ဗလာဟိုဗစ်ကို အာဆင်နယ် အဆုံးထိကြိုးစားမှာဖြစ်တယ်လို့ အွန်းစတိန်းပြော
အခြေအနေတွေရှုတ်ထွေးနေပြီး ကောလာဟလများကလွဲလို့ ဘာမှမထူးသေးပေမယ့် ဗလာဟိုဗစ်ကို အာဆင်နယ်တို့က လက်လျှော့သွားမှာ မဟုတ်ဘူးလို့ အွန်းစတိန်းက ပြောလာပါတယ်။ သူက ကိုယ်ပိုင် Youtube Channel မှတဆင့် ပရိတ်သတ်များနဲ့တွေ့ဆုံချိန်မှာ အခုလိုပဲပြောခဲ့တာပါ။ “ အခြေအနေကတော့ အာဆင်နယ်ဟာ စိတ်ဆုံးဖြတ်ထားပြီးသားလို့ဆိုရမှာပါ။ အပြောင်းအရွှေ့ကာလ ကုန်ဖို့ရက်ပိုင်းပဲလိုတော့တာဆိုပေမယ့် အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ်ကို ကြိုးစားတာတွေရပ်တန့်သွားမှာ မဟုတ်ပါဘူး။ သောမတ်စ် ပါတေးတုန်းကလိုပဲ အသင်းတာဝန်ရှိသူတွေဖက်က ကစားသမားကိုခေါ်ယူနိုင်ဖို့အတွက် လိုအပ်တာတွေထောက်ပံ့ဖို့ အသင့်ရှိနေကြပါတယ် “ လို့သုံးသပ်သွားခဲ့တာပါ။ လတ်တလောမှာတော့ ဗလာဟိုဗစ်ဟာ ကိုဗစ်ပေါ့စတစ် ဖြစ်တာကြောင့် ပွဲကစားနိုင်ခြင်းမရှိတာတွေ့ရပါတယ်။
လိုကွန်ဂါကို သုံးရဦးမှာဖြစ်တဲ့ အာဆင်နယ်
ဘန်လေကိုရင်ဆိုင်ကစားမယ့် အာဆင်နယ်အသင်းရဲ့လူထုတ်ပုံကို Arsenal Fevel Weblog က အခုလိုပဲသုံးသပ်ထားပါတယ်။
နောက်တန်းနဲ့ဂိုးသမားကတော့ အထိုင်ဖျက်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့်ရှာခါနဲ့ ပါတေးမပါဝင်တဲ့ကွင်းလယ်မှာတော့ လိုကွန်ဂါကလွဲအခြားမရှိပါဘူး။ 4-3-3 ပုံစံကိုအားပြုပြီး အာဆင်နယ်တို့ရင်ဆိုင်လာပါလိမ့်မယ်။ တိုက်စစ်မှာတော့ မာတင်နယ်လီ ၊ ဆာကာ ၊ လာကာဇက်တို့ပဲ ဦးဆောင်လာမှာပါ _ လို့ ဆောင်းပါးရှင် Nithyanand က ရေးသားသုံးသပ်ထားပါတယ်။
လိုင်လီရဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားတဲ့ ရီနာတိုဆန်းချက်စ်
လိုင်လီအသင်းကွင်းလယ်လူ ဆန်းချက်ဟာ အသင်းဖက်က စာချုပ်သစ်ကမ်းလှမ်းလာတာကို ငြင်းပယ်ထားတယ်လို့ SportItalia ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားအတွက် အာဆင်နယ်အသင်းဟာ သတင်းကျယ်လောင်စွာထွက်ခဲ့ဖူးသူဖြစ်ပြီး ဂန်းနားတို့ဖက်က စိတ်ဝင်စားနေတာကိုလည်း ကာယကံရှင်အပါအဝင် လိုင်လီဖက်ကလဲ သိရှိထားတယ်လို့ ဆိုပါတယ်။
ဘန်လေပွဲပြီးရင် ဒူဘိုင်းသွားမယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဘန်လေကို လက်ခံကစားပြီးသွားရင် ဆောင်းရာသီအားလပ်ရက်ကာလကို ဒူဘိုင်းမှာသွားရောက်လေ့ကျင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်များကလည်း အာဆင်နယ်ဟာ ဒူဘိုင်းလေ့ကျင့်ရေးခရီးစဥ်များကိုသွားရောက်ခဲ့ပြီး ကစားသမားများအတွက်လည်း ကိုယ်ပိုင်အချိန်များ ရရှိစေခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်ရေးက အပြန် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် ဝုဗ်နဲ့ ကစားရမှာဖြစ်ပါတယ်။
ရမ်ဆေးကို ခေါ်ဖို့ ဘန်လေအသင်းကြိုးစား
ဘန်လေအသင်းဟာ အာဆင်နယ်ကစားသမားဟောင်း ဂျူဗင်တပ်စ်ကွင်းလယ်လူရမ်ဆေးကို ခေါ်ယူဖို့စကားပြောနေပြီလို့ သတင်းရင်းမြစ်များစွာကို ကိုးကားပြီး Metro UK ကဖော်ပြလာပါတယ်။ ဂျူဗီနည်းပြ အယ်လီဂရီကလည်း ရမ်ဆေးအနေနဲ့ အရောင်းစာရင်းမှာရှိနေကြောင်း အတည်ပြုပေးထားပါတယ်။ အဆုပါ ဝေးလ် လက်ရွေးစင်ကို ဗီအဲရာရဲ့ ပဲလေ့စ်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။