“ ဒါကဖြစ်ရိုးဖြစ်စဥ် သာမန်ကိစ္စပါ  “   – ဂွီမာရေးစ်

အပြောင်းအရွှေ့ သတင်းတွေမျိုးစုံထွက်နေတဲ့ အပေါ်မှာ ဘရူနိုဂွီမာရေးစ်က ဒါတွေဟာ အထူးအဆန်းမဟုတ်ကြောင်း ပြောလာပါတယ်။  ဂွီမာရေးစ်ဟာ အခုရက်ပိုင်း အာဆင်နယ်အသင်းနဲ့အတူ နာမည်ထွက်ရင်း သူ့အကြောင်းမပါတဲ့နေ့မရှိသလောက်ပါပဲ။ လတ်တလောမှာတော့ အဲဗာတန်နဲ့ အာဆင်နယ်ကို့က  သူ့ကိုအသဲအသန်လိုက်နေကြတယ်လို့ သတင်းတွေအရသိရပါတယ်။ လွန်ခဲ့တဲ့ရက်အနဲငယ်တုန်းကလဲ  ဂျူဗင်တပ်စ်အသင်းက သူတို့ရဲ့ ကစားသမား မယ်လို နဲ့အလဲအထပ်လုပ်ဖို့ကြိုးစားခဲ့တယ်လို့ပဲသိရပါတယ်။

အဖြတ်အတောက်ကောင်းပြီး ၊ သာမာန်ထက်ပိုတဲ့ Vision ကိုလဲပိုင်ဆိုင်ထားတဲ့ ဘရာဇီးသားကို အာဆင်နယ်တို့က လွန်ခဲ့တဲ့နှစ်တွေမှာ ချိတ်ဆက်ဖူးပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုအဆင့်အထိတော့မရောက်ခဲ့ပါဘူး။​ အခုဆောင်းရာသီ  ကွင်းလယ်ကစားသမားအထူးလိုအပ်ချိန်မှာတော့ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် နာမည်ကျော်လာပြန်ပါတယ်။ 

အပြောင်းအရွေ့ကျွမ်းကျင်သူ ဖေဘရီဇီယို ရိုမာနိုကတော့  လိုင်ယွန်အသင်းဖက်က ဂွီမာရေးစ်နဲ့ပတ်သတ်လို့ သန်း ၄၀ ဝန်းကျင်မရရင် ဘယ်ဆွေးနွေးမှုကိုမှ လက်ခံ စကားပြောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။  အာဆင်နယ်အသင်းရော အဲဗာတန်အသင်းပါ ဘယ်သူကမှ တကယ်မကမ်းလှမ်းကြသေးတဲ့ပုံပါပဲ။ နောက်ဆုံးသတင်းတွေအရဆိုရင်တော့ ရိုးမားတစ်သင်းပါထပ်ထည့်ရမှာပေါ့။

Advertisements

ဒါပေမယ့် ဒီလိုအခြေအနေပေါ်မှာ ဂွီမာရေးစ်ရဲ့ တုန့်ပြန်ချက်ကတော့ အခုလိုပဲဖြစ်ပါတယ်။

“ ဒါက ဖြစ်ရိုးဖြစ်စဥ် ကိစ္စပါဗျာ .. အထူးသဖြင့်အပြောင်းအရွှေ့ရာသီတွေမှာပေါ့။

ခင်ဗျားက အိုလံပစ်ချန်ပီယံဖြစ်မယ် .. ခြေစွမ်းကောင်းပြတဲ့ဘောလုံးရာသီရှိမယ် ..  လက်ရွေးစင်အသင်းကြီးမှာလဲပါရမယ် ဆိုရင်ဒီလိုသတင်းတွေကတော့ဘောလုံးလောကမှာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။

ကျွန်တော်ကတော့ သိပ်တွေးမနေပါဘူး ..  ကိစ္စအားလုံးကို Agent နဲ့ပဲလွှဲထားလိုက်တယ်။  ကျွန်တော်အာရုံစိုက်တာက လိုင်ယွန်အသင်းကို သူရှိသင့်တဲ့နေရာတစ်ခုပို့ပေးဖို့ပါပဲ။  ကျွန်တော်တို့အသင်းကအခု ယူရိုပါလိဂ်မှာ နောက်ဆုံး ၁၆ သင်းအဆင့်ကိုရောက်နေပါပြီ။ လိုင်ယွန်မှာ ဒီဖလားမရှိသေးပါဘူး.. အသင်းသားအားလုံးနဲ့တူတူ ဒီအတွက်ကြိုးစားဖို့ပဲ တွေးထားပါတယ် “  လို့  ဘရာဇီး တီဗီ Globo နဲ့တွေ့ဆုံရာမှာပြောခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းအတွက်  ပွဲပေါင်း ၁၆၀ ၊ နိုင်ငံအသင်းအတွက် ၃ ပွဲကစားပြီးချိန်မှာ ဂိုးပေါင်း ၁၃ ဂိုးသွင်းယူထားပြီး ဖန်တီးမှုက ၁၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီသက်တမ်းနဲ့ အဝါကတ် ၂၇ ကတ်ဆိုတာကတော့ သူ့ရဲ့ကစားပုံကိုထင်ဟပ်နေတယ်ပဲဆိုရပါလိမ့်မယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဒီဆောင်းရာသီမှာတော့ အသင်းမပြောင်းဖြစ်ဖို့များနေပါတယ်။ ရာသီကုန်ရင်တော့ အခြေအနေတွေကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: