နောက်ဆုံးရ အာဆင်နယ် သတင်းများ(27Jan)

လူးဝစ်ကို  ချဥ်းကပ်လာမယ်လို့  ဖော်ပြလာတဲ့ သတင်းဌာန

အာဆင်နယ်အသင်းဟာ  ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ကို ချဥ်းကပ်လာဖွယ်ရှိတယ်လို့ Birmingham Time သတင်းဌာနကဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိထားတာဖြစ်ပြီး  အသင်းနဲ့ စာချုပ်သစ်ကိစ္စကို ဆွေးနွေးခြင်းမရှိသေးဘူးလို့ နည်းပြဂျာရတ်က ဝန်ခံပြောကြားထားပါတယ်။ II Romanista ရဲ့ ဖော်ပြချက်အရ   လူးဝစ်ဟာ တန်ကြေး ၂၉ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

အူဘာမီယန်ဘယ်ကိုရွေ့မလဲ

အေစီမီလန်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှုးများဖြစ်ကြတဲ့  ဇလာတန်နဲ့ ဂျီရူးတို့ရဲ့ ကြံ့ခိုင်မှုအနေအထားတွေကြောင့် အူဘာမီယန်ကို ခေါ်ယူလိုနေတယ်လို့ Football Italia ကဖော်ပြလာပါတယ်။  ဒါပေမယ့် ကစားသမားရဲ့ တပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဆိုတဲ့ပမာဏ ကြောင့် အတားအဆီးဖြစ်နေတယ်လို့ သိရပါတယ်။ အူဘာဟာ အသင်းရဲ့ ဒူဘိုင်းခရီးစဥ်ကိုလဲ လိုက်ပါသွားခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီသတင်းတွေအပြင် The Canary Leaks  (via Sport Mole) ရဲ့ ဖော်ပြလာမှုအရ  အာဆင်နယ်အသင်းဟာ ပေါ်တိုတောင်ပံကစားသမား မက်ဒီ တာရီမီ ကိုခေါ်ယူရာမှာ  အူဘာမီယန်ကို အလဲအထပ်အနေနဲ့အသုံးပြုလာဖွယ်ရှိတယ်လို့လဲ  သိရပါတယ်။

Advertisements

အီဆက်ကို ပိုကောင်းတယ်လို့  ပရိတ်သတ်တွေယုံကြည်နေကြ

အာဆင်နယ်ပရီတ်သတ်တွေဟာ  ဆိုစိဒက်ရဲ့ အီဆက်က  ဗလာဟိုဗစ်ထက်ပိုကောင်းတဲ့ကစားသမားလို့ ယုံကြည်နေကြပြီး  အရခေါ်ယူဖို့တိုက်တွန်းနေတယ်လို့ HITC ကဖော်ပြလာပါတယ်။ စပိန်ဘောလုံးကျွမ်းကျင်သူဖြစ်ဲ့  အဲဗာရို မွန်တဲရိုကလည်း  Sky Sport ရဲ့အစီအစဥ်မှာ “ အီဆက်ဟာ ဗလာဟိုဗစ်အစားခေါ်ယူဖို့ အကောင်းဆုံးကစားသမား “ လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အီဆက်ဟာ အရပ်မြင့်  ၆ပေ၄လက်မရှိပြီး ဗလာဟိုဗစ်ထက် ၁ လက်မ ပိုမြင့်တယ်လို့ သိရပါတယ်။

၁၇ နှစ်သားလေးကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အက်သလက်တီကို မင်နဲရိုးရဲ့ တိုက်စစ်မှုး ဆာဗင်ဟို ကိုစိတ်ဝင်စားနေတယ်လို့  ဖေဘရီဇီယို  ရိုမာနို ကို  ကိုးကားပြီး Football London ကရေးသားလာပါတယ်။  အဆိုပါ  အသက် ၁၇ နှစ်အရွယ်ကစားသမားလေးဟာတိုက်စစ်မှာနေရာစုံကစားနိုင်သူဖြစ်ပြီး  အလားအလာကောင်းတွေပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

နယ်သာလန်တောင်ပံလူကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

Foot Mercato အပါအဝင်ပြင်သစ်ကလာတဲ့သတင်းများအရ အာဆင်နယ်ဟာ   နယ်သာလန်လိဂ်က  PSVအသင်းရဲ့ တောင်ပံကစားသမား ကိုဒေး ဂက်ပို  ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့  သိရပါတယ်။ အဆိုပါ အသက် ၂၂ အရွယ် ကစားသမားဟာ  ဒီရာသီမှာ  ၆ ဂိုးသွင်း  ၁၀ ကြိမ်ဖန်တီးပေးထားနိုင်တဲ့သူဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: