နောက်ဆုံးရ အာဆင်နယ် သတင်းများ (12 Jan)

ကိုလာစီနစ်  ကို စိတ်ဝင်စားတဲ့အထဲ  နာပိုလီလဲ ပါဝင်လာ

Sky Sport ရဲ့ဖော်ပြချက်အရ   ကိုလာစီနက်ကို လိုချင်နေတဲ့အသင်းတွေထဲမှာ  စီးရီးအေကလပ် နာပိုလီလဲပါဝင်လာပြီလို့သိရပါတယ်။ ရာသီကုန်မှာစာချုပ်ကုန်မယ့်ကစားသမားဖြစ်လို့ အငှားနဲ့သာထွက်ခွာမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ တစ်ပတ် ပေါင် ၁၀၀၀၀၀ လုပ်အားခကို တစ်စိတ်တစ်ပိုင်းသက်သာသွားမှာဖြစ်ပါတယ်။ လတ်တလောမှာ ဝက်ဖို့ဒ် ၊ မာဆေးလ်နဲ့  အခုနောက်ဆုံး နာပိုလီတို့က ကိုလာစီနက်ကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

အာဆင်နယ်ဆီ လာချင်နေကြတဲ့ ဂျူဗီကစားသမားများ

Gazetto dello Sports ရဲ့ အဆိုအရ အာဆင်နယ်နဲ့သတင်းထွက်နေတဲ့  ဂျူဗင်တပ်စ်တို့ရဲ့  အာသာမယ်လို နဲ့ ကူလူဆက်စကီ နှစ်ဦးစလုံးဟာ လန်ဒန်အသင်းဆီကိုပြောင်းရွှေ့လိုကြတယ်လို့ သိရပါတယ်။  အာသာမယ်လိုဟာ  ဆီဗီလားအသင်းရဲ့  ချဥ်းကပ်မှုကိုလဲရရှိထားပေမယ့် အာဆင်နယ်အသင်းထံကိုသာပိုပြီးပြောင်းရွှေ့ချင်နေတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

ကြယ်ပွင့်လူငယ်ကို စာချုပ်ခေါ်ယူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဘရွန်းအသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ဘယ်နောက်ခံကစားသမားလေး  လင်နိုဒါ ခရုစ်  ကို စာချုပ်ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ဘရားဇီးနွယ်ဖွား နောက်ခံလူလေးဟာ အဂ်လန်လက်ရွေးစင်အသင်းရဲံ သက်တမ်းအလိုက်ပွဲတွေမှာ ပါဝင်ကစားထားပြီး ၊ ကလပ်အသင်းမှာလဲ သူ့ထက် အသက်ကြီးတန့်ကစားသမားတွေနဲ့အပြိုင်ခြေစွမ်းပြနေနိုင်တာဖြစ်ပါတယ်။ ဒီအကြောင်းကို ဝက်စ်ဘရွန်းနည်းပြ ပီတာဂီးဘတ်က အခုလိုပဲပြောပါတယ်။  “ လင်နိုက  တကယ့်ကိုထူးချွန်တဲ့အားကစားသမားပါဗျာ ၊ ပွဲကိုဖတ်နိုင်တယ် ၊ သိပ်ကောင်းတဲ့ဘယ်ခြေတစ်ချောင်းလဲရှိတယ်။ အသက် ၁၆ နှစ်လောက်ကစားသမားလေးက  တစ်ရာသီလုံး ၁၈ နှစ်အရွယ်တွေနဲ့အပြိုင်ကစားသွားတယ်ဆိုတာ ထူးခြားဖြစ်စဥ်တစ်ခုပါ။ သူ့မှာအလားအလာကောင်းတွေအပြည့်နဲ့ပါ  “  လို့  The Sun နဲ့တွေ့ဆုံစဥ်မှာ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

Advertisements

ဇန်နဝါရီမှာ ဆုံးဖြတ်ချက် မချချင်သေးတဲ့ အစ္စကို

ရီးရဲကစားသမား အစ္စကို ဟာ စပါးအသင်းနဲ့ အာဆင်နယ်တို့ရဲံ  စိတ်ဝင်စားမှုကိုရရှိနေပေမယ့်လည်း ဇန်နဝါရီမှာ  ဆုံးဖြတ်ချက်မချချင်သေးဘူးလို့  Marca ကဖော်ပြသွားပါတယ်။ အစ္စကို ဟာ ရာသီကုန်မှာ ရီးရဲအသင်းနဲ့စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ပွဲထွက်ခွင့်လဲ မရှီသလောက်နဲပါးနေပြီဖြစ်ပါတယ်။

ရှာခါကို မော်ရင်ဟို စိတ်မလျှော့သေး

ရိုးမားနည်းပြ မော်ရင်ဟို ဟာသူ့ရဲ့စိတ်ကူးထဲက လူစာရင်းကိုတည်ဆောက်ဖို့အတွက် အာဆင်နယ်ရဲ့  ရှာခါကို လိုချင်နေဆဲဖြစ်ကြောင်း 90 Min   ကရေးသားဖော်ပြသွားပါတယ်။  လတ်တလောမှာ အာဆင်နယ်ရဲ့နိုင်းလ်စ် ကိုအငှားနဲ့ခေါ်ယူထားခဲ့ပြီး  ရောက်ရောက်ချင်းမှာပဲ  အရေးကြီးတဲ့ပွဲကို  ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ မော်ရင်ဟိုက   အသင်းသားတွေရဲ့  စိတ်ဓါတ်ပိုင်းကို ဝေဖန်သွားခဲ့ပါတယ်။

အီဒူးနဲ့ ဒေးဗစ်ရဲ့ အေးဂျင့်တွေ  ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ တွေ့ဆုံပြီးသားလို့ဖော်ပြ

Football London ရဲ့ဖော်ပြချက်အရ  အီဒူး ဟာ  လိုင်လီတိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ရဲ့ အေးဂျင့်နဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာတွေ့ဆုံခဲ့တယ်လို့  သိရပါတယ်။  ပြင်သစ်လိဂ်မှာ  ၁၉ ပွဲကစားပြီး ၁၂ ဂိုးသွင်းထားတဲ့တိုက်စစ်မှုးဟာ  အာဆင်နယ်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပြီး ဗလာဟိုဗစ်နဲ့အဆင်မပြေတာနဲ့ စာချုပ်ဖြစ်ဖို့များသူအဖြစ် သတင်းတွေက ရေးသားဖော်ပြနေကြတာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: