လေ့ကျင်ံရေးကွင်းအထိရောက်လာတဲ့ မယ်လို ရဲ့ အေးဂျင့်
အီတလီသတင်းထောက် ဒီမာဇီယိုရဲ့ ရေးသားမှုအရ အာသာမယ်လိုရဲ့ အေးဂျင့်ဖြစ်သူ ပက်စတိုရီလို ဟာ လန်ဒန်မြို့ ၊ အာဆင်နယ်လေ့ကျင်ံရေးကွင်းမှာ အခုရက်ပိုင်းအတွင်း အီံဒူးနဲ့ တိုက်ရီုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ မယ်လိုကိုခေါ်ယူရေးကြိုးပမ်းဆဲဖြစ်ပြီး အငှားစာချုပ်တစ်ရပ်နဲ့လည်းခေါ်ယူဖို့အသင့်ရှိနေပေမယ့် ဂျူဗင်တပ်စ်အသင်းဖက်က အခြားသော အခြေအနေတစ်ရပ်နဲ့သာ ကစားသမားကိုလက်လွှတ်လိုတယ်လို့ သိရပါတယ်။
လောင်းကစားဒိုင်နဲ့ ပတ်သတ်ခဲ့မှုကြောင့် အမှုစစ်ခံရမယ့် အာဆင်နယ်
အာဆင်နယ်ကစားသမားတစ်ယောက်ဟာ ပရီးမီးယားလိဂ်ပွဲစဥ်တစ်ပွဲမှာ အဝါကတ်ရရှိမှုနဲ့ပတ်သတ်ပြီး လေားကစားပြုလုပ်ခဲ့တယ်လို့ သံသယရှိတာကြောင့်စစ်ဆေးမှုတွေစတင်နေပြီလို့ The Athletic ကဖော်ပြသွားပါတယ်။ တာဝန်ရှိသူတွေဟာ တမင်တကာ အဝါကတ်ရယူပြီး လောင်းကြေးနိုင်အောင်လုပ်ခဲ့တယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။ အဆိုပါကစားသမားဘယ်သူဘယ်ဝါဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
အူဘာမီယန်ကို ဆော်ဒီကလပ် စိတ်ဝင်စားနေ
ဆော်ဒီအာရေးဘီးယန်းကလပ် အယ်နာဆာအသင်းဟာ အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်ကို ရာသီကုန်အထိအငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းခဲ့တယ်လို့ CBS Sports ရဲ့ သတင်းကို ကိုးကားပြီး Sky Sports က တင်ပြသွားပါတယ်။ အချို့သတင်းတွေအရတော့ ယူရို ၈ သန်းခန့်နဲ့ အပြီးသတ်ခေါ်ယူခွင့်လဲ ပါဝင်တယ်လို့ ဆိုပါတယ်။ တင်ဆက်သူများဟာ အာဆင်နယ်အနေနဲ့ အူဘာမီယန်ကို သာ အသင်းတစ်သင်းသင်းထံအငှားချလိုက်မယ်ဆိုရင် ဘတ်ဂျက်အတော်လေးပြန်တက်လာမှာဖြစ်တယ်လို့ သုံးသပ်ပြသွားပါတယ်။
ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်စ်အကြား ဘာရှိထားသလဲ
ဗလာဟိုဗစ် ဟာ အကယ်၍ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဂျူဗင်တပ်စ်အသင်းကို လျော်ကြေးပေးဆောင်ရဖွယ်ရှိတယ်လို့ Daily Cannon သတင်းဌာနက ရေးသားဖော်ပြသွားပါတယ်။ ဖီအိုရင်တီးနားဖက်က အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့အသင့်ရှိနေပေမယ့် ကစားသမားဟာ စာချုပ်ကုန်ဆုံးချိန် ၂၀၂၃ မှာ ဂျူဗီကို အလွတ်နဲ့သွားဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားတယ်လို့ သိရပြီး အကယ်၍သာ ထိုအစီအစဥ်များမဖြစ်မြောက်ပါက ဗလာဟိုဗစ် ဖက်ကနေ ငွေကြေးတစ်စုံတစ်ရာ ပြန်လည်ပေးချေရမယ့် သဘောဖြစ်ပါတယ်။
အသက် ၂၀ အရွယ်နောက်ခံလူကို အသင်းကြီးနဲ့လေ့ကျင့်စေတဲ့ အာတီတာ
အာတီတာဟာ လီဗာပူးအသင်းနဲ့ကစားရမယ့် ကာရာဘောင်းဖလားပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ အသက် ၂၀ အရွယ် ညာနောက်ခံလူ ရိုင်ယန် အယ်ဘီယိုဆု ကို အသင်းကြီးနဲ့အတူ ခေါ်ယူလေ့ကျင့်ခဲ့တယ်လို့ News Blog များကဖော်ပြနေကြပါတယ်။ အယ်ဘီယိုဆု ဟာ U23 အသင်းနဲ့အတူ ၁၄ ပွဲကစားထားရာမှာ ၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီး ၁ ဂိုးလည်းသွင်းယူထားနိုင်ခဲ့ပါတယ်။ ပရိတ်သတ်အချို့ကလည်း တချိန်က နောက်ခံလူ ဆက်ဂ်ညာလက်သစ်အဖြစ် ပြောဆိုမှုများရှိနေကြပါတယ်။