အမ်းမရိတ်မြက်ခင်းမှာ သုံးနှစ်ကြာခြေရာမထင်ခဲ့တဲ့  ဆာလီဘာကို မကြာခင်မြင်တွေ့‌ရတော့မှာလား

လာမယ်ရာသီမှာတော့ အာဆင်နယ်ဟာ ဆလီဘာကို အသင်းရဲ့လူစာရင်းမှာ ပါ၀င်ခွင့်ရဖို့ အခွင့်အရေးပေးသွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ပြင်သစ်‌သားဟာ ၂၀၁၉မှာ စိန့်အက်သီယန်ကနေ အာဆင်နယ်ကို ပေါင်၂၇သန်း ၀န်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဆာလီဘာဟာ လက်ရှိအချိန်အထိ အာဆင်နယ် စီနီယာ အသင်းကြီးအတွက် တစ်ပွဲမှ ပွဲထွက်ခွင့် မရရှိခဲ့သေးပါဘူး။ 

လက်ရှိမှာ ဆာလီဘာ ဟာ ပြင်သစ်ကလပ် မာဆေးလ်ကို အငှားထွက်ကစားနေတာဖြစ်ပြီး အငှားစာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ကစားသမားကို မာဆေးလ်က ခေါ်ယူဖို့ ကြိုးစားနေပြီး အာဆင်နယ်ကတော့ ဆာလီဘာကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ 

အာဆင်နယ်အသင်းရဲ့ တာ၀န်ရှိသူတွေဟာ အာတီတာကို သူ့ရဲ့ ပွဲထွက်လူစာရင်းမှာ ဆလီဘာကို ထည့်သွင်းစေချင်နေပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စိန့်အက်သီယန်ကို ပြန်အငှားထွက်ကစားခဲ့ရတဲ့ ဆလီဘာကို နောက်ဘောလုံးရာသီမှာ ပရိသတ်တွေက အာဆင်နယ်မှာ မြင်တွေ့ချင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအထိ သူဟာ အာဆင်နယ်အတွက် ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဆာလီဘာဟာ စိတ်ပျက်ခဲ့ပြီး သူ့ကို အာဆင်နယ်ကစားသမားအဖြစ် ထည့်တွက်သေးရဲ့လားဆိုတဲ့ မေးခွန်းတွေကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့ပါတယ်။ 

ဒီနောက်မှာတော့ နိုက်စ်၊ မာဆေးလ်တို့ကို ဆာလီဘာဟာ အငှားထွက်ကစားခဲ့ရပြန်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဆာလီဘာရဲ့ ခြေစွမ်းဟာ လူအများ သတိထားစရာဖြစ်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ကမ္ဘာကျော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ဘာပေတို့ကို ထိန်းချုပ်ပြခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းကို အားလုံးက ချီးကျူးခဲ့ကြပါတယ်။

Advertisements

အငှားကစားနေတဲ့ ဆာလီဘာရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး အနာဂတ်အစီအစဥ်ကို အာတီတာက ခုလို ပြောခဲ့ဖူပါတယ်။ 

အသင်းက သူ့ကို မနည်းလှတဲ့ ငွေကြေးပမာဏတစ်ခုနဲ့ သူ့ကို ခေါ်တယ်။ ပြီးတော့ အငှားချထားလိုက်တယ်၊ ဘာကြောင့်လဲဆိုတာတော့ နားလည်ဖို့ ၊ ရှင်းပြဖို့ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်” 

“သူနဲ့ပတ်သက်ပြီး ကိစ္စတွေအများကြီး ဖြစ်သွားခဲ့ပေမယ့် ဆာလီဘာဟာ ကျွန်တော်တို့ရဲ့ ရေရှည်လက်တွဲရမယ့် ကစားသမားဖြစ်ပါတယ်။ ကျွန်‌တော်တို့ သူ့ကို ကောင်းကောင်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်၊ သုံးလေးပွဲလောက် ပေးကစားလိုက်တာက သူ့အတွက် မလုံလောက်ပါဘူး” 

“ဆာလီဘာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကို သဘောကျတဲ့ သူဖြစ်ပြီး ကစားခွင့်ရဖို့ တကယ်လိုအပ်ပါတယ်။ဒီလို ကစားခွင့်ရဖို့ မာဆေးလ်ဟာ မှန်ကန်တဲ့ အသင်းလို့ ကျွန်တော်ထင်ပါတယ်။” 

မာဆေးလ်ကို သွားရတဲ့အပေါ် သူတကယ်ပဲ ပျော်ရွှင်နေပါတယ်။အဲ့ဒီမှာ ကစားခွင့်ရတာကို သူသေဘာကျပြီး နောက်ရာသီမှာ ကျွန်တော်တို့အတွက် အသင့်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်

အသင်းကို လူငယ်တွေနဲ့တည်ဆောက်ရင်း အရှိန်ရလာတဲ့အာဆင်နယ်မှာ ဆာလီဘာပြန်လည်ပါဝင်လာနိုင်ခြေရှိတယ်လို့ တော့ သုံးသပ်မှုတွေကဆိုပါတယ်။ လတ်တလော အာဆင်နယ်နဲ့အာတီတာတို့ရဲ့ခြေလှမ်းတွေကလဲ နားလည်ရတော့ခက်နေပါသေးတယ်။ ဆာလီဘာကတော့သူ့အလုပ်သူလုပ်နေရင်း လက်ရှိမှာ ပြစ်သစ်လီဂူး၀မ်းရဲ့ အကောင်းဆုံး ခံစစ်ကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားနေရပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: