နောက်ဆုံးရ အာဆင်နယ် သတင်းများ (​​14Jan)

ဗလာဟိုဗစ်ကိုမရရင် ဟော်လာကိုခေါ်ဖို့  ဖာဒီနန်တိုက်တွန်း

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်က  နာမည်ကျော်အပြောင်းအရွှေ့သတင်းထောက် ဖေဘရီဇီယိုရိုမာနိုနဲ့အတူတူ တင်ဆက်ခဲ့တဲ့ FIVE YouTube Channel မှာ အာဆင်နယ်အနေနဲ့ ဒူဆန်ဗလာဟိုဗစ်ကို မခေါ်ယူဖြစ်ခဲ့ရင်  အေဂျက်တိုက်စစ်မှုးဟော်လာကို ထည့်သွင်းစဥ်းစားသင့်တယ်လို့  အကြံပြုသွားခဲ့ပါတယ်။

ဟော်လာ ဟာ  ပရီးမီယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းနဲ့အတူ ကာလတစ်ခု ဖြတ်သန်းခဲ့ဖူးပြီး အောင်မြင်မှုတော့မရရှိခဲ့ပါဘူး။  ကစားပေးခဲ့တဲ့ ၁၈ လအတွင်းမှာ ဟမ်းမားတို့အတွက် ၁၄ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်အသင်းကို ပြောင်းရွေ့သွားပြီးတဲ့နောက်မှာတော့ ၄၅ ပွဲကစားပြီး ၃၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

စပါးနဲ့ပွဲရွှေ့ဆိုင်းရနိုင်ကြောင်း အာတီတာ ပြောဆို

ဒဏ်ရာရ  ၊ ပွဲပယ်ကစားသမားအရေအတွက်များပြားလာပြီး  အနဲဆုံးရှိရမယ့် ၁၃ ဦးအထိပြည့်မှီဖို့ မသေချာတော့တာကြောင့် စပါးနဲ့ကစားမယ့် မြောက်လန်ဒန် ဒါဘီပွဲကို ရွှေ့ဆိုင်းရနိုင်တယ်လို့  အာတီတာက ဝန်ခံသွားခဲ့ပါတယ်။  အိုဒီဂတ် ၊ ဆဲဒရစ် တို့အပါအဝင်   ရှာခါကလဲ အနီကတ်ထိခဲ့တာကြောင့် အာဆင်နယ် လူစာရင်းဟာ နဲပါးသည်ထက် နဲပါးလားခဲ့ပြီ ဖြစ်ပါတယ်။

ကမ်းလှမ်းမှုတွေရှိနေပေမယ့်  အာဆင်နယ်မဟုတ်ရင်  မပြောင်းချင်တဲ့ မယ်လို

Calciomarcerto ရဲ့ဖော်ပြချက်အရ  ဂျူဗင်တပ်စ်ကွင်းလယ်လူ အာသာမယ်လို ဟာ   အသင်းပြောင်းဖြစ်မယ်ဆိုရင် အာဆင်နယ်အသင်းတစ်သင်းအတွက်ပဲ စိတ်အားထက်သန်မှုရှိနေတယ်လို့ သိရပါတယ်။ မယ်လိုကို  နယူးကာဆယ်အသင်းနဲ့ ဆီဗီးလားအသင်းတို့ကလည်း စိတ်ဝင်တစားချဥ်းကပ်နေတယ်လို့ သတင်းများက ဖော်ပြနေပါတယ်။

Advertisements

အသင်းရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ချီးကျူးသွားတဲ့ အာတီတာ

အာတီတာဟာ ၁၀ယောက်ထဲနဲ့ လီဗာပူးကိုရင်ဆိုင်သွားတဲ့ အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်နဲ့  အသင်းစိတ်ဓါတ်ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။  Talk Sport နဲ့တွေ့ဆုံရာမှာ  အာတီတာက  “  အနီကတ်အပြခံရပြီးတဲ့နောက်မှာ  အခြေအနေတွေက အဆိုးဖက်ကို ပြောင်းလဲသွားနိုင်ချေတွေအများကြီးရှိခဲ့ပါတယ်။  တဖက်အသင်းက လူတစ်ယောက်အသာရတဲ့နောက်မှာ အားလုံးကို လွယ်လွယ်ကူကူလုပ်နိုင်မယ့်ပုံပါပဲ။ ဒါပေမယ့်  ကျွန်တော်တို့ဟာ  တကယ့်ပွဲကောင်းတစ်ပွဲကို ဖန်တီးပြနိုင်ခဲ့ပါတယ်။  လုံးဝအရှုံးမပေးပဲ ယုံကြည်ချက်အပြည်ရင်ဆိုင်ခဲ့ကြတယ်။ အကြောင်းပြချက်ပေးဖို့ထက်  အဖြေကိုပဲရအောင်လုပ်ခဲ့ကြပါတယ်။  ကစားသမားတွေဟာ နေရာစုံမှာ အကောင်းဆုံးတုန့်ပြန်သွားခဲ့တာပါ။ ဒီလိုစိတ်ဓါတ်မျိုးရှိနေပြီဆိုရင်  အဆုံးမှာ ကောင်းမွန်တဲ့အရာတွေပဲဖြစ်လာမှာပါ “  ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

ဗလာဟိုဗစ်ကို တစ်ခုခုပြတ်ပြတ်သားသားလုပ်ဖို့ ဖီအိုအသင်းတောင်းဆို

ဖီအိုရင်တီးနားအသင်းဖက်က  သူတို့ရဲ့တိုက်စစ်မှုး ဗလာဟိုဗစ်ကို ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် ထုတ်ဖော်ပြောလာခဲ့ပြီဖြစ်ပါတယ်။  ဗလာဟိုဗစ်အနေနဲ့ စာချုပ်သက်တမ်းလဲမတိုး ၊ အသင်းပြောင်းရွေ့ခြင်းလဲမပြုလုပ်ခဲ့ရင် ဖီအိုတို့ဟာ သူတို့ရဲ့ကစားသမားအတွက် ငွေကြေးတစ်စုံတစ်ရာ ရရှိခြင်းမရှိပဲလက်လွှတ်ရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: