အာဆင်နယ်အသင်း  အဆင့် ၄ ရမယ်လို့  စူပါကွန်ပျူတာခန့်မှန်း

၂၀၂၁-၂၂ ဘောလုံးရာသီအကုန် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ဘယ်အသင်းတွေက ဘယ်အဆင့်တွေမှာ ရပ်တည်နေမလဲ ဆိုတာကို စူပါကွန်ပျူတာနဲ့ တွက်ချက်မှု လုပ်ခဲ့ရာမှာတော့ အာဆင်နယ်ဟာ ထိပ်သီးလေးသင်း စာရင်းထဲ ၀င်မှာဖြစ်ပြီး ချန်ပီယံ၀င်ခွင့်တစ်နေရာကို ပိုင်ဆိုင်သွားမယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။ 

စူပါကွန်ပျူတာရဲ့တွက်ချက်မှုမှာ အဆင့်တစ်နေရာအတွက် မန်စီးတီး၊ အဆင့်နှစ်နေရာအတွက် လီဗာပူးလ်၊ အဆင့်သုံးနေရာအတွက် ချဲလ်ဆီးနဲ့ အဆင့်လေးနေရာအတွက် အာဆင်နယ်တို့ကို  ခန့်မှန်းသွားခဲ့ပါတယ်။ 

ချန်ပီယံလိဂ်၀င်ခွင့်အတွက် အာဆင်နယ်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ ၀က်စ်ဟမ်းနဲ့မန်ယူတို့ကတော့ အာဆင်နယ်ရဲ့နောက်မှာ အစဉ်လိုက်ရပ်တည်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေတဲ့ ၀က်စ်ဟမ်းဟာ စနေနေ့က လိဒ်စ်ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရမှာ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်ငါးနေရာက အာဆင်နယ်ထက် နှစ်ပွဲ ပိုကစားထားပေမယ့် နှစ်မှတ်သာ ဖြတ်ထားနိုင်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာအတွက် အမှတ်ပေးဇယားရဲ့ အဆင့်လေး နေရာလုပွဲဟာ ရာသီကုန်အထိ အကြိတ်အနယ် ယှဉ်ပြိုငရဖွယ်ရှိနေပါတယ်။ သင်္ချာနည်းအရဆိုရင် အဆင့်ရှစ်နေရာမှာ ရပ်တည်နေတဲ့ ဝူဗာဟန်တန်အသင်းတောင် ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ 

Advertisements

လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ၀က်စ်ဟမ်း၊အာဆင်နယ်၊စပါးနဲ့ မန်ချက်စတာမြို့ခံဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာအတွက် ရာသီကုန်အထိ ယှဥ်ပြိုင်ရမယ့် အသင်းတွေပဲဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်ရဲ့ ချန်ပီယံ၀င်ခွင့် ရနိုင်ချေက ၄၁ရာခိုင်နှုန်း၊ စပါးက ၃၇ရာခိုင်နှုန်း၊ ၀က်စ်ဟမ်းက ၁၁ရာခိုင်နှုန်းနဲ့ မန်ယူက ၁၀ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။  ဟောကိန်းအရဆိုရင်တော့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အာဆင်နယ်ဟာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် စပါးနဲ့ အဓိက ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

 အာတီတာဟာ အာဆင်နယ်မပါ၀င်နိုင်တဲ့ ဥရောပပြိုင်ပွဲတွေကို ကြည့်နေရတာဟာ နာကျင်စရာ ကောင်းတယ်လို့ စက်တင်ဘာက ၀န်ခံခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ ရက်အချို့က TV ကို ကြည့်ရတာ နာကျင်စရာ ကောင်းပါတယ်။ဖန်သားပြင်‌ပေါ်မှာ အခြားအသင်းတွေပဲ ရှိနေပြီး အာဆင်နယ်တော့မပါခဲ့ပါဘူး ..  ဒါဟာ လုံး၀နာကျင်စရာ ကောင်းပါတယ်။ပြိုင်ပွဲတွေမှာ ကျွန်တော်တို့ပါ၀င်ခွင့်မရပဲ ခုလို ဒီနေရာမှာ ကျွန်တော်ကတော့ ငုတ်တုတ်ထိုင်မနေချင်ပါဘူး   လို့ဆိုခဲ့တာပါ။

စူပါကွန်ပျူတာဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ကစားပြီးသမျှ ပွဲတစ်ပွဲချင်းစီရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အခြေခံပြီး တွက်ချက်တာဖြစ်ပါတယ်။ ဒီဟောကိန်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ နှစ်အတော်ကြာဝေးကွာနေရတဲ့ အာတီတာနဲ့ ကစားသမားတွေရဲ့ နာကျင်မှုတွေဟာ ရာသီကုန်မှာ အဆုံးသတ်ဖို့ ရှိနေပါတယ်။ 

Advertisements
Advertisement

Leave a Reply

%d bloggers like this: