“ကျွန်တော့်တို့မှာ အနိုင်ရဖို့လိုအပ်တဲ့ အရည်အသွေးမျိုး မရှိခဲ့ပါဘူး” –  အာတီတာ

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘန်လေကို သရေကျခဲ့ပြီး အမှတ် ဆုံးရှူံခဲ့ရပြီးတဲ့နောက် အာတီတာက အသင်းဟာ အနိုင်ရဖို့ လုံလောက်တဲ့ အရည်အသွေးမရှိခဲ့ဘူးလို့ ၀န်ခံခဲ့ပါတယ်။ 

ဒီပွဲကိုသာ အနိုင်ရခဲ့ရင် ပွဲပိုကစားပြီး အမှတ်ပေးဇယားအဆင့် ၄နေရာရောက်နေတဲ့ မန်ယူကို ကျာ်ဖြတ်နိုင်မှာ ဖြစ်သလို ရှုံးပွဲကြုံခဲ့တဲ့ စပါးကိုလည်း အမှတ်ဖြတ်နိုင်ခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှာကာနဲ့ ပါတေးမပါ၀င်နိုင်တဲ့ကွင်းလယ်နဲ့ ထိပ်တန်းတိုက်စစ်မှူးလိုနေတဲ့ တိုက်စစ်တို့ကြောင့် ဘောလုံးပိုင်ဆိုင်မှု ၇၅ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု အကြိမ် ၂၀အထိ ရှိခဲ့ပေမယ့် ဒီပွဲမှာအနိုင်သုံးမှတ်ကို မရှာဖွေနိုင်ခဲ့ပါဘူး။ အိုဒီဂတ်ရဲ့ ကန်သွင်းမှုကိုလည်း ဘန်လေ ဂိုးသမား ကာကွယ်နိုင်ခဲ့လို စမစ်ရိုးရဲ့ဖန်တီးမှုကနေ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် လာကာဇက်တီဖြုန်းခဲ့ပါတာကြောင့် အာဆင်နယ်အနေနဲ့ နစ်နာခဲ့ရပါတယ်။ 

“ ပြီးခဲ့တဲ့ သီတင်းပတ် လေးပတ်ဟာ အာဆင်နယ်အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ် လို့ အာတီတာက ဆိုပါတယ်။ဘန်လေနဲ့ပွဲစဉ်ကို အနိုင်မရခဲ့တဲ့နဲ့ ပတ်သက်ပြီးလည်း 

Advertisements

ကျွန်တော်တို့ ဒီပွဲမှာ အထနှေးခဲ့ကြတယ်။အားလုံးက နှေးကွေးလေးလံနေကြသလိုပါပဲ။အချိတ်အဆက်မိမိလည်း မကစားနိုင်ခဲ့သလို အာရုံစူးစိုက်မှုလည်း အားနည်းနေခဲ့ပါတယ်။ဒုတိယပိုင်း မှာတော့ အချိတ်အဆက်မိမိကစားလာနိုင်ခဲ့ပြီး ပိုပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းက ပုံစံနဲ့ လုံး၀ကွဲပြားခဲ့ပါတယ်။” 

“ဒါပေမယ့် ဂိုးဧရိယာထဲမှာတော့ ဂိုးအဖြစ်ဖန်တီးနိုင်မယ့် အရည်အသွေးမျိုး မရှိခဲ့ပါဘူး။လုံး၀ကို Low Block ကစားနေတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အနိုင်ရဖို့အတွက် လျင်လျင်မြန်မြန်ကစားတတ်ဖို့ လိုသလို ဖန်တီးနိုင်စွမ်းတွေလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီလို မလုပ်နိုင်ခဲ့ပါဘူး” 

သူတို့(ဘန်လေ)က ပွဲကို နှေးအောင်လုပ်ခဲ့ကြတယ်။အချိန်ဆွဲခဲ့ကြတယ်ဆိုပေမယ့် ဒါ သူတို့ လိုချင်တဲ့ ကစားပွဲပုံစံပဲဖြစ်ပါတယ်။ ဒါကိုလေးစားမှု ရှိရပါမယ်” 

ကျွန်တော်တို့ ဂိုးတွေစသွင်းပြီး ကစားသမားတွေကို ပြန်ရဖို့ လိုအပ်နေပါပြီ။ပြီးခဲ့တဲ့ သီတင်းပတ်လေးပတ်ဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းလိုက် လေ့ကျင့်ခန်းဆင်းဖို့လည်း အခက်အခဲတွေရှိခဲ့ပါတယ် လို့ အာတီတာက ဆိုပါတယ်။

အာတီတာကတော့ ပွဲရဲ့ရလဒ်အပေါ်မှာ  ပြိုင်ဖက်အသင်းရဲ့ ပိတ်ဆို့ကစားပုံကို အပြစ်မတင်ခဲ့ပဲ သူတို့အနေနဲ့ မထိုးဖောက်နိုင်ခဲ့တာကိုသာ လိုအပ်ချက်တစ်ခုအဖြစ်သတ်မှတ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: