ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ရှာခါဟာ ခွင့်လွှတ်ဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား

မန်စီးတီးနဲ့ ပွဲစဉ်မှာ သူ့ကြောင့် ပင်နယ်တီ ပေးခဲ့ရသလို မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်း ရှာခါဟာ ပွဲချိန် ၂၉မိနစ်ကတည်းက အနီကတ်ထိခဲ့ပြီး အာဆင်နယ်ဟာ လက်ကျန်မိနစ်တွေမှာ ကစားသမားတစ်ယောက်လျော့နဲ့ အိမ်ရှင်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ကွင်းထဲမှာ ကျန်ခဲ့တဲ့ ကစားသမားတွေက တိုက်ပွဲ၀င်စိတ် အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့်သာ အန်ဖီးလ်မှာ မရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အသင်းခေါင်းဆောင်ဖြစ်ခဲ့စဉ်ကလည်း ကပ္ပတိန်လက်ပတ်ကို လွှင့်ပစ်ကာပရိသတ်တွေ အပေါ်လည်း လေးစားမှု မရှိတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ဖူးတဲ့ ရှာခါအတွက် ဒီအနီကဒ်ရဲ့ အာဆင်နယ်ကစားသမားဘ၀မှာ ငါးကြိမ်မြောက်အပြခံရတဲ့ အနီကဒ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းနဲ့အတူ ယူရိုမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် အာတီတာက အမ်းမရိတ်မှာ ရှာခါကို ဆက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ်။ 

ရှာခါဟာ မနေ့ညက သူကျူးလွန်ခဲ့တဲ့ အပြစ်အတွက် လူမှုကွန်ရက်မှာ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ 

ကျွန်တော် အားလုံးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်အသင်းကို အရမ်းပဲ ဂုဏ်ယူမိပြီး ဒီနေ့ပွဲမှာ ဂိုးမပေးရအောင် ကြိုးစားခဲ့တဲ့ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ဂုဏ်ယူမိပါတယ်” 

လီဗာပူးလ်နဲ့ အင်္ဂလန်ကစားသမားဟောင်း ကာရေဂါကတော့ ရှာခါဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ ရှာခါရဲ့ အသင်း လူငယ်ကစားသမားတွေကို စိတ်ဓာတ်ကျစေတဲ့လုပ်ရပ်တွေထဲက နောက်ဆုံးမြင်နိုင်တဲ့ ဥပမာလို့ ဆိုခဲ့ပါတယ်။ 

Advertisements

ရှာခါဟာ သူလုပ်နေကြ လုပ်ရပ်ကိုပဲ လုပ်ခဲ့တာပါ။ဒါဟာ လုံး၀အနီကဒ်ပါပဲ။ သံသယရှိစရာမလိုပါဘူး” 

မန်နေဂျာတိုင်းက သူ့ကို ရွေးချယ်ကြပါတယ်။သူက ကောင်းကောင်းလေ့ကျင့်တဲ့ သူတစ်ယောက်ဖြစ်သလို ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” 

အာဆင်နယ်ဟာ ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ကစားသမားဆယ်ယောက်တည်းနဲ့ အန်ဖီးလ်မှာ လီဗာပူးလ်ကို ရင်ဆိုင်ရတာဟာ အာဆင်နယ်အနေနဲ့ ရှုံးနိမ့်ရုံသာမက ပြိုင်ပွဲကနေ ထွက်ခွာဖို့ အထိပါ ဖြစ်သွားနိုင်လောက်ပါတယ်” 

မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်ဟာ တကယ်ကို စိတ်၀င်စားဖို့ ကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒါဟာလည်း ပျက်စီးခဲ့ရပြီး ရှာခါရဲ့ အပြစ်လည်း ပါ၀င်ခဲ့ပါတယ်။ ဒီလို ခဏခဏ အပြစ်တွေ လုပ်နေတာဟာ မကောင်းပါဘူး။ သူဟာ လူငယ်ကစားသမားလေး တစ်ယောက်မဟုတ်တော့ပါဘူး။ သူဟာ အတွေ့အကြုံရင့် ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် အာဆင်နယ်ကို နောက်တစ်ဆင့် မတက်နိုင်အောင် ဆွဲထားတဲ့ သူတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။” 

အာတီတာနဲ့သူ့ရဲ့လူငယ်ကစားသမားတွေ ဒီရာသီမှာ လုပ်ပြနေတဲ့ အရာတွေကို ကျွန်တော်တကယ်ပဲ သဘောကျမိပါတယ်။ဒါပေမယ့် လူငယ်ကစားသမားလေးတွေကို စိတ်ပျက်စေတဲ့သူတွေက အခြားသူမဟုတ်ပဲ အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်နေတာပါပဲ” 

ရှာခါက ဒိုင်လူကြီးတွေဟာ သူ့ကို အနီကဒ်အလွယ်တကူပဲ ပြနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီစကားဟာ အနည်းငယ်တော့ မှန်ကန်ပေမယ့် သူသာ အနီကဒ်ပြခံရမယ့် ပြစ်ဒဏ်ကို အစကတည်းက မကျူးလွန်ခဲ့ရင် အနီကတ်ထိစရာ အကြောင်းလည်း မရှိဘူးလို့ ဆိုနိုင်ပြန်ပါတယ်။ 

အခုလို ပင်နယ်တီပြစ်ဒဏ်ဘောတွေ ကျူးလွန်၊အနီကဒ်တွေယူနေတာက‌တော့ အသင်းရဲ့လူငယ်ကစားသမားလေးတွေကို တကယ်ပဲ စိတ်ပျက်စေမှာ အမှန်ပါပဲ။ 

အူဘာမီယန်း ပြဿနာပြီးတဲ့နောက် အာတီတာ နောက်ထပ်ဖြေရှင်းရမယ့် ပြဿနာဟာ ရှာခါပြဿနာဖြစ်ဖို့ များနေပါတယ်။ရှာခါဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အခုလို အမှားတွေ လုပ်နေတာဟာ အာတီတာနဲ့ လူငယ် ကစားသမားလေးတွေအတွက် အဆင်မပြေနိုင်ပါဘူး။ 

ရှာခါရဲ့ တိုက်ရိုက်အနီကဒ်ဟာ အာဖရိက ဖလားပြိုင်ပွဲကြောင့် ပါတေးနဲ့ အယ်လ်နီနီတို့ကို ဆုံးရှုံးထားရတဲ့ အသင်းရဲ့ကွင်းလယ်ကို အထိနာစေခဲ့ပါတယ်။စပါးနဲ့ပွဲစဉ်မှာ အာတီတာအတွက် ရွေးချယ်စရာ ဝါအရင့်ဆုံးကစားသမားဆိုလို့ လိုကွန်ဂါပဲ ကျန်ပါတော့တယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: