နောက်ဆုံးရ အာဆင်နယ် သတင်းများ(15Jan)

တစ်ချိန်က အကယ်ဒမီကစားသမားကို ပြန်စောင့်ကြည့်နေတဲ့ အာဆင်နယ်

လူငယ်ကစားသမားဘဝတုန်းက အာဆင်နယ်မှာ ကစားခဲ့ဖူးတဲ့ ရိန်းဂျားကွင်းလယ်လူ ဂလင်း ကာမာရာကို  ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့  90Mins ကဖော်ပြလာပါတယ်။ အဆိုပါ ကွင်းလယ်လူအတွက် ရိန်းဂျားတို့ဟာ ခေါ်ယူစဥ်က ပေါင် ၅သောင်းသာ ကုန်ကျခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဖင်လန်လက်ရွေးစင်ကစားသမားဟာ  ၂၀၁၇ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ  ဒန်ဒီးအသင်းကိုရောက်ခဲ့ပြီး ၊ ၂၀၁၉မှာ ရိန်းဂျားကိုပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်။ ကာမာရာကို အက်စတွန်ဗီလာအသင်းကလဲ စိတ်ဝင်စားနေတယ်လို့  အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

နှလုံးလုပ်ဆောင်ချက်မမှန်တာကြောင့် အူဘာကို ချန်လှပ်ထားခဲ့ရ

အသင်းခေါင်းဆောင်ဟောင်း တိုက်စစ်မှုး အူဘာမီယန် ဟာ နှလုံးရဲ့လုပ်ဆောင်ချက်တွေပုံမမှန်တာကြောင့် ဂါနာအသင်းနဲ့ ပွဲမှာ ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။ အူဘာ ဟာ လောလောလတ်လတ်မှာ ကိုဗစ် ကူးစက်ခံခဲ့ရပြီးနောက် ပြန်ကစားဖို့အဆင်ပြေခဲ့ပေမယ့် အခုအခါမှာတော့  နှလုံးပြသနာပါဖြစ်လာခဲ့တာပါ။

နီကိုလာမိုလာကို  အသင်းကြီးနဲ့အတူတွေ့နေရ

အငှားကပြန်လာတဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှုး  နီကိုလာမိုလာကို  စပါးအသင်းနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးအစီအစဥ်မှာတွေ့ခဲ့ရတာကြောင့် အသင်းကြီးမှာ ပါဝင်ကစားလာနိုင်တယ် ဆိုတဲ့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့  မကစားနိုင်သူတွေများနေတာကြောင့် မြောက်လန်ဒန်ဒါဘီပွဲကို ရွှေ့ဆိုင်းဖို့  EPL ထံ စာတင်ထားတယ်လို့ သိရပါတယ်။

Advertisements

မာတင်နယ်လီကို ကြယ်ပွင့်ဖြစ်လာဖို့ အကြံပြုခဲ့တဲ့ အီယန်ရိုက်

အာဆင်နယ် ဂန္တဝင်ကြီး  အီယန်ရိုက်က  မာတင်နယ်လီနဲ့ပတ်သတ်ပြီးအခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။

“ သူက ဒဏ်ရာတွေရနေခဲ့လို့သာ  အရမ်းမထွန်းတောက်နိုင်ခဲ့သေးတာပါ။  စိတ်ရှည်လက်ရှည်နဲ့ အခွင့်အရေးကိုသာ စောင့်စားပြီး ကြိုးစားဖို့ပဲလိုပါတယ်။ သူက ကြယ်ပွင့်တစ်ပွင့်သေချာပေါက်ဖြစ်လာမှာပါ။ သူ့မှာ အောင်မြင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ့်အချက်တွေအကုန်ရှိပါတယ်။  ကျွန်တော်က မာတင်နယ်လီ တစ်ယောက်ထွန်းတောက်လာမယ်ဆိုတာ ယုံပါတယ် “  လို့   ESPN Brazil နဲ့တွေ့ဆုံစဥ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒန်နီလိုကို အာဆင်နယ် စိတ်ဝင်စားနေကြောင်း နောက်ထပ်မီဒီယာတစ်ခုက ဖော်ပြလာ

ပြီးခဲ့တဲ့အပတ်တုန်းက  အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်လာခဲ့တဲ့ ပါမီယပ်စ်ကွင်းလယ်လူ​ ဒန်နီလိုနဲ့ပတ်သတ်ပြီး အခြားသော ဘရာဇီးမီဒီယာဖြစ်တဲ့ Lance ကလည်း ထပ်မံဖော်ပြလာပါတယ်။  အဆိုပါဖော်ပြချက်အရ  ဝက်စ်ဟမ်းအသင်းကလည်း အာဆင်နယ်အသင်းနဲ့အတူ ဒန်နီလိုကိုစိတ်ဝင်စားနေတယ်လို့  သိရါပါတယ်။ ကစားသမားအတွက် ခေါ်ယူလိုတဲ့အသင်းတွေဟာ သန်း ၂၀ ကနေ ၂၅ ဝန်းကျင်သုံးစွဲဖို့လိုအပ်တယ်ဆိုပြီးလဲဖော်ပြထားပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: