အာဆင်နယ်အသင်းရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ English ကစားသမားတွေ အများအပြားပါဝင် နေကြပြီဖြစ်ပြီး မကြာခင်မှာလဲ England လက်ရွေးစင် ၄ ဦးပါဝင်တဲ့ Squad ဖြစ်လာဖို့ အလားအလာတွေ ရှိနေပါတယ်။ ဒါဟာ အာတီတာ တည်ဆောက်နေတဲ့ အာဆင်နယ်အသင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စဥ်များလား လို့ စတင်စဥ်းစားရတော့မှာပါပဲ။
အာဆင်နယ်ကစားသမားတွေဖြစ်ကြတဲ့ ရမ်းစ်ဒေးလ် ၊ ဘန်ဝှိုက် ၊ စမစ်ရိုး နဲ့ ဆာကာတို့ ၄ ယောက်ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ နိုင်ငံလက်ရွေးစင်တွေအဖြစ် ပါဝင်ဖို့အလားအလာရှိနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွ ေတုန်းက ချိန်ဘာလိန် ၊ ဝီးရှိုင်းယား ၊ ဝဲလ်ကော့ နဲ့ ကီယန်ဂစ်ဘ် တို့အားနဲ့ ဝင်းဂါးတည်ဆောက်ဖို့ ကြိုးစားခဲ့တာနဲ့ ဆင်တူနေပါတယ်။၂၀၁၂ ခုနှစ်တုန်းက ငယ်ရွယ်တဲ့ပြည်တွင်းကစားသမားလေးတွေကို ကာလရှည် စာချုပ်တွေချုပ်ပြီး အနာဂတ်မှာ အားကိုးရစေမယ့် English Player အစုအဖွဲ့တစ်ခုကို တည်ဆောက်ခဲ့ပေမယ့် သူတို့တွေဟာ အပင်ဖြစ်မလာတဲ့ မျိုးစေ့တွေသာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာတီတာရဲ့ အခုလုပ်ငန်းစဥ်ကတော့ ပိုမိုထူးခြားနေမလားမျှော်လင့်ဖို့ကောင်းနေပါတယ်။
အာဆင်နယ်ဟာ သန်း ၅၀ ၊ သန်း ၃၀ စသည်ဖြင့် သုံးစွဲခဲ့ပြီး ပြည်တွင်းကစားသမားသုံးစွဲမှုကို အသင်းတွင်းမှာ မြှင့်တင်ခဲ့ပါတယ်။ အဆိုပါကစားသမားနှစ်ယောက်စလုံးကလည်း အချိန်တိုအတွင်းမှာ ပရိတ်သတ်ရဲ့ နှစ်သက်မှုကိုခံခဲ့ရပြီး ရလဒ်ကောင်းတွေဖြစ်ပေါ်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေကြပါပြီ။
ကျွန်တော့်အမြင်အရတော့ (မူရင်းဆောင်းပါးရှင်) ရမ်းဒေးလ်ဟာ နိုင်ငံ့လက်ရွေးစင်ဂိုးပေါက်မှာရှိနေသင့်ပါပြီ။ ဒီရာသီ ပစ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် Clean Sheet သုံးကြိမ်သာရှိသေးတာကိုတွေ့ရပါလိမ့်မယ်။ အဲဗာတန်အသင်းရုန်းကန်နေရတာကြောင့် ပစ်ဖို့ဒ်ရဲ့ ရလဒ်တွေယိမ်းယိုင်နေတယ်ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့် ရမ်းစ်ဒေးလ်သာ အခုလက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိမ်းထားနိုင်မယ်ဆိုရင် England လက်ရွေးစင်အသင်းဂိုးပေါက်က သူ့အတွက်ပါပဲ။ ဘန်ဝှိုက်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့ရဲ့ ကစားပုံနဲ့ ဦးဆောင်နိုင်စွမ်းတို့ကြောင့် အသင်းခေါင်းဆောင်အဖြစ်တောင် အကြံပြုပြောဆိုခံနေရသူဖြစ်နေပါပြီ။
ဆာကာနဲ့ စမစ်ရိုး ကတော့အထွေအထူးထပ်ပြောနေစရာမလိုတော့တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင် နေကြပါပြီ။ သူတို့နှစ်ဦးဟာ အခြားသော လက်ရွေးစင်ကစားသမားတွေဖြစ်ကြတဲ့ မောင့် ၊ ဂရီးလစ်ရှ်၊ ဖိုဒန် ၊ စတာလင်း နဲ့ ဆန်ချိုတို့လို ကမ္ဘာ့အဆင့်သတ်မှတ်ခံရသူတွေနဲ့ တူညီတဲ့စွမ်းဆောင်ရည်ကို အခုရာသီမှာ ပြသထားနိုင်နေပါပြီ။
လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆာကာကို ယူရိုပြိုင်ပွဲမှာ ၄ ကြိမ်အသုံးပြုထားပြီး စုစုပေါင်းမိနစ် ၂၇၂ မိနစ်အထိ ကစားစေခဲ့ပါတယ်။ ဒါဟာ ဖိုဒန် ရဲ့ ၃ ပွဲမှာ ၁၅၉ မိနစ်ထက်များနေပါတယ်။ ဖိုဒန်အနေနဲ့ သွင်းဂိုးနဲ့ ဖန်တီးမှု မရှိထားပေမယ့် ဆာကာ ကတော့ တစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းပြဟာ အာဆင်နယ် တောင်ပံလူကို ပိုကြိုက်ပုံပါပဲ။ ကျွန်တော့်အနေနဲ့ အလားအလာအကောင်းဆုံး လူငယ်တွေကို ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဥ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်အသင်းကို ကိုယ်စားပြုတဲ့ လူငယ်တွေ ထဲမှာတော့ ဆာကာဟာ စံချိန်သစ်တင်ခဲ့သူဖြစ်ပါတယ်။
အဓိကအကျိုးအမြတ်ကတော့ အာဆင်နယ်ရဲ့ England Player အားလုံးဟာ အငယ်ဆုံးအသက်၂၀ ကနေ အကြီးဆုံး ၂၄ နှစ်အထိပဲရှိပါသေးတယ်။ ဒါဟာ သူတို့တွေတူတူအများကြီးတိုးတက် လာကြဦးမယ် ဆိုတဲ့သဘောပါပဲ။ အသင်းကိုပိုကောင်းလာဖို့ အထောက်အကူများစွာရရှိဦးမှာပါ။
အာဆင်နယ်ပရိတ်သတ်တစ်ယောက်အနေနဲ့ လက်ရွေးစင်အသင်းမှာ ကိုယ့်ရဲ့ ကစားသမားတွေကို ကြည့်နေရတာသိပ်ပြီးကောင်းတဲ့ခံစားချက်ကိုရရှိစေပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကဆိုရင် ဝဲလ်ဘတ် တစ်ယောက်ပဲရှိခဲ့ပြီး စုစုပေါင်းကစားချိန်ကလဲ ၁၁ မိနစ်သာရှိခဲ့တာပါ။
ခြသေ့် ၃ ကောင် အမှတ်တံဆိပ်ကို ကိုယ်စားပြုရတာဟာသိပ်ပြီး ဂုဏ်ယူစရာကောင်းပါတယ်။ နိုင်ငံအသင်းဟာ ကြီးမားတဲ့ ဂုဏ်သိက္ခာရှိပြီး အားပေးမှုလဲ အခိုင်အမာရထားတာပါ။ အာဆင်နယ်အတွက်လဲ ကိုယ့်ကစား သမားတွေက နိုင်ငံလက်ရွေးစင်ဖြစ်နေတယ်ဆိုတာ ကြီးမားတဲ့အောင်မြင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။
ဒီတစ်ခါ English အစုအဖွဲ့ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်ပိုပြီး သာလွန်အောင်မြင်မယ်လို့ အသေအချာ ယုံကြည်ထားပါတယ်။
Has the ‘English Core’ Returned in this Arsenal Team? – By Benedit