အာဆင်နယ်အပေါ်စိတ်ပြောင်းလာတဲ့ ဗလာဟိုဗစ်
အီတလီသတင်းစာ La Repubblicca ရဲ့ဖော်ပြချက်အရ ဗလာဟိုဗစ် ဟာ အာဆင်နယ်အသင်းရဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှုကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်စပြုနေပြီလို့ ဖော်ပြလာပါတယ်။ မူလတုန်းက ဖီအိုရင်တီးနားနဲ့ စာချုပ်ကုန်ရင် ဂျူဗင်တပ်စ်ကိုပြောင်းရွေ့မှာဖြစ်တယ်လို့ သိရပေမယ့် လန်ဒန်ကလပ်မှာ လစာအများဆုံးဖြစ်လာမယ့် အခြေအနေတစ်ခုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပွဲရှုံးပေမယ့် ချီးကျူးမှုတွေရခဲ့တဲ့ မာတင်နယ်လီ
လီဗာပူးအသင်းကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းဟာ အားနဲချက်တွေများခဲ့ပေမယ့် မာတင်နယ်လီရဲ့ ကစားပုံကတော့ အလွန်တောက်ပခဲ့ကြောင်း Football London က သုံးသပ်ဖော်ပြသွားပါတယ်။ ပြိုင်ဖက်အသင်းနည်းပြ ယာဂင်ကလော့ကလည်း ဘရာဇီးသားလေးကို “ အမြဲအမှတ်ရနေရမယ့် ကစားသမားတစ်ယောက်အဖြစ် “ အထူးတလည်ချီးကျူးသွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ အဆင့်ရောက်ဖို့ အချိန်ယူရမယ်လို့ အာတီတာဖြေကြား
နည်းပြအာတီတာကို ဘယ်အချိန်လောက်မှာ လီဗာပူးလ်အသင်းကို ယှဥ်ပြိုင်ဖို့အသင့်ဖြစ်မလဲမေးတဲ့အခါမှာ အခုလိုပဲဖြေကြားခဲ့ပါယ်။
“ အသင်းမှာ ဒေါင်ဒေါင်မြည်ကစားသမား ၂၀-၂၂ ယောက်လောက်အထိလိုအပ်ပါတယ်ဗျာ။ ဒီအတွက် အချိန်ယူရပါလိမ့်မယ် “ ဆိုပြီးဖြေကြားသွားခဲ့ပါတယ်။ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ကာပြိုင်ပွဲကထွက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာ အဆင့် ၄ ရရှိရေးဟာ အာဆင်နယ်အတွက် အဓိကဖြစ်လာခဲ့ပါတယ်။
ဘရာဇီးဆယ်ကျော်သက် လူငယ်လေးကို ခေါ်ယူလိုနေတဲ့အာဆင်နယ်
ဘရာဇီးကလပ်အသင်း ရက်ဘူး ဘရာဂန်ဒီနို ရဲ့ အသက် ၁၇ နှစ်အရွယ်တောင်ပံကစားသမားလေး ဆာဗီယို ကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ အားကစားသတင်းထောက် ဘရူနို အန်ဒရာဒီ ကရေးသားလာပါတယ်။ ကစားသမားလေးရဲ့ မိခင်အသင်းဟာ အက်သလက်တီကို မင်နဲရိုးရဲ့ ပေါင် ၄ သန်းနဲ့ကမ်းလှမ်းမှုကို လတ်တလောမှာ ငြင်းပယ်ထားပါတယ်။ အာဆင်နယ်ဟာ လူငယ်ကစားသမားလေးကို ပေါင် ၅ သန်းနဲ့ကမ်းလှမ်းဖွယ်ရှိပြီး လူငယ်အသင်းမှာကစားစေမယ်လို့ လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
အူဘာမီယန်ကို အသင်းကြီးတွေကလဲစောင့်ကြည့်နေကြ
အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်မှုးအူဘာမီယန်းကို ပီအက်စ်ဂျီအသင်းအပါအင် အေစီမီလန် ၊ ဂျူဗင်တပ်စ် ၊ မာဆေး နဲ့ ဆီဗးလားအသင်းတွေက စိတ်ဝင်စားနေတယ်လို့ Sky Sports ကဖော်ပြသွားပါတယ်။ မနေ့ကထွက်လာတဲ့သတင်းများအရ ဆော်ဒီကလပ်ဖက်က အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိထားရပါတယ်။ လတ်တလောမှာ အူဘာမီယန်ဟာ အာဖရိကပြိုင်ပွဲဝင်နေတဲ့ ဂါဘွန်အသင်းကနေ ထွက်ခွာလာခဲ့ပြီး လန်ဒန်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်