ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ရုံနဲ့ အာဆင်နယ်ဟာ ‌အဆင့်တစ်ခု တက်သွားပါလိမ့်မယ်

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်ဟာ အိုဒီဂတ်၊ ရမ်ဒေးလ်၊ တိုမီယာဆု၊ ဘန်ဝှိုက်တို့ကို ငွေကြေး အမြောက်အမြားသုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားတွေဟာ အသင်းရဲ့ ရှိရင်းစွဲကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အာဆင်နယ်ကို ချန်ပီယံလိဂ်၀င်ခွင့် အတွက် မျှော်လင့်ချက်ရောင်ခြည်ဦးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

လက်ရှိဇန်နဝါရီမှာ အသင်းဟာ ကစားသမားအသစ်တွေ ဆက်လက်ဖြည့်တင်းဖို့ လိုအပ်နေတာကို အီဒူးနဲ့ အာတီတာတို့ ကောင်းကောင်းနားလည်ပါတယ်။အဓိက ပစ်မှတ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး။ဗလာဟို‌ဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး အသင်းရဲ့ အပြောင်းအရွှေ့သတင်းတိုင်းမှာလည်း ဗလာဟိုဗစ်ရဲ့အကြောင်းသာ လွှမ်းမိုးနေခဲ့ပါတယ်။ 

ဗလာဟိုဗစ်ကိုသာ အမ်းမရိတ်ကို အရောက်ခေါ်နိုင်ခဲ့ရင် အသင်းရဲ့ ဥရောပ၀င်ခွင့်တိုက်ပွဲအတွက် ကြီးမားတဲ့ အင်အားတစ်ခုဖြစ်လာမှာ အမှန်ပါပဲ။ ပရိသတ်တွေကလည်း အသင်းအနေနဲ့ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ပြီဆိုတဲ့ သတင်းတွေကိုပဲ စောင့်မျှော်နေခဲ့ပြီး နေ့စဉ် ကောလဟာလသတင်းတွေကြားမှာ မျောနေခဲ့ရပါတယ်။ 

လိဒ်စ်ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဖြစ်သူ ပက်ဒီကန်နီက‌တော့ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့အနေအထားဟာ Level တစ်ခု မြင့်တက်သွားမယ်လို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။ 

ဗလာဟိုဗစ်ဟာ လက်ရှိရာသီမှာ ဖီအိုရင်တီးနားအတွက် ၂၃ပွဲကစား၊၁၉ဂိုးသွင်းယူထားပြီး အသင်းရဲ့ စာချုပ်အသစ်ကို ငြင်းပယ်ထားသူလည်း ဖြစ်ပါတယ်။ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

Advertisements

သူဟာ အသက်၂၁နှစ်ပဲ ရှိသေးပြီး နိုင်ငံအသင်းအတွက်ကော ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။တကယ်ကို အံဩစရာပါပဲ” 

ဒီလို တိုက်စစ်မှူးကို အာဆင်နယ်ဟာ ခေါ်ယူလိုက်နိုင်ဆိုရင် အသင်းရဲ့ဟာ level တစ်ခု မြင့်တက်သွားမှာ ဖြစ်ပါတယ်၊ အာဆင်နယ်ဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးရှေ့မှာဆိုရင် ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ် အားနည်း နေပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ အခြားအသင်းကြီးတွေမှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးစီရှိနေပေမယ့် အာဆင်နယ်မှာတော့ မရှိပါဘူး” 

ဗလာဟိုဗစ်ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် တကယ်ကို အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာပါ၊သူဟာ တကယ်က်ု ကြောက်ဖို့ ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး အခွင့်အရေးရတိုင်း ဂိုးသွင်းယူနိုင်တဲ့ တိုက်စစ်မှူးပါ၊ အီတလီမှာ သူလုပ်ပြခဲ့သလို အင်္ဂလန်မြေမှာလည်း သူ ဂိုးတွေအများကြီးသွင်းနိုင်မှာပါ လို့ လိဒ်စ်ကစားသမားဟောင်းကြီးက သုံးသပ်ခဲ့ပါတယ်။

သတင်းမျိုးစုံထွက်နေတဲ့ ဗလာဟိုဗစ်ရဲ့ အပြောင်းအရွှေ့ဟာ  အေးဂျင် ၊ ကစားသမားနဲ့ အသင်းတွေကြားမှာ ရှုတ်ထွေးနေဆဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: