ကျွန်‌တော့်ရဲ့ကစားဟန်ကို ပြောင်းလဲသွားဖို့ မရှိပါဘူး – ရှာကာ

အာဆင်နယ်ကစားသမားဘဝမှာ အနီကဒ် ၅ကဒ်အထိ ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပေမယ့် ရှာကာကတော့ သူရဲ့ ကစားဟန်ကို ပြောင်းလဲသွားဖို့ မရှိဘူးလို့ ဆိုပါတယ်။  လီဗာပူးလ်နဲ့ယှဥ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအကျော့ပွဲစဉ်မှာ တိုက်ရိုက်အနီကဒ်ထိခဲ့ပြီးနောက် ဝေဖန်မှုတွေအများအပြားကြုံခဲ့ရတဲ့ ရှာကာဟာ လူမှုကွန်ယက်မီဒီယာမှာ ပရိသတ်တွေကို သူ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန် ခဲ့ပါတယ်။ 

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ ရှာကာဟာ ဝေဖန်မှုတွေအများအပြားကြုံခဲ့ရပေမယ့် သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲဖို့ မရှိဘူးလို့ ဆိုလာခဲ့ပါတယ်။ 

” ကျွန်တော် စီစဥ်ထားခဲ့သလို ဖြစ်ခဲ့တာတော့ မဟုတ်ဘူးပေါ့ (လီဗာပူးလ်နဲ့ပွဲစဉ်က ဖြစ်ရပ်ကိုဆိုလို) ။ ရည်ရွယ်ချက် ရှိရှိနဲ့လည်း လုပ်ခဲ့တာ မဟုတ်ပါဘူး .. ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော် ရင်ဆိုင်ရတဲ့ အရာတွေက အောင်မြင်ဖို့ ၅၀/၅၀ ပါပဲ။လူတွေကတော့ ပြောကြမှာပေါ့၊ ဒီလို အရဲစွန့်စရာမလိုဘူးလို့၊ ဒါပေမယ့် ကျွန်တော်က ဒီလိုမျိုး Risk ယူပြီး စွန့်စားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်‌တော် ပြောင်းလဲသွားဖို့ မရှိပါဘူး။ ကျွန်တော့်မှာ တိုးတက်အောင်လုပ်ဖို့ အရာတွေရှိသေးသလို တိုးတက်အောင် ကြိုးစားရမယ်ဆိုတာလည်း သိပါတယ်” 

Advertisements

“အဲ့ဒီအချိန်မှာ ဒီရေဂိုဂျိုတာကို မတားဆီးခဲ့ပဲ ဂိုးပေးလိုက်ရရင်လည်း ဘာလို့ မင်း သူ့ကို မတားဆီးခဲ့တာလဲ လို့ပြောကြမှာပါပဲ၊ တားဆီးလိုက်တော့လည်း ဘာလို့ အနီကတ်ထိရတာလည်း ဆိုပြီးပြောကြပြန်ပါတယ်” 

အဲ့ဒီဖြစ်ရပ်ကို ကျွန်တော် ပြန်ကြည့်ခဲ့ပြီးတော့ ဒီလို လုပ်သင့်လား၊ အိုး ….မလုပ်သင့်ခဲ့ဘူးပဲလို့ ပြောမိခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာတော့ တစ်စက္ကန့်အတွင်း၊ တစ်ခဏတာလေးအတွင်းမှာ ဆုံးဖြတ်ချက် ချရတာပါ။ ဒီတစ်ကြိမ်မှာ‌တော့ ကျွန်တော်မှားခဲ့ပြီး အသင်းဖော်တွေ ၊ပရိသတ်တွေကို ကျွန်‌တော် တောင်းပန်လိုပါတယ်။ဒါပေမယ့် အသင်းဟာ အံ့ဩစရာကောင်းတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြနိုင်ခဲ့တာမို့ ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်လို့ ရှာကာ ဆိုခဲ့ပါတယ်။  ထိုအနီကတ်ကြောင်း ရှာခါဟာ ပွဲပယ်ခံခဲ့ရပြီး အာဆင်နယ်အသင်းဟာလဲ အားနဲတဲ့ကွင်းလယ်နဲ့ လီဗာပူးကို ရင်ဆိုင်ခဲ့ရပြီးနောက် အိမ်ကွင်းမှာအရေးနိမ့်ခဲ့ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: