မြောက်လန်ဒန်ဒါဘီပွဲအကြောင်း လာမေးတဲ့သတင်းထောက်ရဲ့မေးခွန်းကို တူချယ်ကန့်ကွက်ခဲ့
ချဲလ်ဆီးနည်းပြတူချယ်ကို မြောက်လန်ဒန်ဒါဘီပွဲ ရွေ့ဆိုင်းမှုအပေါ်ဘယ်လိုမြင်သလဲလို့မေးတဲ့အပေါ်မှာ တူချယ်က “ ဒီမေးခွန်းက ကျွန်တော့်ကို လာမမေးသင့်ဘူးဗျ။ ကျွန်တော်က ညီတူမျှတူချတဲ့စည်းကမ်းတွေအပေါ်မှာ ယုံကြည်မှုရှိတဲ့သူပါ။ ဒါကြောင့် ချလိုက်တဲ့ဆုံးဖြတ်ချက်က ညီမျှနေရင်ပြီးတာပါပဲ။ နောက်ပြီးနည်းပြတစ်ယောက်နဲ့မဆိုင်တဲ့ကိစ္စကို အခုလို သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းမမေးသင့်ပါဘူး “ လို့ဖြေကြားသွားခဲ့ပါတယ်။
နယူးကာဆယ်ကို လာကာဇက် ငြင်းခဲ့တယ်လို့ သတင်းထွက်လာ
အာဆင်နယ်အသင်းတိုက်စစ်မှုး လာကာဇက်ဟာ နယူးကာဆယ်အသင်းက ကမ်းလှမ်းလာတဲ့ ၃ နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ကို ပယ်ချခဲ့တယ်လို့ Calciomercato ကဖော်ပြလာပါတယ်။ ကမ်းလှမ်းချက်အရ တစ်နှစ်ကို လစာ ၈ သန်းအထိရရှိနိုင်မှာဖြစ်ပေမယ့် နယူးကာဆယ်အသင်းမှာ တန်းဆင်းဇုန်အန္တရာယ်ရှိနေတာကြောင့် လာကာဇက်ကငြင်းခဲ့တာလို့ဆိုပါတယ်။ သို့သော် စာချုပ်အများစုဟာ ပြည်တွင်းပြိုင်ဖက်နဲ့ ကြိုတင်ဆွေးနွေးခွင့်ပေးလေ့မရှိတာကြောင့် ဒီသတင်းရဲ့ ခိုင်မာမှုကတော့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ဗလာဟိုဗစ်ကိုခေါ်ယူရေး တိုးတက်နေတယ်လို့ Sport Witness ဆို
Sport Witness ကဖော်ပြလာတဲ့ နောက်ဆုံးသတင်းများအရ အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ်ကို ယူရို ၇၅ သန်း + တော်ရဲရား ဆိုတဲ့ ပမာဏတစ်ခုနဲ့ကမ်းလှမ်းထားတယ်လို့ သိရပြီး တိုးတက်မှုတွေလဲရှိနေတယ်လို့ ဆိုပါတယ်။ ကစားသမားကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်မှာ ပရိတ်သတ်များကိုရော ၊ မန်နေဂျာဖြစ်သူကိုပါ နှုတ်ဆက်တဲ့အမူအရာတွေပြသနေခဲ့တာကြောင့် အာဆင်နယ်ပရိတ်သတ်တွေဟာ မျှော်လင့်ချက်တွေ တိုးလာနေကြတယ်လို့ ဖော်ပြနေကြပါတယ်။
ဒီယောင်းအတွက် အာဆင်နယ်မှာ အခွင့်အရေးရှိတယ်လို့ သုံးသပ်
Football London ရဲ့ဆောင်းပါးတစ်ပုဒ် အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ စကားပြောနေပြီလို့ သတင်းတွေထွက်နေတဲ့ ဘာကာကွင်းလယ်လူ ဒီယောင်း ကို ကြားဖြတ်ကြိုးစားရင် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်လာပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ၂၀၁၉ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ အာဆင်နယ်အသင်းနဲ့ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့မှတ်ချက်တစ်ခုပေးခဲ့ဖူးပါတယ်။ အာဆင်နယ်တို့ဟာ ကွင်းလယ်လူပေါ်င်းများစွာကို ချိတ်ဆက်နေပေမယ့် အခုအချိန်ထိ သဘောတူညီမှု ရရှိတဲ့သတင်းကိုတော့မတွေ့ရသေးပါဘူး။
လီဗာပူးနဲ့ ကာရာဘောင်းဖလားပွဲ ထပ်ရွေ့ရဖွယ်ရှိနေ
ကစားသမားဒဏ်ရာရမှုအခြေအနေတွေတိုးတက်လာခြင်းမရှိသေးတာကြောင့် လီဗာပူးလ်အသင်းနဲ့ကစားမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကိုပါ ထပ်မံရွေ့ဆိုင်းရမယ့်အပေါ် အာတီတာက စိုးရိမ်နေတယ်လို့ သိရပါတယ်။ အာဖရိက ဖလားပွဲကစားနေတဲ့တိုက်စစ်မှုးအူဘာမီယန်ဟာလည်း နှလုံးအခြေအနေကြောင့် စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။