ဒီဇင်ဘာလရဲ့ အကောင်းဆုံးကစားသမား မာတင်နယ်လီ
အာဆင်နယ်အသင်းရဲ့ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားအဖြစ် တိုက်စစ်မှုး မာတင်နယ်လီ ကရွေးချယ်ခံခဲ့ရပါတယ်။ မဲအရေအတွက် ၄၇% အထိရရှိခဲ့တဲ့ ဘရာဇီးသားလေးဟာ အိုးထရက်ဖို့မှာ အိုဒီဂတ်ရရှိခဲ့တဲ့ဂိုးကို ဖန်တီးပေးခဲ့တာကစလို့ သွင်းဂိုးရော ပံ့ပိုးမှုရော တစ်လအတွင်းများစွာပြုလုပ်နိုင်ခဲ့ပါတယ်။ မဲအရေအတွက်အရ သူ့ရဲ့နောက်မှာ အိုဒီဂတ်က ဒုတိယ ၊ ဆာကာ က တတိယ အသီးသီးရပ်တည်ခဲ့ကြပါတယ်။
အန်ကတ်တီယာကို ရာသီကုန်ထိ မစောင့်နိုင်တော့တဲ့ အန်ကတ်တီယာ
ရာသီကုန်မှာ အလွတ်နဲ့ခေါ်ယူနိုင်ဖို့အခွင့်အရေးရှိနေပေမယ့် ခရစ်စ္စတယ်ပဲလေ့စ်အသင်းဟာ အန်ကတ်တီယာကို ဇန်နဝါရီအပြောင်းအရွှေ့မှာတင်ခေါ်ယူလိုနေတယ်လို့ 90 Mins ကဖော်ပြလာပါတယ်။ ပဲလေ့စ်အသင်းမှာလဲ အာဖရိကဖလားပွဲသွားနေတဲ့ တိုက်စစ်မှုးများစွာရှိနေပြီး ဂိုးသွင်းအားလည်းမတည်ငြိမ်တာဖြစ်လို့ အန်ကတ်တီယာကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဖရန့်ဖတ်တိုက်စစ်မှုးကို လည်း ရေဒါထဲ ထည့်ထားတဲ့အာဆင်နယ်
Calciomarcerto ရဲ့ဖော်ပြချက်အရ ဖရန့်ဖတ်တိုက်စစ်မှုး ဖိလစ်ကိုစတစ် ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အာဆင်နယ်လဲပါဝင်နေတယ်လို့ သိရပါတယ်။ အဆိုပါ ၂၉ နှစ်အရွယ်တိုက်စစ်မှုးကို အင်တာမီလန် အသင်းက အဓိက ချဥ်းကပ်နေတာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ် ၊ ဆီးဗီးလား ၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ကလည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ကိုစတစ်ဟာ ဖရန့်ဖတ်အသင်းအတွက် ၁၄၉ ပွဲကစားထားပြီး ၂၉ ဂိုးသွင်း ၅၈ ကြိမ်ဖန်တီးပေးထားတဲ့မှတ်တမ်းလဲရှိထားပါတယ်။
နော့တင်ဟမ်ရှုံးပွဲအတွက် ကစားသမားတွေကို ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ ကင်းဘဲလ်ပြော
အာဆင်နယ်ကစားသမားဟောင်းကြီး ကီဗင်ကင်းဘဲလ်က နော့တင်ဟမ်နဲ့ရှုံးပွဲအပေါ်မှာ အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။
“ အာဆင်နယ်အနေနဲ့ ကစားသမားအများစုကို အပြောင်းအလဲလုပ်ထားရတာနားလည်ပါယ်။ ဒါပေမယ့် အခုစွမ်းဆောင်ရည်ထက်တော့ ပိုကောင်းရပါလိမ့်မယ်။ ဒီအစုအဖွဲ့ဟာ ပိုကောင်းအောင်ကစားရပါလိမ့်မယ်။ ဒီပွဲဟာ အစလဲမကောင်းခဲ့သလို အဆုံးမှာတော့ပိုဆိုးခဲ့ပါတယ်။ ကန်သွင်းခွင့်တစ်ကြိမ်တောင်မရခဲ့ဘူး။ ကစားသမားတွေဟာ သူတို့ကိုယ်သူတို့ ပရီးမီးယားလိဂ်အဆင့်ဆိုတာကို သိရပါလိမ့်မယ် လို့ Football Insider နဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။
ရာသီကုန်မှာ အသင်းပြောင်းမယ်လို့ ထုတ်ပြောလာတဲ့ အာဆင်နယ်ပစ်မှတ် နိုအာလန်း
အာဆင်နယ်အသင်းနဲ့ နာမည်ထွက်ခဲ့ပြီး အသင်းကြီးများစွာရဲ့ပစ်မှတဖြစ်တဲ့ ဘရုဂေး ကစားသမား နိုအာလန်းဟာ ရာသီကုန်မှာအသင်းက ထွက်ခွာမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
“ ကျွန်တော် အရိုးသားဆုံးဝန်ခံချင်ပါတယ်။ အခွင့်အရေးသာရမယ်ဆိုရင် လာမယ့်နွေရာသီမှာ အသင်းပြောင်းသွားမှာပါ “ လို့ ဆုပေးပွဲတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ရှာခါပြန်ကစားနိုင်ဖို့ အာတီတာမျှော်လင့်နေ
နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ ကိုဗစ်ပေါ့စတစ် ဖြစ်နေလို့ ချန်လှပ်ခံခဲ့ရတဲ့ ကွင်းလယ်ကစားသမားရှာခါဟာ နောက်ဆုံးစစ်ဆေးမှုတွေအရ ပြင်းထန်စွာခံစားရခြင်းမရှိတာကြောင့် အလျင်အမြန်ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ရှာခါရဲ့ ပြန်ကစားနိုင်မယ့်အနေအထားကို အာတီတာက အခုလိုပဲရှင်းပြခဲ့ပါတယ်။
အသင်းရဲ့ ဆရာဝန် က ဒီနေ့လာပြီး ဆုံးဖြတ်ချက်တစ်ခုကို ချပေးပါလိမ့်မယ်။ သူကစားနိုင်မလားဆိုတာကိုပေါ့။ စစ်ဆေးမှုတွေကတော့ ပြန်လုပ်ရမှာပါ။ ကျွန်တော်တို့မှာ မကစားနိုင်ဖြစ်နေတဲ့ သူတွေအများကြီးပါ။ သူတို့ကလည်း စိတ်အားထက်သန်သလို လေ့ကျင့်ရေးနဲ့ မကွာဝေးချင်ကြပါဘူး။ ဒါကြောင့် ဆရာဝန်တွေက လိုအပ်တဲ့စစ်ဆေးမှုတွေကို ပြုလုပ်နေပြီး ညွန်ကြားချက်တွေပေးနေရတာပါ လို့ ဆိုခဲ့ပါတယ်။