အာဆင်နယ်တိုက်စစ်အကြံကုန်နေကြောင်း သတင်းထောက်ကဝေဖန်
အားကစားသတင်းထောက် အဲလက်စ်ဘတ် က အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ သူက “ ဘန်လေခံစစ်ကစားသွားပုံသိပ်ကောင်းပါတယ်။ သူတို့ကို ချီးကျူးရမှာပါ။ ဒါပေမယ့် အာဆင်နယ်ကတော့ ဒီခံစစ်ကို ထိုးဖောက်ဖို့ ဘာမှအကြံကောင်းမထုတ်နိုင်ခဲ့ပါဘူး။ တောင်ပံတွေကနေ ဆွဲလာကြမယ်။ ပြီးရင် အနောက်ပြန်ပေးမယ် ။ ဒါပါပဲ။ ဒီထက်မပိုပါဘူး။ စိတ်ပျက်စရာပါ “ ဆိုပြီးပြောဆိုလာခဲ့တာပါ။
လိုကွန်ဂါကို ဖေးမခဲ့တဲ့ အာတီတာ
ဘန်လေနဲ့ပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေဝေဖန်တာကို ခံနေရတဲ့ လိုကွန်ဂါ ကို အာတီတာကတော့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
“ ကျွန်တော်ကတော့ သူတိုးတက်လာနေတယ်လို့ပဲပြောချင်ပါတယ်။ လီဗာပူးနဲ့ပွဲမှာလည်း သူခြေစွမ်းအချို့ပြနိုင်ခဲ့ပါတယ်။ ပွဲအပေါ်နားလည်နိုင်စွမ်း ၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်လာမှု စသည်ဖြင့်ပေါ့။ သူက ပိုပြီးလဲရင့်ကျက်လာပါတယ် “ လို့ပြောခဲ့တာပါ။ ဆက်လက်ပြီး လိုကွန်ဂါရဲ့ ပထမဆုံးရာသီမှာ လေ့လာစရာတွေများပြားနေပြီး ကစားသမားကလည်း အကောင်းဆုံးကြိုးစားနေကြောင်း ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
ဝှိုက်နယ်ဒန် နယူးကာဆယ်ပဲရောက်သွားမလား
စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဝှိုက်နယ်ဒန်ကို နယူးကာဆယ်အသင်းကလဲ ကြိုးစားလာနေတယ်လို့ သိရပါတယ်။ တန်းဆင်းဇုန်ကနေရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ နယူးကာဆယ်အသင်းဟာလည်း ကစားသမားလိုအပ်ချက်မြင့်မားနေပြီး လိုအပ်တဲ့ငွေပမာဏကို သုံးစွဲနိုင်စွမ်းလဲရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလဲ ပုံမှန်ကစားခွင့်အတွက် အသင်းသစ်ကိုရှာဖွေနေတာဖြစ်ပါတယ်။
အသင်းကို လှန်ချသလို ပြောင်းလဲပေးနိုင်သူကိုသာ ပစ်မှတ်ထားကြိုးစားနေကြောင်း အာတီတာရှင်းပြ
အာတီတာက လက်ရှိအပြောင်းအရွေ့စျေးကွက်ဟာ ရှုတ်ထွေးနေကြောင်းနဲ့ လိုချင်တဲ့ကစားသမားကို ရရှိအောင်ကြိုးစားနေကြောင်း BBC ကို အခုလိုပဲပြောသွားခဲ့ပါတယ်။
“ စျေးကွက်က တော်တော်လေးရှုတ်ပါတယ်၊ ကျွန်တော်တို့ကလဲ အကောင်းဆုံးကြိုးစားနေပြီး ကစားသမားတစ်ယောက်ယောက်ကို စာချုပ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်” ဆိုပြီး အခြေအနေကို ဖွင့်ဟသွားခဲ့တာပါ။ ဆက်လက်ပြီးအသင်းကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားမျိုးကိုသာခေါ်ယူမှာဖြစ်လို့ ခက်ခဲနေတာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
မယ်လိုနဲ့ ကိစ္စဒီနေ့ဖြတ်မယ်
အာဆင်နယ်အသင်းဟာ အာသာမယ်လိုကို ခေါ်ယူနိုင်ဖို့အတွက် ယနေ့ တန်လာနေ့မှာ အပြီးသတ်ဆွေးနွေးကြမယ်လို့ Tutto Marcerto Web ကဖော်ပြလာပါတယ်။ နောက်ဆုံးရသတင်းများအရ စာချုပ်သက်တမ်းက ၁၈လ ဖြစ်မယ်လို့ သိရပြီး ကစားသမားကလည်း အာဆင်နယ်မှာ ကစားဖို့ စိတ်အားထက်သန်နေတယ် လို့ ဆိုပါတယ်။