အကယ်ဒမီကစားသမားလေးကို ရှက်ဖီးဆီအငှားထပ်ချတဲ့ အာဆင်နယ်
အကယ်ဒမီထွက်တိုက်စစ်မှုးလေးဂျွန်ဂျူးလ်ဟာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင်းစ်ဒေးအသင်းကို ရာသီကုန်အထိ အငှားနဲ့သွားရောက်ကစားတော့မှာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်တိုက်စစ်မှုးလေးရဲ့ ၁၂ ပွဲသာကစားခဲ့ရတဲ့ ဘလက်ပူးခရီးစဥ်မအောင်မြင်ခဲ့တဲ့နောက်မှာ အသင်းကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ယခုလို နောက်တစ်ကြိမ်အငှားချလိုက်တာပါ။ လတ်တလေမှာ ရှက်ဖီးအသင်းဟာ ပထမတန်းမှာရုန်းကန်နေရတာပါတယ်။
မာဆေးလ်ကို အပြီးပြောင်းချင်နေတဲ့ ဆာလီဘာ
မာဆေးအသင်းမှာသွားရောက်ကစားနေတဲ့ ဆာလီဘာဟာ ပြင်သစ်မှာပျော်ရွင်နေပေမယ့် စာချုပ်အရ အပြီးသတ်ခေါ်ယူခွင့်မပါဝင်တာကြောင့် ရာသီကုန်မှာ အာဆင်နယ်ဆီကို ပြန်လာရဖို့ရှိနေတယ်လို့ Sport Witness ကဖော်ပြလာပါတယ်။ ဒါ့အပြင် မာဆေးလ်ဖက်က ဆာလီဘာကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်ဆိုရင်လဲ အပြောင်းအရွှေ့ပိတ်ပစ်ဒဏ်ကြောင့် လုပ်ဆောင်ဖို့ခက်ခဲမှာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ဖြစ်နိုင်ဖွယ်တိုက်စစ်မှုးတွေကို သုံးသပ်လာတဲ့ သတင်းထောက်
Goals ရဲ့သတင်းထောက် ချားလ်ဝက်စ် က အာဆင်နယ်အသင်းရဲ့ဖြစ်နိုင်ခြေတိုက်စစ်
မှုးကို အခုလိုပဲသုံးသပ်ခဲ့ပါတယ်။ “ သူတို့ ကဲဗက်လီဝင်နဲ့ ဒေးဗစ် ကို တကယ်စိတ်ဝင်စားနေကြတာပါ။ ဒါပေမယ့် လီဝင်ကို အဲဗာတန်က လွယ်လွယ်ကူကူလက်လွတ်မှာ မဟုတ်သလို ၊ ဒေးဗစ်ကလဲ ဇန်နဝါရီမှာ အသင်းကထွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီလိုပဲ နားလည်ထားပါတယ် “ လို့ သူ့ရဲ့ ကိုယ်ပိုင် Youtube Channel ကတစ်ဆင့်ပြောသွားခဲ့တာဖြစ်ပါတယ်။
လီနို ကိုစိတ်ဝင်စားနေကြတဲ့ အသင်းများ
အာဆင်နယ်ဂိုးသမားလီနိုကို ဒေါ့မွန်အသင်းနဲ့ လိုက်ဇစ်အသင်းတို့က စိတ်ဝင်စားစောင့်ကြည့်နေကြတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို Standard Sport ကမေးမြန်းတဲ့အခါမှာလည်း “ မှန်ပါတယ် .. ကျွန်တော်တို့ ဘန်းန် အတွက် ကမ်းလှမ်းမှုတွေအများကြီးရထားပါတယ်။ သူ့လိုအရည်အချင်းရှိတဲ့သူတစ်ယောက်အတွက် ဒီလိုသတင်းမျိုးက ပုံမှန်ပါပဲ။ ဒါပေမယ့် ကမ်းလှမ်းမှုတွေကို အလွယ်တကူ လက်ခံပြောဆိုသွားမှာမဟုတ်ပါဘူး။ သူ့ရဲ့စာချုပ်က ၂၀၂၃ အထိရှိနေပါသေးတယ် “ လို့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
လန်ဒန်မှာ အိမ်ရှာနေတဲ့ မယ်လို
အီတလီသတင်းထောက် အာဇိုကီ က အာသာမယ်လိုတစ်ယောက် လန်ဒန်မှာ အိမ်ရှာနေပြီဖြစ်ကြောင်း Sky Sports’ Transfer Show အစီအစဥ်မှာ ပြောဆိုသွားပါတယ်။ ကစားသမားအတွက် ဂျူဗီဖက်ကတောင်းဆိုထားတဲ့ ၁၈ လ သက်တမ်းစာချုပ်ကို အာဆင်နယ်အသင်းက လက်ခံလိုက်ပြီးလို့ သတင်းထွက်ထားပြီးဖြစ်ပေမယ့် တရားဝင်ကြေငြာချက်တစုံတရာတော့ မရှိသေးတာဖြစ်ပါတယ်။ ကစားသမားဟာ ဂျူဗီနည်းပြ အယ်လီဂရီလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။