အာဆင်နယ် နဲ့ လီဗာပူးပွဲမတိုင်ခင် သိထားရမယ့် အချက်အလက်များ

သောကြာနေ့မနက် အစောပိုင်း မြန်မာစံတော်ချိန်(၂:၁၅)အချိန်မှာတော့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့မှာတော့ ဂိုးမရှိသရေကျခဲ့ပြီး ဒီပွဲစဉ်မှာအနိုင်ရတဲ့သူက ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

ပထမအကျော့မှာ အာဆင်နယ်ဟာ တစ်ယောက်လျော့နဲ့ လီဗာပူးလ်ကို ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် အန်ဖီးလ်မှာ ကြိုးကြာနီ‌တွေကို အကောင်းဆုံးအံတုကာ မရှုံးနိမ့်အောင်ဆော့ကစားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့မှာတော့ အမြှောက်တပ်သားတွေဟာ ပထမပွဲမှာ ပြသတဲ့တဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်တွေကို ဆက်လက်ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ 

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ တွေ့ဆုံမှုကနေ စိတ်၀င်စားဖွယ် အချက်တွေကို တင်ပြလိုက်ရပါတယ်။ 

  • အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ၁၅ပွဲမှာ နောက်ဆုံး တစ်ပွဲသာ အနိုင်ရပြီး ၇ပွဲရှုံး ၇ပွဲသရေကျထားခဲ့ပါတယ်။ နောက်ဆုံးလေးပွဲဆက် အာဆင်နယ်ဟာ လီဗာပူးလ်ကို ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့် လီဗာပူးလ် ကတော့နောက်ဆုံး၁၅ပွဲမှာ အာဆင်နယ်ကို ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ပွဲ ၄ပွဲသာ ရှိပါတယ်။ 
  • League Cup ပြိုင်ပွဲတွေမှာ လီဗာပူးလ်ဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို သုံးကြိမ်ဆက် ရှုံးနိမ့်ထားခဲ့ပါတယ်။ ‌၂၀၁၄-၁၅မှာ ချဲလ်ဆီး၊၂၀၁၅-၁၆မှာ စတုတ်စီးတီး၊ ၂၀၁၆-၁၇မှာ ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။ 
Advertisements
  • လိဂ်ဖလားပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်တွေမှာ အာဆင်နယ်ဟာ လီဗာပူးလ်ကို နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ခြောက်ကြိမ်လုံး မရှုံးနိမ့်ထားပဲ သုံးပွဲနိုင် သုံးပွဲသရေ ကျထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တာကတော့ ၂၀၀၉ခုနစ်မှာ ဖြစ်ပြီး အာဆင်နယ်က (၂-၁) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ 
  • ဂျာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်ဟာ အာဆင်နယ်ကို အခြားအသင်းတွေကိုထက်ပိုပြီး ဂိုးသွင်းယူထားခဲ့ပါတယ်။ စုစုပေါင်း သွင်းဂိုး ၄၃ဂိုးအထိ ဂျာဂင်ကလော့ပ်လက်ထက်မှာ သွင်းယူထားခဲ့ပါတယ်။ 
  • ပထမအကျော့ပွဲစဉ်ဟာ ဂိုးမရှိသရေကျခဲ့ပြီး ဒါဟာ နောက်ဆုံး ၁၇ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်မှာ  ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ဒုတိယမြောက်အကြိမ်ပဲဖြစ်ပါတယ်။ ပထမအကြိမ်က‌တော့ ၂၀၁၇-၁၈မှာ အာဆင်နယ်ဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပါတယ်။

ချီးကျူးသံတွေဆူညံခဲ့တဲ့  ပထမအကျော့ဟာ မကြာခင်မှာပဲအတိတ်တစ်ခုဖြစ်တော့မှာပါ။ အာဆင်နယ်အနေနဲ့ FA ဖလားကနေလဲ ထွက်ထားရတာဖြစ်လို့   ဖလားမျှော်လင့်ချက်အတွက် နိုင်ပွဲ  ၂ ပွဲသာ ကျန်တော့တဲ့အနေအထားမှာ ရွက်ကုန်ဖွင့်ရတော့မယ့်ပုံပါပဲ။  အဓိက ကစားသမားတစ်ချို့ပြန်ပါလာနိုင်မှာရယ်  ၊​အသင်းကြီးတွေနဲ့ဆုံတိုင်း ကောင်းရှုံးဖြစ်နေတာရယ်ကို ချိုးဖျက်ပြမယ့် အသင်းသားတွေရဲ့ ရုန်းအားဟာ ဒီပွဲမှာ အာဆင်နယ်အတွက် အဓိက ကျနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: