နောက်ဆုံးရ အာဆင်နယ် သတင်းများ(24Jan)

အဇီးနဲ့  ဂျွန်ဂျူးလ်တို့ကို အငှားပြန်ချမယ့် အာတီတာ

အငှားကနေ ပြန်ခေါ်ထားတဲ့  လူငယ်ကစားသမားလေးတွေနဲ့ပတ်သတ်ပြီး အာတီတာက အခုလိုပဲပြောခဲ့ပါတယ်။

မီဂွယ်ကတော့ ကိုဗစ်ဖြစ်နေခဲ့ပြီး ပွဲတွေမှာဝင်မကစားနိုင်ခဲ့ပါဘူး။  တိုင်ရီစီဂျွန်ဂျူးလ်ကိုတော့  အခြားသော အစီအစဥ်တွေရှိလို့ အငှားကပြန်ခေါ်ခဲ့တာပါ။  အငှားချတယ်ဆိုတာ သူတို့တွေမကြုံဘူးသေးတဲ့  အတွေ့အကြုံတွေရရှိစေဖို့ပါ။  ဒါကြောင့် ကစားခွင့်နဲတဲ့အခါမှာ အသင်းကိုပဲပြန်လာစေပြီး  ဘာဆက်လုပ်ကြမယ်ဆိုတာ ဆွေးနွေးကြတာဖြစ်ပါတယ်။ သူတို့ဟာလည်း အသင်းကို သူ့အတိုင်းအတာနဲ့သူ အကျိုးပြုနိုင်ကြသူတွေဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲပြီးလို့  အချိန်ပိုရလာတဲ့အခါမှာသူတို့အတွက် လုပ်စရာရှိတာတွေလုပ်နိုင်ပါလိမ့်မယ်။  အပြောင်းအရွှေ့မပိတ်ခင်မှာ သူတို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာတွေ စီစဥ်သွားဖို့ရှိပါတယ် “  လို့ဆိုခဲ့တာပါ။

ဒူဘိုင်းကို လိုက်သွားမယ့် ဂျက်

အာဆင်နယ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေတဲ့  ဂျက်ဝီးရှိုင်းယားဟာ  အသင်းရဲ့  ဒူဘိုင်းခရီးစဥ်မှာ လိုက်ပါလေ့ကျင့်မှာဖြစ်တယ်လို့   The Athletic မှ အွန်းစတိန်းက  ဆိုပါတယ်။ ဒါပေမယ့်   ယခုလိုလိုက်ပါခြင်းဟာ ရေရှည်အစီအစဥ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပဲ လေ့ကျင့်ရေးသက်သက်သာဖြစ်တယ်လို့ သိရပါတယ်။  အခုထက်ထိ ကွင်းလယ်လူမခေါ်ရသေးတဲ့ အာဆင်နယ်အသင်းကို  ပရိတ်သတ်တွေက တွန်းအားပေးနေကြပြီး ၊  ဂျက်ကိုလည်းအသင်းမှာ မြင်တွေ့နေလိုကြတာဖြစ်ပါတယ်။

လူကာဂျိုဗစ်ကို ချိန်ရွယ်နေပေမယ့် ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ် သံသယရှိနေကြ

ဗလာဟိုဗစ်ကိုခေါ်ယူရေးခက်ခဲလာချိန်မှာ  ရီးရဲတိုက်စစ်မှုးလူကာဂျိုဗစ်ကို ကာလတိုနဲ့ခေါ်ယူဖို့ကိုလည်း အာဆင်နယ်တို့ အာရုံထားလာတယ်လို့ သတင်းများကဖော်ပြလာပါတယ်။ တဖက်မှာလည်း ၂ ရာသီလောက်ပုံစံကောင်းမရထားတဲ့သူကို ခေါ်ယူခြင်းဟာ စွန့်စားရတဲ့ကိစ္စမျိုးဖြစ်တယ်လို့  The Boot Room က သုံးသပ်ထားပါတယ်။  ရီးရဲဖက်ကတော့ ကစားသမားကို သန်း ၅၀ ဝန်းကျင်ခန့်လိုချင်နေတာမို့ အာဆင်နယ်တို့ ခေါ်ယူဖြစ်ရင်လဲ  ကာလတိုပဲဖြစ်ဖို့ရှိနေပါတယ်။

ချန်ပီယံရှစ်ကလပ်ကို ပြောင်းမယ့် ကားလ်ဟိန်း

အသက် ၁၉ နှစ်အရွယ် ဂိုးသမားလေး ကားလ်ဟိန်း ဟာ  ရာသီကုန်အထိ ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းကို အငှားနဲ့ပြောင်းရွေ့သွားပြီဖြစ်ပါတယ်။  စီနီယာအဆင့်ဂိုးသမားမရှိဖြစ်နေတဲ့  ရီးဒင်းအသင်းကို အာဆင်နယ်လူငယ်လေးဟာ သွားရောက်အားဖြည့်မှာဖြစ်ပါတယ်။  ရီးဒင်းအသင်းဟာ  အမှတ်ပေးဇယားမှာ အဆင့် ၂၁ အနေအထားနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

အမ်ပိုလီလူငယ်ကို စိတ်ဝင်စားနေတဲ့အာဆင်နယ်

အမ်ပိုလီအသင်းရဲ့   ကွင်းလယ်အဖျက်ကစားသမားလေး  ဆမ်မြူလီ ရီစီ  ကို အာဆင်နယ်တို့က စိတ်ဝင်စားနေတယ်လို့ Calciomercato ကဖော်ပြလာပါတယ်။  အသက် ၂၀ အရွယ် လူငယ်ေလးဟာ ဒီရာသီမှာ  ၂၁ ပွဲကစား ၊ ၁ ဂိုးသွင်းပြီး  ၁ ကြိမ်လဲဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။  အသင်းရဲ့ပေါ်လစီက လူငယ်ကစားသမားတွေကိုနေရာပေးတာကြောင့်  အီတလီသားလေးကိုခေါ်ယူရေးမှာ အားသာချက်တစ်ခုဖြစ်ပေမယ့်   ၊ ပြည်ပထွက်ကစားခဲတဲ့   အီတာလျံတွေကြောင့် အခက်အခဲလဲရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖိအီုအသင်းကိုယ်တိုင်စိတ်ပျက်လာတဲ့ ဗလာဟိုဗစ်နဲ့ အေးဂျင့်တို့ရဲ့ အနေအထား

ဗလာဟိုဗစ်နဲ့ပတ်သတ်ပြီး  အေးဂျင့်ရော ကစားသမားကိုပါ ဖြစ်ချင်တာတွေကို ရှင်းရှင်းပြောဖို့  ဖီအိုရင်တီးနား ဒါရိုက်တာက  ပြောဆိုလာပါတယ်။“  ကျွန်တော်တို့ ဖီအိုရင်တီးနားအသင်းဖက်က အမြဲတန်းပွင့်ပွင့်လင်းလင်းရှိခဲ့ပါတယ်။  ဥက္ကဌပြောတဲ့စကားပဲ ပြန်ပြောပါရစေ။  အားလုံးအတွက်တံခါးဖွင့်ထားပါတယ်။  ကျွန်တော်တို့  ဒူဆန်ဘာဖြစ်ချင်သလဲဆိုတာကိုရော  အေးဂျင့်ကဘာလိုချင်နေတယ်ဆိုတာကို ပါရှင်းရှင်းလင်းလင်းဆွေးနွေးဖို့အသင့်ပါပဲ၊ သူ့ကိုအသင်းမှာဆက်ရှိစေချင်လို့ ကမ်းလှမ်းခဲ့တယ်။  ရောင်းချဖို့လဲ အသင့်ရှိပါတယ်။ အသင်းအတွက်ကတော့ ဒီလိုတန်ကြေးရှိတဲ့ကစားသမားကို အလွတ်နဲ့ထွက်ခွာခွင့်မပေးလိုပါဘူး။  အခုလက်ခံရရှိထားတဲ့  ကမ်းလှမ်းမှုတွေဟာ တော်တော်လေးကောင်းမွန်ပါတယ် .. နှုန်းထား  လစာ ငွေပေးချေမှု  စသည်ဖြင့်ပေါ့ဗျာ ။ ဒါပေမယ့် အေးဂျင့်နဲ့ ဘာကိုမှ ဆွေးနွေးမှုမရှိထားတာကြောင့်   ရှေ့မတိုးနိုင်ဖြစ်နေတာပါ  “  လို့  Sport Italia ကို  ပြောဆိုခဲ့တာပ

Leave a Reply

%d bloggers like this: