အာဆင်နယ်က ထွက်ခွာခဲ့ရတဲ့ အကြောင်းကို ဖွင့်ဟလာတဲ့ ဘယ်လာရင်

အသင်းနဲ့ ဆယ်စုနှစ် တစ်ခုကြာ ဖြတ်သန်းလာခဲ့တဲ့ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီ‌နောက်မှာတော့ အာဆင်နယ်ဟာ ဘိုလော့ဂ်နာကနေ တိုမီယာဆုကို ခေါ်ယူပြီး ဘယ်လာရင်ကိုတော့ ရီးရဲလ် ဘက်တစ်ထံ အငှားချထားခဲ့ပါတယ်။ 

Wrighy House Podcast အစီအစဉ်မှာတော့ ဘယ်လာရင်ဟာ သူ အာဆင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းကို အီယန်ရိုက်ထံမှာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် အင်္ဂလန်မှာ lock down ကာလကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပြီးတဲ့နောက် အိမ်ကို သူ ဘယ်လောက် လွမ်းနေတယ်ဆိုတာ သိသွားတယ်လို့ ဆိုပါတယ်။ 

အိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ဟာ ကျွန်တော့်အတွက် ရူးသွပ်စရာ အခိုက်အတန့်တစ်ခုပါပဲ။ သုံးလဆိုတဲ့ အချိန်အတွင်းမှာ ဘ၀တစ်လျှောက် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ ခက်ခဲကြမ်းတမ်းမှုတွေ အကုန် ကျွန်တော်ဖြတ်သန်းခဲ့ရပါတယ် လို့ ဘယ်လာရင်က ရှင်းပြခဲ့ပါတယ်။ 

စိတ်ဓာတ်တွေကအောက်ကို ထိုးဆင်းသွားလိုက်၊ ခဏနေတော့ ရုတ်တရတ်ကြီး အရမ်း စိတ်ဓာတ်တွေတက်ကြွလာပြန်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော် သာမန်လူတစ်ယောက်အနေနဲ့ ဘ၀မှာ ဘာတွေလိုချင်လဲဆိုတာ တွေးဖို့ အချိန်တွေ အများကြီးရခဲ့တယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ မဟုတ်ပဲ သာမန်သူတစ်ယောက်အနေနဲ့ပေါ့” 

အလိုချင်ဆုံးအရာ‌တွေထဲက တစ်ခုဟာ မိသားစုနဲ့ အတူရှိနေဖို့ ဆိုတာကို သိလာခဲ့တယ်။ အင်္ဂလန်မှာရှိ‌နေတဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်၊ကိုးနှစ်လောက် စပိန်ကို ဒီလောက်မလွမ်းခဲ့ဘူး။နောက်ဆုံးနှစ်မှာ အရမ်းကို လွမ်းခဲ့တယ်။တစ်ချိန်လုံး စပိန်ဂီတကို နားထောင်၊စပိန်ရုပ်ရှပ်တွေကြည့်ပြီး စပိန်စာတွေပဲ စားနေခဲ့တာပဲ၊ ကျွန်တော် တကယ်ကို စပိန်မြေကို တောင့်တနေခဲ့ပါတယ်” 

Advertisements

သူ့ကိုနားလည်ပေးခဲ့ပြီး တိုမီယာဆုကို အလျင်အမြန်ခေါ်ပေးခဲ့တဲ့အတွက်လည်း အာတီတာကို ကျေးဇူးတင်တယ်လို့ ဘယ်လာရင်က ဆိုလာခဲ့ပါတယ်။ 

အငှားထွက်မကစားခင် အာတီတာနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ မန်နေဂျာအနေနဲ့ရော၊ ကစားဖော်အနေနဲ့ပါ ကျွန်တော်တို့နှစ်ယောက်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာက ဘ၀ရဲ့ ဒီလိုအချိန်မှာ ကျွန်တော်လိုအပ်နေတဲ့ အခြားအရာတစ်တစ်ခုရှိတယ်၊ ပိုက်ဆံမဟုတ်ပဲ မိသားစုနဲ့ အနီးမှာ၊ မွေးရပ်မြေမှာ ရှိနေဖို့ပါပဲ ဆိုတာကိုပါ” 

မီခေးလ်(အာတီတာ)ဟာ အရမ်းကို နားလည်ပေးတဲ့သူဖြစ်တဲ့ အတွက် ကျွန်တော်ကံကောင်းပါတယ်။ သူက ကျွန်တော် အသင်းကနေ ထွက်ခွာချင်တာဟာ အသင်း ဒါမှမဟုတ် အခြားကိစ္စတွေကြောင့် မဟုတ်ဘူးဆိုတာ သိပါတယ်။ကျွန်တော် အာဆင်နယ်မှာ ဖြတ်သန်းခဲ့ရတဲ့ အရာအားလုံးကို သူသိပါတယ်။သူနဲ့ အားရပါးရ ရင်ဖွင့်စကားပြောခဲ့ရတဲ့အပေါ် ၀မ်းသာမိပါတယ်” 

ကျွန်တော် အသင်းကို ပြောနေကျ စကား ရှိတယ်။ငါ့နေရာမှာ ကစားမယ့်သူ မရှိပဲ ငါထွက်မသွားဘူးလို့ပါ၊ကျွန်တော်တို့ အားလုံးအတွက် အကောင်းဆုံးဆိုတာပဲ ကျွန်တော်လိုချင်ပါတယ်။ ဒါကြောင့်ဒီမှာ ဆယ်နှစ်ကြာကျွန်တော် ရှိခဲ့တာပေါ့” 

သူဟာ အာဆင်နယ်ရဲ့ ပွဲစဉ်တွေအားလုံးကိုလည်း ကြည့်ရှုပြီး ခြေစွမ်းကောင်းတွေပြသနေခဲ့တဲ့ အသင်းအတွက်လည်း အရမ်းပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ 

ကျွန်တော့်နေရာမှာ ကစားနေတဲ့ ကစားသမားက အရမ်းကောင်းတဲ့သူပါ။ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်အတွက် အဆင်မပြေစရာ မရှ်ပါဘူး။အသင်းအနေနဲ့ ကောင်းကောင်းကစားနေနိုင်တာကို ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်  ဆိုပြီးပြည့်ပြည့်စုံစုံဖြေကြားပေးသွားခဲ့တာပါ။ 

ဘယ်လာရင်ဟာ  အာဆင်နယ်အသင်းမှာ  ၉ ရာသီအတွင်း ပွဲပေါင်း ၂၃၉  ပွဲကစားပြီး ၉  ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: