ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ လိုအပ်နေတဲ့ အာဆင်နယ် ကစားသမား သုံးဦး

ဆာကာ၊ စမစ်ရိုးတို့လို အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာခဲ့တဲ့နောက် အကယ်ဒမီ ကစားသမားလေးတွေရဲ့ အခန်းကဏ္ဍဟာ အသင်းမှာ ပိုမိုအရေးပါလာခဲ့ပါတယ်။ 

လူငယ်ကစားသမားဘ၀ကနေ စီနီယာအသင်းကြီးမှာ ပါ၀င်ခွင့်ရတယ်ဆိုတာက ကစားသမားတိုင်း လုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ အသင်းရဲ့ အကယ်ဒမီမှာ စီနီယာ အသင်းကြီးမှာ ပါ၀င်ဖို့ အလားအလာကောင်းတွေရှိတဲ့ ကစားသမားများစွာ ရှိပါတယ်။ ဒီကစားသမားလေးတွေထဲကနေ အတွေ့အကြုံရှာ‌ဖွေဖို့အတွက် ဇန်နဝါရီမှာ အသင်းကနေထွက်ပြီး အငှားထွက်ကစားသင့်တဲ့ လူငယ်ကစားသမား သုံးဦးကို ဖော်ပြလိုက်ရပါတယ်။ 

ပါတီနို 

အကယ်ဒမီကြယ်ပွင့်တွေထဲမှာ ပါတီနိုရဲ့ နာမည်ဟာ အတောက်ပဆုံးလို့ ဆိုနိုင်ပါတယ်။ ဂျက်ဝီးရှီးယားလက်သစ်လို့ ပရိသတ်တွေဟာ အမွှန်းတင်ခံထားရတဲ့ ပါတီနိုဟာ သူ့နဲ့ ရွယ်တူတန်းတူ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ခြေစွမ်းကောင်းကို ပြသထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ်၀င်ခွင့်မရခဲ့တာကြောင့် လူငယ်ကစားသမားလေးတွေအတွက်တော့ အသင်းကြီးမှာ ပါ၀င်ခွင့်ရဖို့ အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရပါတယ်။ ပါတီနိုအပါအ၀င် လူငယ်ကစားသမားလေးတွေဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကစားပြီး အတွေ့အကြုံရှာဖို့ လိုအပ်နေပါတယ်။ 

နောတမ်ဟန်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါတီနိုဟာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် သူဟာ ပါရမီရှိတဲ့ လူငယ်တစ်ယောက်ဆိုတာကတော့  သံသယ၀င်စရာ မရှိပါဘူး။ အသက်၁၈နှစ်ပြည့်ခါစ လူငယ်လေးကို အတွေ့အကြုံကောင်းတွေရဖို့ အာဆင်နယ်အနေနဲ့ အငှားချဖို့ပဲ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Advertisements

အိုမာရက်ကစ် 

အရပ်အရှည်ရှည်နဲ့ ကြံ့ခိုင်မှု ကောင်းတဲ့ နောက်ခံကစားသမားလေးရဲ့ကစားဟန်ဟာ ဆလီဘာနဲ့တောင် ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တည်တည်ငြိမ်ငြိမ်ကစားတတ်ပြီး ကွင်းလယ်ကိုလည်း ဘောလုံးကို အကောင်းဆုံးပေးပို့နိုင်တဲ့ အိုမာရက်ကစ်ဟာ အသက်၂၀သာ ရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ တူနီးရှား နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အာဖရိက ဖလားပြိုင်ပွဲမှာလည်း ပါ၀င်ခွင့်ရခဲ့ပါတယ်။ 

အာဆင်နယ်နောက်တန်းမှာဘန်ဝှိုက်၊ဂါဘရီရယ်တို့က အကောင်းဆုံး တွဲဖက်ကာ ခြေစွမ်းပြနေပေမယ့် အခြားသော နောက်ခံလူတွေဖြစ်တဲ့ ဟိုးလ်ဒင်း၊ ချန်ဘာနဲ့  အသင်းပြောင်းသွားတဲ့မာရီတို့ရဲ့ ခြေစွမ်းက အာတီတာအတွက် စိတ်ကျေနပ်စရာ အဆင့်မရှိပါဘူး။‌ နောက်ရာသီမှာ ဆလီဘာကို အငှားချထားရာကနေ ပြန်လည်ခေါ်ယူမှာ ဖြစ်သလို လူငယ်အကယ်ဒမီကစားသမားတွေကိုလည်း နေရာပေးဖို့ ရှိနေပြီး အိုမာရက်ကစ်ကတော့ အတောက်ပဆုံး လူငယ်နောက်ခံကစားသမားပဲ ဖြစ်ပါတယ်။ 

စီနီယာအသင်းကြီးမှာ ပါ၀င်ခွင့်ရဖို့အတွက် အိုမာဟာ အတွေ့အကြုံတွေ ရှာဖို့ပဲ လိုအပ်နေပြီး အာဆင်နယ်အနေနဲ့ သူ့ကို အမြန်ဆုံး အငှားချထား‌ဖို့တော့ လိုအပ်နေပါတယ်။ 

မီဂွဲအက်ဇ်ဇိ 

မီဂွဲဟာ မနှစ်က သူရဲ့ ပထမဆုံးစီနီယာကစားသမားဘ၀ ပထမဆုံးပွဲစဉ်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါ၀င်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ကစားသမားအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့၀င်တွေက ဘာလို့ သူ့ကို ယုံကြည်တာလဲဆိုတာကိုလည်း သက်သေပြခဲ့ပါတယ်။ 

ဒီနှစ်မှာတော့ မီဂွဲအတွက် ခြေသွေးဖို့ ယူရိုပါလိဂ်ပြိုင်ပွဲလည်း မရှိတာကြောင့် ရာသီအစကတည်းက အာတီတာဟာ ကစားသမားကို ပို့စ်မောက်ဆီအငှားချထားခဲ့ပါတယ်။ဒါပေမယ့် ပို့စ်မောက်မှာ လုံလောက်တဲ့ ပွဲထွက်ခွင့်မရခဲ့တာကြောင့် ဇန်နဝါရီမှာတော့ အသင်းဆီ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ 

အာတီတာနဲ့ အီဒူးတို့ကတော့ မီဂွဲအတွက် အငှားထွက်ကစားဖို့ မှန်ကန်တဲ့ ကလပ်အသင်းကို ရှာဖွေဖို့ လိုအပ်နေပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: