လိုသူလဲဆိုတာ ပရိသတ်တွေအတွက် စိတ်၀င်စားစရာ အကြောင်းအရာ တစ်ခုဖြစ်တာကြောင့် ခုလိုပဲ ‌တင်ဆက်ပေးလိုက်ရပါတယ်။ 

Advertisements
  • မတ်တာနာဟာ လက်စွမ်းကောင်းမွန်တဲ့ ဂိုးသမားတစ်ဦးဖြစ်ပေမယ့် build-up playမှာတော့ အရမ်း ကျွမ်းကျင်တဲ့သူ မဟုတ်ပါဘူး။ ဂိုးဧရိယာအပြင်ထွက်ပြီး ဘောလုံး ရှင်းလင်းတဲ့နေရာမှာလည်းအနည်းငယ် အားနည်းချက် ရှိပါတယ်။ 
  • အမေရိကန် မေဂျာလိဂ်မှာ တာနာဟာ နာမည်ကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။၂၀၂၁ မေဂျာလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရခဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို သိမ်းပိုက်ထားသူလည်း ဖြစ်ပြီး ၂၀၂၁ CONCACAF Gold Cupမှာ ရွှေလက်အိတ်ဆုကိုလည်း ရထားခဲ့သူ ဖြစ်ပါတယ်။ 
  • တာနာနဲ့ နယူးအင်္ဂလန်အော်ဗော်လူးရှင်းတို့ရဲ့ စာချုပ်သက်တမ်း ဘယ်လောက်ကျန်သေးတာလဲဆိုတ‌ယတော့  လူသိရှင်ကြား ကြေညာထားခြင်းမရှိပါဘူး။
  • အရပ်က ခြောက်ပေသုံးလက်မရှိပြီး အသက်ကတော့ ၂၇နှစ်ထဲရောက်နေပြီဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင်အသင်းမှာ ၂၀၂၁ ဇန်နဝါရီမှာ စတင်ရွေးချယ်ခံခဲ့ရပြီး အဲ့ဒီအချိန်ကစပြီး အမေရိကန်ဘောလုံးအသင်းရဲ့ ဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါတယ်။‌
  • မေဂျာလိဂ်မှာတော့ ၂၀၁၈၊မတ်လ မှာနယူးအင်္ဂလန်‌ရယ်ဗော်လူးရှင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ရဲ့ ပထမဆုံး ပွဲစဉ်ကိုတော့ ရစ်မွန်ကစ်ကာအသင်းမှာအငှားကစားနေရင်း ၂၀၁၆၊ဧပြီလမှာ ကစားခွင့်ရခဲ့ပါတယ်။ 
  • တာနာဟာပင်နယ်တီကာကွယ်တဲ့နေရာမှာ ထူးချွန်သူဖြစ်ပြီး ‌မှတ်မှတ်ရရ ၂၀၂၁၊ဩဂုတ်လမှာကစားခဲ့တဲ့  MLS All Stars နဲ့ Liga MX All Stars အသင်းတို့ရဲ့ပွဲစဉ်မှာ ပင်နယ်တီကာကွယ်မှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ 

၂၀၂၁ဟာ သူ့အတွက် အအောင်မြင်ဆုံး နှစ်နှစ်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မှာတော့ သူ့ရဲ့နာမည်ကို အာဆင်နယ်အသင်းရဲ့ ဂျာစီမှာ ရေးထိုးဖို့အထိဖြစ်လာခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: