နောက်ဆုံးဖလားတစ်လုံးမျှော်လင့်ခွင့်အတွက် ဖြစ်နိုင်ဖွယ် Line Up

ယနေ့ညမှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ FA Cupပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာထားရတာကြောင့် ကာရာဘောင်ဖလားကို အရယူဖို့ အာဆင်နယ်ဟာ သေချာပေါက်ကြိုးစားလာမှာ ဖြစ်ပါတယ်။ 

ပြိုင်ဘက်ကလည်း လီဗာပူးလ်ဖြစ်တာကြောင့် အာဆင်နယ်အတွက် သေချာပေါက် ခက်ခဲမှာဖြစ်ပြီး နော်တမ်ဟန်ဖောရက်စ်နဲ့ ကစားခဲ့စဉ်က ခြေစွမ်းမျိုးကိုတော့ ထပ်မံပြသလို့တော့ မဖြစ်ပါဘူး။ ဒီပွဲစဉ်မှာ လီဗာပူးလ်ကိုရင်ဆိုင်ဖို့ အာတီတာ ပြင်ဆင်လာဖွယ်ရှိတဲ့ လူစာရင်းကတော့ 

ဂိုး 

လီနို   –   FA Cupကနေ ထွက်ခွာခဲ့ရပြီမို့ လီနိုအတွက် ပွဲထွက်ခွင့်ရဖို့က ကာရာဘောင်ဖလားပြိုင်ပွဲပဲ ကျန်ပါတော့တယ်။ ဒီပွဲမှာ လီနိုကို သေချာပေါက် မြင်တွေ့ရမှာပါ။ 

Advertisements

နောက်တန်း 

ဆိုအာရက်စ်  –  ခြေသလုံးကြွက်သား ဒဏ်ရာအနည်းငယ်တဲ့ တိုမီယာဆုဟာ အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါ၀င်လာဖို့ မဖြစ်နိုင်သေးပါဘူး။  ဒါကြောင့် ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ပေမယ့်  ဆဲဒရစ်ကိုသာ ပွဲထုတ်ရမှာပါပဲ။

ဘန်ဝှိုက်   –  ဖောရက်စ်နဲ့ပွဲစဉ်မှာ ပါ၀င်ခဲ့တဲ့ ဘန်ဝှိုက်ဟာ ဒီပွဲစဉ်မှာလည်း ပြန်လည် ပါ၀င်လာမှာပါ  

ဂါဘရီယယ်  –   ဖောရက်စ်နဲ့ ပွဲမှာ ဟိုးလ်ဒင်းကို ပွဲထုတ်ခဲ့တာဟာ လုံး၀အလုပ်မဖြစ်ခဲ့တာကြောင့် အားကိုးရတဲ့ ဘရာဇီးလ်နောက်ခံလူကိုပဲ အသင်းရဲ့ လူစာရင်းမှာ ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

တီယာနေး  –   ဖောရက်စ်နဲ့ပွဲက သူ့ရဲ့လုပ်ရပ်ကြောင့် တာဗာရက်စ်ကို အသုံးပြုစရာ အကြောင်း မရှိပါဘူး။သေချာပေါက် တီယာနေးကိုပဲ အာဆင်နယ် ဘယ်ခြမ်းခံစစ်မှာ တွေ့မြင်ရမှာပါ။ 

ကွင်းလယ် 

ရှာခါ  –   အာတီတာအတွက်  ကံကောင်းထောက်မမှုပဲဖြစ်ပါတယ်။  ကိုဗစ်ကြောင့် မကစားနိုင်ခဲ့တဲ့ရှာခါဟာ ပြန်လည်ပါဝင်နိုင်မယ်လို့ သိရပြီး  လီဗာပူးကိုရင်ဆိုင်မယ့် လူစာရင်းမှာ ပါလာဖို့များပါတယ်။

လိုကွန်ဂါ  –  အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ပါတေးနဲ့အယ်လ်နီနီ အာဖရိကဖလားပြိုင်ပွဲကိုရောက်နေတာကြောင့်  ရွေးစရာမရှိ အာတီတာ ဟာ ဆမ်ဘီကို သုံးရဦးမှာပါပဲ။

ပါတီနို   –  အိုဒီဂတ်လဲ မကစားနိုင်တဲ့နောက်မှာ အာတီတာအတွက် ကွင်းလယ်မှာ ရွေးချယ်စရာ အခြားစီနီယာကစားသမား မရှိတော့ပါဘူး။ပါတီနိုကသာ တစ်ခုတည်းသော အကောင်းဆုံး ရွေးချယ်မှု ဖြစ် မှာပါ။ 

ရှေ့တန်း 

ဆာကာ   –  အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ ငရုတ်သီးလေးကို ဒီလိုပွဲမျိုးမှာ အာတီတာအနေနဲ့ ချန်လှပ်ထားဖို့ မဖြစ်နိုင်ပါဘူး။ 

မာတင်နယ်လီ   –  မန်စီးတီးနဲ့ ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဖောရက်စ်နဲ့ပွဲမှာတော့ ဘရာဇီးလ်သားဟာ ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမှာ ပြန်ခြေစွမ်းပြနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ 

လာကာဇက်  –   နော်တမ်ဟန်ဖောရက်စ်နဲ့ပွဲမှာ အန်ကက်တီးယားကို အသုံးပြုခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို သူ့ရဲ့ အမ်းမရိတ်အနာဂတ်ဟာလည်း အဆုံးသတ်ကို ရောက်ရှိနေပါပြီ။ လာကာဇက် ကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် အာတီတာ အသုံးပြုလာပါလိမ့်မယ်။

Advertisements

Leave a Reply

%d bloggers like this: