အာဆင်နယ်ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းပြန်ပြောလာတဲ့ဆာကာ

အာဆင်နယ် ကစားသမား ဖြစ်မလာခင် လူငယ်ကစားသမား ဘ၀မှာ ချဲလ်ဆီးနဲ့ စပါးတို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆာကာက ပြောပြလာခဲ့ပါတယ်။ 

လက်ရှိအာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဟာ ဆာကာလို့ဆိုရင် အငြင်းပွားစရာ မရှိနိုင်ပါဘူး။ နိုင်ငံအသင်းအတွက်လည်း အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆာကာရဲ့ တန်ကြေးဟာ ယူရို သန်း၁၀၀ကျော်ရှိနေပြီး ဥရောပရဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။ 

သူ့ကို လူငယ်ကစားသမားဘ၀က လန်ဒန်ကလပ်အများအပြားဟာ ချဉ်းကပ်ခဲ့ဖူးပြီး တော့တန်ဟမ်ဟော့စပါးမှာ ကစားဖို့ အတော်လေးနီးစပ်ခဲ့ဖူးကြောင်း ဆာကာက ပြောပြခဲ့ပါတယ်။ 

အခြားအသင်းတွေမှာ ကစားကြည့်မလားလို့ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အာဆင်နယ်ပဲ အမြဲ ရှိနေခဲ့ပါတယ်။” 

ကမ်းလှမ်းခဲ့တဲ့ အသင်းတွေကတော့ အများကြီးပါပဲ၊ အာဆင်နယ်လည်း ပါခဲ့တယ်၊ ချဲလ်ဆီး၊ စပါး၊ ၀က်ဖို့ဒ်တို့လည်း ပါခဲ့တယ်၊ ဒါက ကျွန်တော်မှတ်မိတဲ့ အသင်းတွေပါ၊ ကျွန်‌တော်မမှတ်မိတဲ့အခြားအသင်းတွေလည်း ရှိပါ‌ဦးမယ်” 

Advertisements

အာဆင်နယ်ဟာ ကျွန်တော် အမြဲသွားချင်ခဲ့တဲ့နေရာပါ။ သူတို့ဟာ လူငယ်တွေအပေါ် ယုံကြည်မှု ရှိပြီး တိကျသေချာတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်” 

အာဆင်နယ်အကယ်ဒမီ ဟေးလ်အန့် ကနေ လန်ဒန်ကို ရောက်လာတဲ့ ကစားသမားတွေကို ခင်ဗျားတို့တွေ့ နိုင်တာပဲ။ကျွန်တော့်အဖေဟာ အာဆင်နယ်ရဲ့ လူငယ်စီမံကိန်းကို ယုံကြည်မှု အပြည့်အ၀ရှိပြီး အာဆင်၀င်းဂါးကိုလည်း အရမ်းချစ်တဲ့သူပါ” 

ကျွန်တော်တို့ မိသားစု၀င်တွေရဲ့ နှလုံးသားမှာ အာဆင်နယ်ပဲ ရှိပါတယ်။ဒါကြောင့် အာဆင်နယ်ကိုပဲ ကျွန်တော်ရွေးချယ်ခဲ့တာပါ လို့ ဆာကာက ပြောပြလာခဲ့ပါတယ်။ 

စာချုပ်သစ်နဲ့အတူ ဂန္တဝင်နံပါတ် ၇  ကိုဆက်ခံချိန်မှာသူ့အတွက်ဖိအားတွေဖြစ်ခဲ့ဦးမလားလို့ စိုးရိမ်ခဲ့ကြရပါပေမယ့် ဆာကာ က ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

စပါး၊ ချဲလ်ဆီးတို့ကို ငြင်းဆန်ခဲ့ပြီး အာဆင်နယ် ကစားသမားဖြစ်လာတဲ့ ဆာကာဟာ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်ပေးထားခဲ့တဲ့ ငရုတ်သီးလေးဆိုတဲ့ နာမည်နဲ့အတူ ဂန်နားသားတွေရဲ့ နှလုံးသားမှာ နေရာယူထားနိုင်ပြီဖြစ်ပါတယ်။  ဆာကာဟာ  ၂၀၁၈ ခုနှစ်ကနေစပြီး စီနီယာအသင်းနဲ့အတူ  (ခြေစမ်းပွဲတွေအပါအဝင်) ၁၁၄ ပွဲကစား  ၁၉ ဂိုးသွင်းယူပေးထားနိုင်သလို  ကစားကွက်ရဲ့ အလေးအပေါ့ကိုလည်း  သက်ရောက်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: