အသင်းဟာ စည်းကမ်းပိုရှိဖို့ သင်ယူရတော့မယ်လို့ ဆိုလာတဲ့ အာတီတာ

လီဗာပူးလ်နဲ့ပွဲစဉ်မှာ ပါတေးဟာ နှစ်ဝါတစ်နီနဲ့ ထွက်ခွာခဲ့ရပြီးနောက် အသင်းဟာ ပိုပြီးစည်းကမ်းလိုက်နာတတ်ဖို့ သင်ယူရတော့မယ်လို့ အာတီတာက ဆိုလာပါတယ်။ 

ဂါနာနဲ့ အာဖရိကဖလားမှာယှဉ်ပြိုင်ကစားပြီးနဲ့နောက် ၄၈နာရီအကြာမှာ လန်ဒန်ကို ပြန်ရောက်လာခဲ့တဲ့ ပါတေးဟာ ဒုတိယပိုင်းမှာမှ လူစား၀င်လာခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ပါ‌တေးဟာ ပွဲပြီးဆုံးခါနီးမှာ နှစ်ဝါတစ်နီပြစ်ဒဏ်ထိခဲ့ပြီး ကစားကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် ဘန်လေနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါတေးဟာ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ 

ဒါဟာ အာတီတာ လက်ထက်မှာ ၁၄ကဒ်မြောက် အနီကတ်ဖြစ်ခဲ့ပြီး အသင်းအနေနဲ့ ကွင်းထဲမှာ ပိုပြီး စည်းကမ်းလိုက်နာဖို့ လိုအပ်နေပြီဆိုတဲ့ အချက်ပေးသံဖြစ်ပါတယ်။ 

ဒီရှုံးနိမ့်မှုဟာ ကြီးမားပါတယ်။ ဒီအရှုံးကနေ ကျွန်‌တော်တို့ သင်ယူဖို့ လိုပါတယ်။ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ နောက်ဆုံးပွဲစဉ်သုံးပွဲကို လူဆယ်ယောက်တည်းနဲ့ ကစားခဲ့ရတယ်။ ပြီးတော့ အသင်းမှာ မပါ၀င်နိုင်တဲ့ ကစားသမားတွေ အများအပြားရှိနေတာလည်း ကျွန်တော်တို့ လိုအပ်နေတဲ့ အရာတော့ မဟုတ်ပါဘူး” 

ကျွန်တော်တို့ ထိပ်တန်းကစားသမား ၂၀၊ ၂၂ ယောက်လောက်ပါတဲ့ လူစာရင်း လိုအပ်ပါတယ်၊ ဒီအတွက်လည်း အချိန်ယူရပါမယ် လို့ လီဗာပူးလ်နဲ့ ပွဲအပြီးမှာ အာတီတာက ဆိုခဲ့ပါတယ်။ 

Advertisements

လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီးလည်း အာတီတာက 

အရမ်းကို စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဖိုင်နယ်ကို တက်ချင်ခဲ့တာပါ။ သရေကျနေခဲ့ အချိန်အတွင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဂိုးဘားတိုင်ကိုပဲ ထိခဲ့ပါတယ်။ တကယ်က်ု အရေးကြီးတဲ့ အချိန်မှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးခဲ့ရတာပါ” 

ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ကစားသမားတွေလည်း စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒီပွဲမှာ ကစားသမားငါးယောက်၊ခြောက်ယောက်လောက်က ထရိန်နင်မရှိပဲ ၀င်ကစားခဲ့ရတာကတော့ အမှတ်ရစရာပါပဲ။ ပါတေးကလည်း ကျွန်တော်တို့ကို ကူညီဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကစားသမားဆယ်ယောက်နဲ့ ပွဲပြီးခဲ့ရပါတယ်။သူဟာ အတွေ့အကြုံရှိပြီး ကျွန်တော်တို့ ဘယ်လိုကစားရတော့မလဲဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ ကစားသမားဆယ်ယောက်တည်းနဲ့ ကစားခဲ့ရတဲ့ သုံးပွဲမြောက်ပွဲစဉ်ပဲ ဖြစ်ခဲ့ပါတယ်” 

အသင်းရဲ့ လူစာရင်းမှာ ပွဲထွက်နိုင်တဲ့ ကစားသမားနည်းလာတာ သိသာပါတယ်။ဒီအခြေအနေနဲ့ အလုပ်လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်

အာဆင်နယ်ဟာ အလယ်အလတ်အသင်းတွေနဲ့ ဆုံစဥ်မှာ နိုင်ပွဲတွေရယူနိုင်ပေမယ့်  အသင်းကြီးအချင်းချင်းဆုံတွေ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရဖို့ခက်ခဲနေတာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: