အာဆင်နယ်ရဲ့ အနာဂတ်အသင်းခေါင်းဆောင်က ရမ်းစ်ဒေးလ်လား

အာရွန်ရမ်ဒေးလ်ဟာ အသင်းအတွက် အလွန်ကို အရေးပါတဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်ဆိုတာကို သူ့ရဲ့ လက်စွမ်းတွေအရ အထူးတလည်ပြောစရာ မလိုလောက်တော့ပါဘူး။ ဒါဟာ သတင်းတို့နဲ့ဆောင်းပါးရှည်မျိုးစုံမှာ အကြိမ်ပေါင်းများစွာဖတ်ရှုပြီးခဲ့တဲ့သတင်းဖြစ်ပါတယ်။ ဒါပေမယ့် အပတ်တိုင်းမှာ သူ့နဲ့ပတ်သတ်တဲ့ပြောစရာကရှိနေခဲ့ပါတယ်။ နော်တန်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံပေါ်က သူ့ရဲ့ အပြုအမူတွေက သူဟာ အသင်းရဲ့ အနာဂတ်ခေါင်းဆောင်လောင်း ဆိုတာကို သက်သေပြခဲ့ပါတယ်။ 

ရမ်‌ဒေးလ်ဟာမြက်ခင်းစိမ်း‌ပေါ်မှာ ကစားနေရချိန်ဆိုရင် ကိုယ့်အသင်းဂိုးမပေးရအောင် အစွမ်းကုန် ကြိုးစားသလို နောက်ခံကစားသမား‌တွေကိုလည်း အမြဲညွှန်ကြားနေတတ်သူဖြစ်ပါတယ်။ နောက်တန်းရဲ့ ပေါ့လျော့မှုကြောင့် ဂိုးပေးလိုက်ရပြီဆိုရင် စီနီယာသမားတွေကိုလည်း ဆူဖို့ ကြောက်နေတတ်တဲ့သူ မဟုတ်ပါဘူး။ ရမ်ဒေးလ်ဟာ ဦးဆောင်မှုကြောင့် အာဆင်နယ်ခံစစ်ဟာပိုပြီး ကောင်းလာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ 

ဒီပွဲစဉ်မှာ ရမ်ဒေးဟာ အရန်ခုံမှာပဲ ထိုင်ခဲ့ရပြီး အာတီတာဟာ လီနိုကို ပွဲထုတ်ခဲ့ပါတယ်။ ပထမပွဲထွက်လူစားကနေ အနားပေးခံထားရခဲ့ပေမယ့် အာရွမ်ရမ်ဒေးလ်ဟာ အရန်ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး အနားယူနေခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။သူဟာ ကွင်းဘေးကနေ အသင်းဖော် လီနိုကို အော်ဟစ်ပြီး အားပေးနေခဲ့တာတွေ့မြင်ခဲ့ရပါတယ်။ 

Advertisements

လီနိုဟာလည်း ဒီပွဲစဉ်မှာ ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံက ဆိုးရွာနေခဲ့တာကြောင့် ဂရက်ဘန်းရဲ့ နောက်ကျဂိုးကို ခွင့်ပြုခဲ့ရပြီး အသင်းဟာလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

အသင်းအတွက် စိတ်ပျက်စရာ ရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပေမယ့် အကောင်းမြင်စရာ ဖြစ်ခဲ့တာကတော့ ရမ်ဒေးလ်ရဲ့ လုပ်ရပ်တွေပါပဲ။ အာတီတာဟာ အူဘာမီယန်းကို အသင်းခေါင်းဆောင်အဖြစ်ကနေ ရပ်စဲခဲ့ပြီးနောက် လာကာဇက်ကို ကပ္ပတိန်လက်ပတ် လွှဲပြောင်းပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်  ယာယီသဘောသာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အသင်းမှာ အနာဂတ်မသေချာသေးတဲ့အနေအထားဖြစ်ပါတယ်။

ဒီလို စိတ်ဓာတ်ပြင်းထန်မှု၊ အသင်းကိုဦးဆောင်နိုင်မှုတွေကြောင့် အသင်းရဲ့ ပရိသတ်တွေက သူ့ကို ပိုပြီးသဘောကျခဲ့ရသလို ရမ်ဒေးလ်ဟာ အာဆင်နယ်ရဲ့ အနာဂတ်အသင်းခေါင်းဆောင်လောင်းလို့ ပရိသတ်တွေကတော့ ချီးကျူးပြောဆိုနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်အချိန်တွေတုန်းက အသင်းအတွက်ပြသနာဖြစ်ခဲ့တဲ့ Passionate Player မရှိတဲ့ကိစ္စတစ်ခုကတော့ပြေလည်ခဲ့ပြီဆိုလို့ရပါတယ်။ ကွင်းဘေးကနေတောင် အသင်းအတွက် ကစားနေသူရှိခဲ့ပြီပဲမဟုတ်လား။

Advertisements
Advertisement

Leave a Reply

%d bloggers like this: