အာသာမယ်လိုနဲ့ပတ်သက်ပြီး ဒါရိုက်တာနဲ့ ဘုတ်အဖွဲ့ ဘယ်သူမှန်သလဲ

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးဟာ ဂျုဗင်တပ်ကွင်းလယ်လူ အာသာမယ်လိုကို ခေါ်ယူဖို့  အီတလီကလပ်ရဲ့ တာ၀န်ရှိသူတွေနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ဘုတ်အဖွဲ့ကတော့ အီဒူးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။ 

အကြောင်းရင်းကတော့ ဂျူဗင်တပ်တောင်းဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်တွေကြောင့် ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ မယ်လိုကို ရာသီကုန်အထိသာ အငှားစာချုပ်နဲ့ ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ကတော့ ၁၈လအငှားစာချုပ်အပြင် စာချုပ်သက်တမ်းကုန်သွားရင် ပေါင်၃၆သန်းနဲ့ မဖြစ်မနေ အပြီးသတ်ခေါ်ယူဖို့ ဆိုတဲ့ အချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်ရဲ့ တောင်းဆိုမှုကို အီဒူးက သဘောတူခဲ့ပေမယ့် ဘုတ်အဖွဲ့ကတော့ အီဒူးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ 

အာတီတာကလည်း အသင်းနဲ့ ရေရှည်လက်တွဲနိုင်မယ့်၊ အသင်းကို သေချာပေါက်တိုးတက်စေနိုင်မယ့် ကစားသမားကို ခေါ်ယူချင်တာဖြစ်ပါတယ်။ အီဒူးကလည်း လက်ရှိအာဆင်နယ်ရဲ့ ကွင်းလယ်အင်အားကို မဖြစ်မနေဖြည့်တင်းဖို့ လိုအပ်နေတာက တစ်ကြောင်း၊ ဇန်နဝါရီရဲ့နောက်ဆုံးနေ့ရက်တွေကို ရောက်ရှိလာတာကြောင့် လည်းကောင်း ဂျူဗင်တပ်ရဲ့ တောင်းဆိုမှုကို သဘောတူခဲ့ဟန်တူပါတယ်။ 

Advertisements

တစ်ဖက်မှာလည်း ကွင်းလယ်အတွက် ရေတို အင်အားဖြည့်တင်းဖို့ ၁၈လစာချုပ်၊‌ ပေါင်၃၆သန်းနဲ့ အာသာမယ်လိုကို ခေါ်ယူရမယ်ဆိုတာက အဆင်မပြေတဲ့ တောင်းဆိုမှုတစ်ခုဖြစ်နေပြန်ပါတယ်။ဒါကြောင့် ဘုတ်အဖွဲ့ကတော့ အီဒူးရဲ့ ဆုံးဖြတ်ချက်ကို ဒီတစ်ကြိမ်မှာ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် အာသာမယ်လိုကို မေ့လိုက်လို့ ရပြီလို့ ဆိုနိုင်ပါပြီ။ 

အာဆင်နယ်ကွင်းလယ်လူ အယ်နီနီက‌တော့ အီဂျစ်အသင်းနဲ့အတူ အာဖရိက ဖလားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ်အာဖရိကပြိုင်ပွဲ၀င်ကစားသမားဖြစ်တဲ့ ပေပေကတော့ အာဖရိကခရီးကို နှုတ်ဆက်ပြီး အာဆင်နယ်အသင်းနဲ့ လာရောက်ပူးပေါင်းဖို့ ရှိနေပါတယ်။ 

လက်ရှိမှာ အာဆင်နယ်ဟာ ဒူဘိုင်းမှာ လေ့ကျင့်ခန်း‌ဆင်းနေကြတာဖြစ်ပါတယ်။  နည်းပြအာတီတာကလည်း ရက်ပိုင်းအတွင်းမှာပဲ ခရွန်ကီနဲ့ သွားရောက်တွေ့ဆုံထားတာကို သတင်းတွေအရသိရပါတယ်။ သတင်းဌာနကြီးတွေရဲ့   ဆောင်းပါးရှင်များနဲ့ ဂျာနယ်လစ်များကတော့ အီဒူးရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: