ပွဲရွှေ့ရလို့ မကျေနပ်ရင်   ကိုယ့်ဟာကိုယ်သာ အပြစ်တင်ပါ  တော့တင်ဟမ်

ဘောလုံးပရိတ်သတ်တွေဟာ သိပ်ရီရပါတယ်။

ကျွန်တော်တို့အားလုံးဟာ  လှဲချတာတွေကို မုန်းကြပါတယ်။  မဖြစ်သင့်တဲ့ ပယ်နယ်တီတစ်လုံးနဲ့  ကိုယ့်အသင်းနိုင်သွားရင်တော့  မျက်လုံးတွေ မမြင်ကြတော့ပါဘူး။  ကိုယ့်အသင်းကို အသာရစေတဲ့  ဆုံးဖြတ်ချက်တစ်ခုချ မလာခင်အထိတော့ အားလုံးက VAR ကိုမုန်းနေကြပါတယ်။ အကုန်လုံးက ဒီလိုပါပဲ။

ပြီးခဲ့တဲ့လတွေမှာ ရောဂါပြန့်ပွားမှုတွေတိုးလာကတည်းက  ကျွန်တော့်ဆီမှာ ခိုင်မှာတဲ့ ရပ်တည်ချက်တစ်ခုရှိပြီးသာပါ။  ဒါကတော့ “  ကိုဗစ်နဲ့   ဒဏ်ရာကိစ္စတွေကြောင့် ဘောလုံးပွဲတွေမရွေ့ဆိုင်းသင့်ပါဘူး  “  ဆိုတဲ့အချက်ပါပဲ။

ပရီးမီးယားလိဂ် အသင်းတိုင်းဟာ လူစာရင်းကို  A  နဲ့ B  အဆင့်တွေခွဲထားပြီး ကစားသမားပေါင်း ၅၀ လောက်ကို မှတ်ပုံတင်ထားပြီးသားပါ။  ပွဲတစ်ပွဲစာလူစာရင်းဖြစ်တဲ့  ပွဲထွက် ၁၁ ယောက်နဲ့  အရံ ၇ ယောက်ကို ပြည့်အောင်ဖြည့်ဖို့  မဖြစ်နိုင်ဘူးဆိုတာ သိပ်ရီစရာကောင်းလှပါတယ်။   စိတ်ကြိုက်လူစာရင်း မရှိရင်    မရှိဘူးပေါ့ဗျာ။

သိပ်စိတ်ဝင်စားစရာကောင်းတာ ပြောပြရမလား?  ပြီးခဲ့တဲ့အပတ်က ဘယ် FA Cup ပွဲမှ ကိုဗစ်ကြောင့်မရွှေ့သွားခဲ့ဘူး။ အသင်းတိုင်းက ရအောင်ကစားသွားခဲ့ကြပါတယ်။  ဘာကြောင့်လဲဆိုတော့ FA စည်းမျဥ်းမှာ မကစားနိုင်ရင် အရှုံးဆိုတဲ့ အချက်ရှိတယ်။ ဒါပေမယ့်  ပရီးမီးယားလိဂ်ဖက်ပြန်လှည့်ကြည့်တဲ့အခါမှာတော့   အဲဗာတန်နဲ့ လက်စတာပွဲကရွှေ့သွားခဲ့တယ်။ အကြောင်းပြချက်က ပရိတ်သတ်တွေကွင်းထဲလာဖို့ခက်တာရယ် ၊  ၁၁ ယောက်မပြည့်တာရယ်ကြောင့်တဲ့။  ဟာသပါဗျာ။ တကယ့်ဟာသပါ။

ကျွန်တော်ကိုယ်တိုင်ကလဲ  မြောက်လန်ဒန် ဒါဘီပွဲရွှေ့သွားရတဲ့အပေါ်မှာ စိတ်ပျက်မိသူတစ်ယောက်ပါ ။ ဒါပေမယ့်  ပွဲရွှေ့ရတာက အာဆင်နယ် ရဲ့ အမှားမှ မဟုတ်တာဗျာ။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ဒီစည်းမျဥ်းတွေကို ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာချခဲ့တယ်။ တော်တင်ဟမ်ရဲ့ ပွဲတွေကို ရွှေ့ဆိုင်းပေးရင်းနဲ့ပေါ့။   အဲ့ဒီနောက် ပိတ်ရက်ပွဲကြပ်ကာလမှာလဲ   ပွဲတွေပျက်ကြပြန်တယ်။  ကိုဗစ်နဲ့ ဒဏ်ရာတွေကြောင့် ပွဲပေါင်းများစွာဟာ  မကစားဖြစ်ခဲ့ပါဘူး။

Advertisements

EFL ပွဲစဥ်တစ်ပွဲဖြစ်တဲ့ လီဗာပူးနဲ့  အာဆင်နယ်တို့ပွဲဟာလည်း  ကိုဗစ် ၊ ဒဏ်ရာ နဲ့   အာဖရိက ဖလားကြောင့်ရွှေ့ပြန်ပါတယ်။  တကယ်က  ဘယ်အသင်းကမှ ပွဲရွှေ့ဖို့ တောင်းဆိုခွင့်မရှိသင့်ဘူး။ ဒါကအဖြေပဲ။

ဒီတော့ဗျာ  … အသင်းတိုင်းလိုလိုက  အကြောင်းပြချက်ကိုယ်စီနဲ့ ပွဲတွေရွှေ့နေကြချိန်မှာ အာဆင်နယ်ကလည်း ဒီလမ်းကြောင်းကိုလိုက်တာ ဘာမှ အံ့သြစရာမရှိဘူး။  ဘာကိစ္စနဲ့ မှ အသင်းကို  အပြစ်ပြောနေစရာကိုမလိုတာ။  အကြီးအကဲတွေဖက်က  ဒီတံခါးကိုဖွင့်လိုက်မှတော့   ၊  အာဆင်နယ် အလှည့်ရောက်ခါမှ ပြန်ပိတ်လိုက်လို့ရမလား။  မျှမှ မမျှတတာ။

ဒါကြောင့် နောက်နှစ်ဘောလုံးရာသီရောက်ရင်တော့ ဘယ်အသင်းကမှ ဘယ်ပွဲကို မရွေ့ဆိုင်းရဘူးဆိုပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားသင့်ပါတယ်။  ၁၁ ယောက်ပြည့်အောင်မဖြည့်နိုင်ရင်  အဲ့ဒီအသင်းအရှုံးပါပဲ။

နောက်ဆုံးပြောမယ့်အချက်က ဒီမှာပါ။

မီဒီယာတွေဟာ အခြားအသင်းတွေနဲ့တုန်းက တိတ်ဆိတ်နေခဲ့သမျှ  အာဆင်နယ်အလှည့်မှာ ဘာပြောကြမလဲဆိုတာပါပဲ။   Sky Sports ကစပြီးအသံထွက်လာတယ်။  ဂယ်ရီနဗီးလ်က သူ့ရဲ့  ရုပ်သံအစီအစဥ်ကို မထိမချင်း ဘာသံမှမထွက်တာကနေ ၊ မြောက်လန်ဒန် ဒါဘီပွဲကြောင့် Sky Super Sunday အစီအစဥ်လဲပျက်ရော  လက်တွေလေထဲမြှောက်ပြီး ကန့်ကွက်တော့တာပဲ။​ (အီယန်ရိုက်လဲ​ ဒီအချက်ကို လှောင်ပြီးပါပြီ)

သိ်ပ်အပြစ်တင်ချင်ရင်  အာဆင်နယ်ကိုပဲတင်မနေပါနဲ့ ။ တော့တင်ဟမ်ကိုတင်ပါ။ လီဗာပူး ၊ မန်ချက်စတာယူနိုက်တက်  ၊ ဝုဗ် ၊ လက်စတာ နဲ့ ပရီးမီးယားလိဂ် ကိုပါ အပြစ်တင်ပါ။ အကုန်လုံးကိုပြောပါ။

ဒီကိစ္စဟာ  တော့တင်ဟမ်ဖက်က ဘရိုက်တန်နဲ့ပွဲကို မကစားဖို့ တောင်းဆိုတာကနေစခဲ့တာပါ။

ဒီတော့  အာဆင်နယ်ပွဲက မရွှေ့သင့်ဘူး။ ပြီးတော့ ဘယ်ပွဲမှလဲမရွှေ့သင့်ဘူး။ ဒီလောက်ပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: